20 January 2017

“ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တာဝန်ကျေတဲ့အစိုးရဖြစ်စေချင်တယ်”



    
                         
           ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက်  Certificate Identity…CI စခန်း ၆ခု ဖွင့်လှစ်ဖို့အတွက် မြန်မာအစိုးရက လေလံစနစ်နဲ့ စီစဉ်ခဲ့တယ်။ ထိုင်းအစိုးရကခွင့်ပြု ထားပြီး
ဖြစ်သလို လုပ်ပိုင်ခွင့်ရထားသူတွေဘက်ကလည်းစခန်းတွေ အဆင်သင့်ဖြစ်နေကြပြီ။ငွသွင်း မယ့် ဆဲဗင်းအလဲဗင်းနဲ့လည်း စာချုပ်ချုပ်ပြီးပြီ။ မြန်မာအစိုးရဘက်က CI လုပ်မယ့်ဝန်ထမ်းတွေ မရောက်လာကြသေးပါ။ မြန်မာအလုပ်သမားတွေမျှော်တော်ဇာနဲ့မောခဲ့ရတာကြာပြီ။


      စခန်းပိုင်ရှင်တွေ ဘတ်၂သန်း(ကျပ်ငွေသိန်း၇၀၀) တင်ထားကြရတယ်။ ၀န်ဆောင်မှုကိုမြန် မာအစိုးရက ထုတ်ပေးထားတယ်။ ပွဲစားတွေနဲ့ CIစခန်းက၀န်ထမ်းတွေ ဇယားမရှုတ်ရ။ စည်း ကမ်းချက်တွေကို ဖေါက်ဖျက်ပါက ဒီငွေတွေကို ပြည့်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမယ်လို့ စာချုပ် မှာပါတယ်။ မြန်မာအလုပ်သမားတွေ တရားဝင်ကုန်ကျမယ့်ငွေတွေက (ဆဲဗင်းအလဲဗင်းမှာ ၃၁၀ဘတ်+ဗီဇာ၅၀၀+နယ်ကျော်ခွင့် ၁၀၀ဘတ်) သာကုန်ကျမှာဖြစ်ပါတယ်။

         ဒါပေမယ့် အပြင်မှာပွဲစားတွေဈေးခေါ်နေတာက (ဘတ်ငွေ ၃၀၀၀ ကနေ ၅၀၀၀အထိ) ကြားသိရတယ်။ ပွဲစားမပါရင်မပြီးပေမယ့် ဘာပဲပြောပြော ၂၀၁၂ ကာလတုန်းကမြန်မာနဲ့ ထိုင်း အစိုးရတို့ ပတ်စပို့ထုတ်ပေးခဲ့တုန်းကထက်၊ ထက်ဝက်ကျော်လောက် ဈေးလည်းသက်သာနေ၊ လွတ်လွတ်လပ်လပ်လည်း သွားလာခွင့် ရှိတယ်ဆိုတာကြောင့် မြန်မာအလုပ်သမားတွေ စိတ် ၀င်စားနေကြပါတယ်။

      ၂၀၁၂ ခုနှစ် ပတ်စပို့ထုတ်ပေးတုန်းက ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတဲ့
 မောထော (Name List) အလုပ်သမားတစ်ယောက်အတွက်ဘတ်ငွေ ၁၀၀၀စီ ဟိုတယ်တစ်ခု မှာ သီးသန့်လက်ခံခဲ့တာကြောင့်ထိုင်းDOE တစ်ယောက်အကြီးအကျယ်ချမ်းသားသွားခဲ့တယ်။ အလားတူ မြန်မာသံရုံးနဲ့နီးစပ်တဲ့ ၀န်ထမ်းတွေ၊ ပွဲစားတွေ အကြီးအကျယ်ချမ်းသာသွားခဲ့ကြပါ တယ်။

        တစ်ချိန်းတည်းမှာပဲ အလုပ်သမားတစ်ဦးစီအတွက် Bio Data မိတ္တူကူးခ ဆိုပြီး ကျပ်ငွေ ၁၅၀၀ စီကို မြန်မာဗိုလ်မှူးဟောင်း တစ်ယောက်ဟာ ပတ်စပို့လုပ်တဲ့ မြန်မာအလုပ်သမားတစ် သန်းခွဲအတွက် (ကျပ်သိန်းပါင်း နှစ်သောင်းကျော်) ကိုအမြတ်ထုတ်သွားခဲ့တယ်။ အဲဒီဗိုလ်မှူး
 ကောက်သွားတဲ့ Bio Data တွေဆိုတာ လက်ရှိဘယ်မှာရှိသလဲ။ 

       မြန်မာသံရုံးမှာကော နေပြည်တော်အစိုးရဆီမှာပါ မရှိတော့ပါ။  တာဝန်ခံသူလည်းရှိမည် မထင်ပါ။ လုပ်ကိုင်ခွင့်နဲ့ အလုပ်သမားတွေအပေါ်မှာ ဂွင်ဖန်ပြီးမတရား ဂုတ်သွေးစုတ်သွားတဲ့ လုပ်ရပ်ကို သိရှိသူတွေမကျေနပ်ကြပါ။ ယခုစခန်းဖွင့်ဖို့ကြာနေတာဟာ အယင်လိုပဲ Bio Data အကြောင်းပြပြီး စားကွက်ဖန်တီးနေကြသလားလို့ CI နဲ့သက်ဆိုင်သူအားလုံးက သံသယဖြစ် တဲ့အသံတွေကြားနေကြရတယ်။

                                   “ပြည်သူအားကိုးရတဲ့အစိုးရဖြစ်သင့်ပြီ”
         ပြည်ပရောက် မြန်မာတွေအပေါ်မှာ မြန်မာသံရုံးတွေက ဘယ်လိုဆက်ဆံတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဘယ်လိုမောက်မာတယ်။ ဘယ်လိုတာဝန်မဲ့ခဲ့ကြတယ်ဆိုတာတွေအား လုံးကြုံဖူးကြပါတယ်။ အဲဒါကြောင့် ဘာကိုသွားအားကိုးရမလဲ။ စနစ်တကျဆိုတာ တစ်သက်လုံး မရှိခဲ့တဲ့အစိုးရလို့ လူတိုင်းဆဲခဲ့ကြတယ်။ ဒါတွေကို အတိတ်မှာထားခဲ့ချင်တယ်။ NLD အစိုးရ လက်ထက်မှာ နိုင်ငံခြားက ငွေရှာပို့နေတဲ့ လုပ်သားထုကြီးကို တန်ဖိုး ထားသင့်ပါပြီ။

                                 “ထိုင်းအစိုးရစိတ်ပြောင်းသွားမှဖြင့်”
   အခု ထိုင်းနိုင်ငံမှာ ပန်းရောင်ဘတ်ကဒ်လုပ်ထားတဲ့ အလုပ်သမားတွေက တစ်သန်းနီးပါး၊ ခရမ်းရောင်ပတ်စပို့ စာအုပ်(၄နှစ်ဗီဇာကုန်) စာအုပ်က တစ်သန်းနီးပါးရှိပါတယ်။ ၆နှစ်သက် တမ်းကုန်သွားတဲ့သိန်းချီတဲ့အလုပ်သမားတွလည်းရှိပါတယ်။ 


       ရက်ပိုင်းအတွင်း ဇန်န၀ါရီလထဲမှာကုန်ကြတော့မယ်။ CI စာအုပ်စခန်းတွေဖွင့်ဖို့ ထိုင်း ဘက်က အဆင်သင့်ဖြစ်နပြီ။ မြန်မာဘက်ကမဖွင့်နိုင်သေး။ ဗမာဘက်ကမဖွင့်ပေးလို့ ပန်းရောင်ဘတ်ကဒ်တွေ တဖြည်းဖြည်းနထိုင်ခွင့်တွေကုန်လာရင် ထိုင်းအလုပ်ရှင်တွေ ရဲ့တောင်းဆိုချက်အရ ထိုင်းအစိုးရကထပ်ပြီးတော့တိုးပေးမယ်။ မြန်မာအလုပ်သမားတွေ ထပ်ပြီးတော့ ပိုက်ဆံကုန်ကြရအုံးမယ်။ ကျနော်တို့ NLD အစိုးရ အဖြေရှာပေးပါ။ 

       ထိုင်းမှာလက်ရှိအုပ်ချုပ်နေတဲ့အစိုးရက အာဏာသိမ်းစစ်အစိုးဖြစ်တယ်။ ထိုင်းအစိုးရ စိတ်ပြောင်းသွားလို့ အမြင်ကပ်ပြီး CI စခန်းတွေ ပိတ်စမ်းကွာလို့ပြောလာရင်တော့ အလုပ်သ မားတွေ အကြီးအကျယ်နစ်နာသွားနိုင်ပါတယ်။ အလုပ်သမားထုကတော့ မြန်မြန်လုပ်ပေးဖို့သာ အရေးတကြီးလိုအပ်နေကြတာပါ။ 

         အဖန်တရာ အကုန်အကျများနေကြတဲ့ မြန်မာအလုပ်သမားတွေကတော့ပန်းရောင်ဘတ် ကဒ်တစ်ခုတည်းမှာ လွတ်လပ်စွာခရီးသွားလာခွင့်ပြုတာကို တစ်နေ့နေ့မှာ၊ကာလတစ်ခုခုမှာ   ဖြစ်လာမယ်လို့ယုံကြည်နေကြတယ်။ 

                                    “မြန်မာအလုပ်သမားများအိမ်ပြန်နည်း”
        ၂၀၁၀ နောက်ပိုင်းမှာ မြန်မာအတော်များများက သင်္ကြန်ဆိုရင် ရွာကိုခဏပြန်ကြတယ်။ ဒီနှစ်ဘယ်လို ပြန်ကြမလဲ။ ဖေဖေါ်ဝါရီလ နဲ့မတ်လမှာ သန်းချီတဲ့အလုပ်သမားတွေကို CI ထုတ်   ပေးလို့ မပြီးနိုင်တာသေချာပါတယ်။ အလုပ်သမားတွေ စိတ်ညစ်နေကြတယ်။ 

        ပန်းရောင်ဘတ်ကဒ်သမားတွေ အိမ်ကိုပြန်နေရတဲ့ နည်းလမ်းက ဘတ် ၂၅၀၀ ပေးပြီး အဖမ်းပြပြီး၊ မြ၀တီ တရောက်ပို့ပေးတယ်။ နောက်တစ်နည်းက သံရုံးမှာအိမ်ပြန်ထောက်ခံစာ ယူရတယ်။ တရားဝင် ဘတ်ငွေ ၁၅၀ ပေးရပေမယ့် ဘတ်ငွေ ၆၅၀ ထိအလုပ်သမားတွေကုန်ကျ တယ်။ မြို့နယ်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ လုပ်ငန်းရှင်ဆီက ထောက်ခံစာယူရပါတယ်။ ဒီ ထောက်ခံစာ ၃ရွက်နဲ့ သွားတဲ့အခါ မဲဆောက်မရောက်ခင် တောင်ပေါ်ဂိတ်တွေမှာ အသွား အပြန် ဘတ်ငွေ ၁၆၀၀ လောက်ကုန်ကျတတ်ပါတယ်။ ဒါတွေက ကားခစားစ ရိတ်မပါပဲ ကုန်ကျ တဲ့စရိတ်ဖြစ်ပါတယ်။

                                                   မြတ်ညို