14 January 2017

“ဓါတ်လိုက်သေဆုံးသည့်မြန်မာအလုပ်သမားအတွက် ဘတ်ငွေလေးသိန်းခွဲရရှိ”




၂၀၁၇ ဇန်န၀ါရီ ၁၄ ရက်
ကိုတီး

      ကာဖင်ပူလီတွင်ရှိသော ငါးဖမ်းပိုက်၊ချည်နှင့်ကြိုးများထုတ်လုပ်သည့် အလုပ်ရုံတွင် ဓါတ် လိုက်သေဆုံးခဲ့ သည့်မြန်မာ အလုပ်သမားတစ်ဦးအတွက် နစ်နာကြေးငွေဘတ်ငွေ လေးသိန်း ခွဲအားယနေ့တွင်ရရှိ လိုက်ပြီဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။ 

          ၁.၅.၂၀၁၆ နေ့ ညဥ့်အချိန်ပိုအလုပ်လုပ်ချိန်တွင် ဓါတ်လိုက်၍သေဆုံးသူမှာ ပဲခူးတိုင်း၊
 ကျောက်တံခါး မြို့နယ်၊ တောကျွဲအင်းကျေးရွာမှ၊ အသက် ၃၈ နှစ်အရွယ်၊ ကိုကြည်စိုးခိုင်
 ဖြစ်ပါသည်။ အလုပ်ရုံမှ တာဝန်ယူမှု တစ်စုံတစ်ရာမရှိသဖြင့် MAT အဖွဲ့ကသွားရောက်ဖြေရှင်း ရာ အလုပ်ရုံပိုင်ရှင်က “ပိုင်လျှင်လုပ်လိုက်လေ၊ ငါတော့ တစ်ပြားမှ အလျှော်မပေးဘူး” ဟူ၍   မောက်မာစွာပြောဆို၍ငြင်းဆန်ခဲ့သည်။ 


           ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ကလည်း ဆယ်စုနှင့်ချီ၍ပူး ပေါင်းဆောင်ရွက်နေကြသည့် ထိုင်းရှေ့နေများကောင်စီအဖွဲ့ ဝင်ရှေ့နေအဖွဲ့ နှင့် ညှိနှိုင်း၍ နစ်နာကြေးရရှိစေရန် ကြိုးစားဆောင်ရွက်ခဲ့သဖြင့် ယန့တွင် နစ်နာကြေး ရရှိခဲ့ပြီးဖြစ်ပါသည်။

      နစ်နာကြေးလက်ခံရရှိသူ၊ အိမ်ထောင်သက် ၁၇နှစ်ကြာပေါင်းသင်းနေထိုင်ခဲ့ပြီး ကလေး ၃ဦးရှိတဲ့  ဒေါ်နုနုစိုး က “သူဌေးက တစ်ပြားမှမပေးဘူး၊ ပိုင်ရင်လုပ်လိုက်လေတဲ့။ နစ်နာကြေး ရအောင်ကူညီပေးခဲ့တဲ့ MAT အဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ကျမသားသမီးတွေအတွက်သုံးရ တာပေါ့” ဟုပြောသည်။

MATအဖွဲ့ဒါရိုက်တာဦးကျော်သောင်းက“သေမှုသေခင်းတွေမှာ မြန်မာသံရုံးတာဝန်ရှိသူတွေက
 ရှေ့က ဦးဆောင်ပြီးလုပ်မယ်ဆိုရင် ဒီထက်မက နစ်နာကြေးရနိုင်ပါတယ်။ ခုဟာက  ရှေ့နေငှါး ခပေးရတော့ နစ်နာသူ တွေအပြည့်အ၀မရတဲ့အတွက်တော့စိတ်မကောင်းဘူး။ သိပ်မကြာတော့ တဲ့အချိန်မှာ ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် မြန်မာသံရုံးမှာရှေ့နေငှါးထားမျိုးရှိ လာလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။၂၅.၆.၂၀၁၆ နေ့က အမေစုနဲ့ တိုက်ရိုက်ပြောခွင့်ရတုန်း က ထိုင်းရောက်အလုပ်သမားတွေကိုကူညီဖို့ လိုအပ်ချက်တွေကို တင်ပြခဲ့ပါတယ်။ အခု(၇) လ  ကြာသွားပြီး အကောင်အထည် တစ်စုံတစ်ရာပေါ်တာတော့ မတွေ့ရသေးဘူး” ဟုပြောသည်။

           





















          ပြီးခဲ့သည့်၂၀၁၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က မြန်မာသံရုံးအစည်းဝေးခန်းမထဲတွင် အလုပ်သမားအရေးလုပ်သည်ဆိုသည့် အဖွဲ့(၁၃) နှင့် တွေ့ဆုံခွင့်ပြုခဲ့စဉ်က MAT အဖွဲ့မှ အကြံေ ပးရှေ့နေ ဦးအောင်မျိုးသန့် နှင့် ဒါရိုက်တာ ဦးကျော်သောင်း တို့ပါဝင်ခဲ့ပါသည်။ ထိုစဉ်က ဦးကျော်သောင်း ကအချက် ၃.ခုကို တင်ပြတောင်းဆိုခဲ့ပါသည်။ 

         ၎င်းတို့မှာ။ (၁) လက်ရှိ စင်္ကာ ပူနိုင်ငံသားများကိုင်ဆောင်နေသည့် ID မှတ်ပုံတင် ကဒ်ပြားအတိုင်း ဂျပန်ကုမ္ပဏီ ၃.ခု က   မြန်မာတစ်နိုင်ငံလုံးကို အခမဲ့လုပ်ပေးမည့်ကိစ္စ အမေစု စဉ်းစားပေးရန်။ (၂) ထိုင်းရောက် အလုပ်သမားများအတွက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးတွင် (မြန်မာရှေ့နေ၊ လူကယ်ပြန်၊ လူကုန်တား၊ အလည နှင့် ထိုင်းအခြေစိုက်အလုပ်သမားရေးလုပ် သည့် အင်ဂျီအိုနှင့်အဖွဲ့ အစည်းများ) ပူးပေါင်း၍ တရားဝင်ရုံးခန်းဖွင့် လှစ်ဆောင်ရွက်ရန်) နှင့်
 ခေါင်းပုံဖြတ်ခံရမှုကင်းမဲ့ပြီး စစ်မှန်သော အလုပ်သမားတင်ပို့ရေးလုပ်ငန်းစဉ်အတွက် (၃) ရပ်ကြေး+အလည+ဘဏ်= MOU စနစ်ဖြင့် ပို့ဆောင်သင့်ကြောင်းတို့ကို တင်ပြခဲ့ပါသည်။
 
          ယခုအခါ မြန်မာနိုင်ငံ နေပြည်တော်၊ မန္တလေးနှင့်ရခိုင်ဒေသတို့တွင် ID မှတ်ပုံတင် စနစ်ကို စမ်သပ်အကောင်အထည်ဖေါ်နေပြီဖြစ်ကြောင်း ကြားသိရသဖြင့် အမေစု နှင့် နိုင် ငံတော်အစိုးရတို့အား အလွန်ကျေးဇူးတင်ကြောင်း ဦးကျော်သောင်း ကပြောပါသည်။