06 January 2017

"၂၀၁၆ ခုနှစ်​အတွင်း ထိုင်းနိုင်​ငံ၌ လူကုန်​ကူးခံရသူ မြန်​မာနိုင်​ငံသား ၈၇ ဦးအား နှစ်​နိုင်​​ငံ လူကုန်​ကူးမှု တိုက်​ဖျက်​​ရေး အဖွဲ့ မှ ကယ်​တင်​နိုင်​ခဲ့"


၂၀၁ ဇန်န၀ါရီ  
ရွှေသိန်း(မြ၀တီ)



   အိမ်​နီးချင်း ထိုင်းနိုင်​ငံသို့ အလုပ်​သွား​ရောက်​ လုပ်​ကိုင်​ကြသည့်​ မြန်​မာနိုင်​ငံသားများအနက်​ ၂၀၁၆ ခုနှစ်​အတွင်း လူကုန်​ကူးခံရသူ မြန်​မာနိုင်​ငံသား ၈၇ ဦးအား နှစ်​နိုင်​ငံ လူကုန်​ကူးမှုတိုက်ဖျက်​​ရေး အဖွဲ့ မှ ကယ်​တင်​ပြီး ​နေရပ်​မိဘများထံသို့ ပြန်​လည်​ပို့​ဆောင်​​ပေးခဲ့​ကြောင်း မြ၀တီမြို့ လူကုန်​ကူးမှု တိုက်​ဖျက်​​ရေးဆိုင်​ရာ ဆက်​ဆံ​ရေးရုံးမှ သိရသည်​။

မြန်​မာနိုင်​ငံ၊ မြ၀တီမြို့ လူကုန်​ကူးမှု တိုက်​ဖျက်​​ရေးဆိုင်​ရာ နယ်​စပ်​ဆက်​ဆံ​ရေးရုံးမှ ထိုင်းနိုင်​ငံ လူကုန်​ကူးမှု တိုက်ဖျက်​​ရေး၊လူမှုကူညီ​ရေးအသင်းအဖွဲ့များနှင့်ပူး​ပေါင်းပြီးငါးဖမ်း​လှေသို့လူကုန်ကူးခံရသူများအပါအ၀င်
 မြန်​မာနိုင်​ငံသားများအား ကယ်​ထုတ်​ပြီး ​နေရပ်​ရင်းသို့ အ​ရောက်​ပို့​ဆောင်​​ပေးခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်​။

  ယင်းကဲ့သို့ နှစ်​နိုင်​ငံ ပူး​ပေါင်း​ဆောင်​ရွက်​မှုဖြင့်​ မြန်​မာနိုင်​ငံ မြ၀တီမြို့သို့ ​ရောက်​ရှိလာသူ မြန်​မာနိုင်​ငံသား များမှာ ​မေလတွင် အမျိုးသား ၁၆ ဦး၊ ဇူလိုင်​လတွင်​ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၉ ဦး၊ စက်​တင်ဘာလတွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦး၊ ဒီဇင်ဘာလတွင်​ အမျိုးသားသီးသန့်​၃၈ဦး ​နေရပ်သို့ ပြန်ပို့နိုင်ခဲ့​ကြောင်း
သိရသည်​။

  လူကုန်​ကူးခံရသူ အများစုမှာ ထိုင်းနိုင်​ငံသို့ တရားမ၀င်​ သွား​ရောက်​ကြသူများ အများအပြား ပါဝင်​ပြီး၊ အချို့ မှာ ထိုင်​ငါးဖမ်း​လှေများ၌ လူကုန်​ကူးခံရသူများဖြစ်​ကာ နှစ်​ကာလ ကြာမြင့်​လာသည့်​တိုင်​လုပ်အားခ ​ငွေမရ ရှိသူများ ပါဝင်​ကြောင်း ​နေရပ်​သို့ ပြန်​​ရောက်​လာသူများထံမှသိရသည်​။

    ဧရာဝတီတိုင်း လပွတ္တာမြို့နယ်​မှ ထိုင်းနိုင်​ငံငါးဖမ်းစက်​​လှေတွင်​ လုပ်​အားခမရဘဲ လုပ်​ကိုင်​ခဲ့ရသူ တစ်​ဦးဖြစ်သည့်​ ကိုလင်းလင်းက “ထိုင်းမှာ အလုပ်​​ကောင်းတယ်​ ဆိုပြီး ​ကော့​သောင်းလမ်းက ပွဲစား​ခေါ်သွား တာ။ ဟို​ရောက်​​တော့ ငါးဖမ်းစက်​​လှေမှာ လုပ်​တယ်​။ လမ်းစရိတ် ​မ​ပေးခဲ့ရဘူး။ သုံးလ လုပ်​ဆပ်​ရမယ်
ပြောတယ်​။ ပထမစ​ရောက်တုန်းကအခန်းထဲမှာဘယ်မှမထွက်ရဘဲထားတာပါ။တစ်လ​ကျော်​​လောက်
လှောင်​ပိတ်​ထားတယ်​။ ပြီး​တော့ ​လှေထွက်​ရတယ်​။ အသက်​အန္တရာယ်​များတဲ့ အလုပ်​ကထွက်​​ပြေးချင်နေ​ချိန်​ ဦး​ကျော်​​သောင်းတို့အဖွဲ့က လာကယ်​လို့ လိုက်​လာခဲ့တာပါ” ဟု ဆိုသည်။

 ထို့အတူ တရားမ၀င် ​လူကုန်​ကူးမှု အ​နေဖြင့် ဇွန်​လတွင်​ ၂ မှု၊ တရားခံသုံးဦး (​ပြေးတစ်​ဦး)ကို တရားမ၀င်​ လူပို့​ဆောင်​မှု၊ ပြုည်​ပအလုပ်​အကိုင် ​ဥပ​ဒေပုဒ်​မ ၂၆ ဖြင့်အ​ရေးယူ ​ဆောင်​ရွက်​ခဲ့သလို၊ ​ဖေ​ဖော်ဝါရီလတွင်​ တစ်​မှု၊ မတ်​လတွင်​ တစ်​မှု၊ ဒီဇင်င်္ဘလတွင်​(၃) မှု အမှုဖွင့်​ အ​ရေးယူခဲ့ပြီး တရားမ၀င် ​လူပို့​ဆောင်​သူ(၅) ဦးကိုလည်း ဖမ်းဆီး အ​ရေးယူနိုင်​ခဲ့​ကြောင်း သိရသည်​။

မြန်​မာနိုင်​ငံမှ ထိုင်​နိုင်​ငံအပြင်​ မ​လေးရှားနှင့်​ တရုတ်​နိုင်​ငံသို့ လူကုန်​ကူးခံရသူ များပြားလျက်​ရှိရာ လူကုန်​ကူးခံရသူ ၃၀၅ ဦး ရှိသည့်​အနက်​ ၂၅၄ ဦးကိုသာ ကယ်​တင်​နိုင်​ခဲ့ပြီးဖြစ်​ကာ ၅၁ ဦးကို ကယ်​တင်နိုင်​ခြင်း မရှိ​သေး​ကြောင်းနှင့်​ တရုတ်​နိုင်​ငံသို့ လူကုန်​ကူးခံရသူ အများဆုံး ဖြစ်​​ကြောင်း သိရသည်​။