17 January 2017

“လူကုန်ကူးခံရသူ ၄ဦးအားမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်”



                           
၂၀၁၇  ဇန်န၀ါရီလ ၁၇
ကိုတီး

            ရနောင်းအခြေစိုက်ထိုင်းအာဏာပိုင်များက ကော့သောင်းအခြေစိုက်မြန်မာအစိုးရ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ စူရတ်ဆောက်လုပ်ရေးဆိုဒ်တွင် လူကုန်ကူးခံခဲ့ရ သည့် မြန်မာအလုပ်သမား ၄ဦးတို့အား ယနေ့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါသည်။

           ဇန်န၀ါရီလ ၈ ရက်နေ့တွင် မြ၀တီလူကုန်တားတပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး မိုးဇော်သိန်း က MAT အဖွဲ့မှ တစ်ဆင့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးထောက်လှမ်းရေးတပ်ဖွဲ့ DSI ထံသို့ ပဲခူးတိုင်း သနပ်ပင် မြို့နယ်၊ ကသစ်ခုန်ကျေးရွာ မှ အဖ ဦးတင်ဝင်း ၏သား အသက် ၃၁ နှစ်အရွယ် ကိုထွန်းထွန်းဝင်း အား ကယ် ထုတ်ပေးပါရန် ရေးသားပေးပို့လာခဲ့ပါသည်။ 


   ထို့ကြောင့် MAT အဖွဲ့ကအလျှင်အမြန်ဘာသာပြန်ဆိုပြီး DSI နှင့် စည်းဝေးတိုင်ပင်ကာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်နေ့က        ကယ်ထုတ်နိုင်ခဲ့ပါသည်။ ယခုလူကုန်ကူးမှုနှိမ်နင်းခြင်းကို ထိုင်းအစိုးရလူကုန်ကူးမှုတိုက် ဖျက်ရေးအထူးထောက် လှမ်းရေး Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice  မှ Chief of Prevention and Suppression Div. 2… Pol. Maj. Jatuporn  Arunleaktawin   နှင့် စူရတ်မြို့မှ လ၀က အရာရှိ Pol Col WANCHANA BOWONBOON  တို့က အရေးတယူ အလျှင်အမြန် ပူးပေါင်းဆောင်ရွက် ခဲ့ပါသည်။

            မူလ ကယ်ထုတ်စဉ်က လူကုန်ကူးခံရသူအဖြစ် ၃ဦးကိုသာ သတ်မှတ်ခဲ့သော်လည်း ထိုင်းအာဏာပိုင်များ စစ်ဆေးချက်အရ ပဲခူးတိုင်းသနပ်ပင်မြို့နယ်၊ကပင်ကျွေးရွာဦးလှထူး +ဒေါ်တင်ကြိုင် တို့၏သား အသက် ၁၈နှစ် အရွယ်  ဟိန်းထက်ထွန်း၊ ဆိုသူပါ လူကုန်ကူးခံသူ   ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

          MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ လုပ်ရိုးလုပ်စဉ်အတိုင်းဆိုရင် ဒီအလုပ် သမားတွေဟာ ကယ်ဆယ်ရေးစခန်းမှာ ၆လ၊ ၉၊လကြာနေတတ်တယ်။ လုပ်အားခလည်းမရ၊ အပြင်လည်းမသွားရ၊ ထောင်ကျ နေသလိုပဲလေ။ သူတို့ကိုခိုင်းစေတဲ့ လုပ်ငန်းရှင်ကို လုပ်အား ခတွေရှင်းစေတယ်။ သူတို့ကို တရားမ၀င်ဝင်ရောက်မှုနဲ့ ဒဏ်ငွေရိုက်တယ်။ ကျနော်တို့ကတာ့   မြန်မာအလုပ်သမားတွေ လုပ်အားခမရပဲ၊ မျှော်လင့်ချက်မ ရှိပဲ ကျေးကျွန်သဖွယ်အခိုင်းခံနေ ရာက ကိုယ့်ရပ်ဒေသကိုအလျှင်အမြန်ပြန်ခွင့်ရတာကိုပဲ ကျေနပ်ပါတယ်၊ ပွဲစားတွေကို အရေးယူဖို့အပိုင်းကတော့ မြန်မာလူကုန်တားဘက်ကပဲလုပ်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

       ယခုပြန်ပို့သူများမှာ ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ကသစ်ခုန်ကျေးရွာ ကိုထွန်းထွန်းဝင်း ၃၁၊နှင့်တရွာ တည်း မှ  ဖိုးကစိ ၂၀နှစ်၊ ရှမ်းပြည်နယ် မိုးကုတ်မြို့မှ အသက် ၂၀ အရွယ် ကိုအောင်ကျော် နှင့် ပဲခူးတိုင်း သနပ်ပင်မြို့ နယ်၊ကပင်ကျေးရွာမှ  အသက် ၁၈နှစ်အရွယ်  ဟိန်းထက်ထွန်း၊ ဆိုသူတို့ဖြစ်ပါသည်။

       ၎င်းတို့က …မြ၀တီမြို့………..ရပ်ကွက်မှ ………က ဘတ်ငွေ ၁၈၀၀၀ လုပ်၍ ဆပ်ရမည်၊ ပတ်စပို့ လုပ်ပေးမည်ဟုဆိုကာ အလုပ်သမားများကို ပြောဆိုစည်းရုံး၍ ပို့ဆောင်ခဲ့သော်လည်း ၁၀လတာကာလအတွင်း လုပ်အားခလုံးဝမရရှိဟု အလုပ်သမားများကဆိုသည်။ ရောင်းစား ခံထားရသည့် အလုပ်သမားများ၏ လုပ်အားခ ကို မြန်မာပွဲစားမ……… သူက လာရောက်၍ ထုတ်ယူလေ့ရှိကြောင်း အလုပ်သမားများက ပြောပါသည်။

         လူကုန်ကူးမှုအဆိုးဝါးဆုံးနိုင်ငံအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်က ထုတ်ပြန် ကြေညာခြင်းခံထားရသည့် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းကို ယခင်ကျင့်သုံးလာခဲ့ သည့်နည်းဗျူဟာများထက် သာလွန်ကောင်းမွန်သည့် အစီအမံ များချမှတ်ဆောင်ရွက်သင့်ကြောင်း၊  ဦးကျော်သောင်း က အကြံပြုပြောဆိုထားပါသည်။

         ယခု ကယ်ထုတ်မှုသည် MAT အဖွဲ့၏ ၂၀၁၇ ခုနှစ်အတွက် ပထမဦးဆုံး လူကုန်ကူးမှုဖြစ် ပါသည်။ MAT အဖွဲ့သည် ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးမှု ၂၇ ကြိမ်နှိမ်နင်းရာတွင် လူကုန်ကူး ခံရသူပေါင်း ၃၄၇ဦးကို ကယ် ထုတ်နိုင်ခဲ့ပါသည်။ တပြိုင်တည်းတွင်လူကုန်ကူးဂိုဏ်းခေါင်းေ ဆာင်အပါအ၀င်လူကုန်ကူးသူပေါင်း ၁၀ဦးကို တရားစွဲဆိုနိုင်ခဲ့ပါသည်။