10 January 2017

“ဆောက်လုပ်ရေးဆိုဒ်တွင်ရောင်းစားခံနေရသူ၃ဦးကိုMAT ကယ်ထုတ်”



                    
၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်
ကိုတီး

        ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ချိုင်ယာမြို့၊တလုပ်ရွာရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ၁၀လ ကြာရောင်းစားခံနေရသည့် မြန်မာ၃ဦးအား ထိုင်းနှင့်မြန်မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့များနှင့် MAT အဖွဲ့တို့က ယနေ့ကယ်ထုတ်နိုင်ခဲ့ပါသည်။

      မြ၀တီလူကုန်တားတပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး မိုးဇော်သိန်း က ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူး ထောက်လှမ်းရေးတပ်ဖွဲ့ DSI ထံသို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT မှတစ်ဆင့် ပေးပို့အကူညီတောင်းခံခဲ့ပါသည်။ 


        မြ၀တီလူကုန်တားတပ်ဖွဲ့စိတ်မှူးပေးပို့လာရာတွင် ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ကသစ်ခုန်ကျေးရွာ မှ အဖ ဦးတင်ဝင်း က သူ၏သား အသက် ၃၁ နှစ်အရွယ် ကိုထွန်းထွန်းဝင်း အား ကယ်ထုတ်ပေးပါရန် ရေး သားပေးပို့ လာခဲ့ပါသည်။ အဆိုပါ အကူညီတောင်းစာအား ဇန်န၀ါရီလ ၈ ရက်နေ့တွင် MAT အဖွဲ့က လက်ခံရရှိခဲ့ပါသည်။ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ကိုထွန်းထွန်းဝင်ထံသို့ ဆက်သွယ်၍ လိုအပ်သည့်အချက် အလက် များအားအားမေးမြန်းစုံစမ်းကြည့်ရာတွင် ၎င်းကဲ့သို့ ရောင်းစားခံနေရ သူနောက်ထပ် ၂ဦးပါရှိကြောင်း သိရှိခဲ့ရပါ သည်။ ထို့ကြောင့် အလျှင်အမြန်ဘာသာပြန်ဆိုပြီး DSI နှင့် စည်းဝေးတိုင်ပင်ကာ ယနေ့နံနက် ၅နာရီက စတင် ၍ ဘန်ကောက်မြို့မှထွက်ခွာခဲ့ကြပါသည်။ 

        MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ ထိုင်းတောင်ပိုင်းမှာမိုးရွာလို့ ရေကြီးနေတယ်။ ရာသီဥတု မကောင်းဘူး။ ဒါပေမယ့် ထိုင်းအစိုးရ အထူးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့က လိုလိုလားလား ချက်ခြင်းသွားကြ ရအောင်လို့ ပြောလို့ ကျနော်တို့ ကယ်တင်နိုင်လိုက်တာပါ။ ဒီလူကုန်ကူးဂိုဏ်းက မြ၀တီက ၀ါရင့်တဲ့ ဂိုဏ်းတစ် ဂိုဏ်းက ရောင်းစားထားတာဖြစ်ပါတယ်။ ဘာပြောပြော ၁၀လကျော်ကြာ ရောင်းစား ခံနေရ တဲ့ ကလေးတွေကို ကယ်ထုတ်နိုင်လိုက်ပါပြီ” ဟုပြောသည်။

      လွတ်မြောက်လာသူများမှာ ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ကသစ်ခုန်ကျေးရွာ ကိုထွန်းထွန်းဝင်း ၃၁ နှစ်   နှင့် တရွာ တည်းမှ  ဖိုးကစိ ၂၀ နှစ်နှင့် ရှမ်းပြည်နယ် မိုးကုတ်မြို့မှ အသက် ၂၀ အရွယ် ကိုအောင်ကျော် ဆိုသူတို့ဖြစ်ပါ သည်။ ၎င်းတို့က …မြ၀တီမြို့………..ရပ်ကွက်မှ ……………က ဘတ်ငွေ ၁၈၀၀၀ လုပ်၍ ဆပ်ရမည်၊ ပတ်စပို့ လုပ်ပေးမည်ဟုဆိုကာ အလုပ်သမားများကို ပြောဆိုစည်းရုံး၍ ပို့ဆောင်ခဲ့သော်လည်း ၁၀လတာကာလအတွင်း လုပ်အားခလုံးဝမရရှိဟု အလုပ်သမားများကဆိုသည်။ ရောင်းစားခံထားရသည့် အလုပ်သမားများ၏ လုပ်အားခ ကို မြန်မာပွဲစားမ……… သူက လာရောက်၍ ထုတ်ယူလေ့ရှိကြောင်း အလုပ်သမားများက ပြောပါသည်။

         လူကုန်ကူးမှုအဆိုးဝါးဆုံးနိုင်ငံအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်က ထုတ်ပြန် ကြေညာခြင်းခံထားရသည့် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းကို ယခင် ကျင့်သုံးလာခဲ့သည့်နည်းဗျူဟာများထက် သာလွန်ကောင်းမွန်သည့် အစီအမံများချမှတ်ဆောင်ရွက်သင့်   ကြောင်း၊ ယခုအတိုင်း ဆက်လက် လည်ပတ်နေ၍မဖြစ်ကြောင်း၊ ဌာနတွင်းနှင့် စီမံခန့်ခွဲမှုများမှအစ ပြု    ပြင်ပြောင်းလဲသင့်ကြောင်း၊ ဝေဖန် ဆန်းစစ်မှုပိုင်းနှင့် နည်းပညာ၊ တပ်ဖွဲ့ဝင်များအပြင် လစာ၊ခရီးစရိတ်မှ အစ   လုံးဝပြောင်းလဲပစ်ရန် လိုအပ်နေကြောင်း  ဦးကျော်သောင်း က အကြံပြုပြောဆိုပါသည်။



  ယခု ကယ်ထုတ်မှုသည် MAT အဖွဲ့၏ ၂၀၁၇ ခုနှစ်အတွက် ပထမဦးဆုံး လူကုန်ကူးမှုဖြစ်ပါသည်။ MAT အဖွဲ့သည် ကုန်ခဲ့သည့် ၂၀၁၆ ခုနှစ်က လူကုန်ကူးမှုပေါင်း ၂၇ကြိမ် နှိမ်နင်းအောင်မြင်မှုတွင် လူကုန်ကူးခံရ သူပေါင်း ၃၄၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါသည်။ တပြိုင်တည်းတွင် လူကုန်ကူးဂိုဏ်းသား
ပေါင်း ၁၀ ဦးကို တရားစွဲဆိုနိုင်ခဲ့ပါသည်။