26 January 2017

ဂျပန်နိုင်ငံ ဟော်တယ်တစ်ခုက ပန်းချီကားများ ခိုးယူခဲ့သူ ထိုင်းအရာရှိကြီး တာဝန်မှ ရပ်စဲခံရဖွယ်ရှိ




26 January 2017 09:36(+0630) (လွန်ခဲ့သော 24 နာရီ ခန့်က)



ထိုင်းသတင်းတွေမှာ ယနေ့ မနက် ပိုင်း အပြောများဆုံး သတင်းကတော့ ဂျန်ပန်နိုင်ငံ ကျိုတိုမြို့ က ဟော်တယ်ကြီးမှာ တည်းခိုနေရင်း အခန်းတွင်း အလှချိတ်ဆွဲထားတဲ့ ပန်းချီကား(၃)ချပ်ကို ခိုးယူသွားခဲ့တဲ့ (Mr. Suphat Saqua ndeekul) ဆူဖတ် အသက်(၆၀)ဟာ ထိုင်းနိုင်ငံ စီပွားရေးဝန်ကြီးဌာန အကြီး အကဲ ဒါရိုက်တာ (Deputy Director General) တစ်ဦးဖြစ်နေပါတယ်။

ပန်းချီကားရဲ့  တန်ဖိုးဟာ ယမ်း ၁၅၀၀၀(ကျပ်တစ်သိန်းခွဲ)သာရှိပါတယ်၊ ပထမပိုင်း မှာ ပန်းချီကား တန်ဖိုး ငွေပေးပြီးကြေအေးဘို့  ညှိနိုင်းတာကို ဂျပန်ရဲက လက်မခံလို့  သူ့ ရဲ့ ရာထူးကို ထုတ်ဖေါ်ပြောဆို ခဲ့တော့မှ ပိုဆိုးသွားခဲ့ပါတယ်။

တက္ကသိုလ်တွေကနေ ပညာရှင် ဘွဲ့ ပေါင်းများစွာ ယူခဲ့သူ ထိုင်းအစိုးရပိုင်း အကြီးအကဲတစ်ဦးက ခုလို့  ဖြစ်ခဲ့တဲ့ လုပ်ရပ်ဟာ ထိုင်းနိုင်ငံသားတွေအတွက် အရှက်ရစရာ အစိုးရပိုင်း မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကလည်း အဆိုပါအမှုနဲ့  ပါတ်သက်ပြီး Nakagyo police နာကာယိုမှာရှိတဲ့ ရဲစခန်းကို စုံစမ်းစစ်ဆေးနေပါတယ်။

အဆိုပါ အရာရှိကို သူရာထူးယူထားနဲ့  ဦးဆောင် ဒါရိုက်တာ တာဝန်မှ ရပ်ဆိုင်းခံရဘို့  ရှိနေပါတယ်။
.................................................................................................................
Social Action for Women - SAW  မှ ကူးယူဖေါ်ပြပါသည်။