15 January 2017

“မိုးလင်းတာနဲ့အမေးခံရနေတာက CI စာအုပ်ဘယ်တော့ထုတ်ပေးမလဲ”



       
                    

       Certificate Identity…CIထုတ်ပေးတော့မယ်လို့ အသံတွေထွက်နေတာက လပေါင်းကြာ ရုံမက နှစ်ပတ်လည်တော့မယ်။CIထုတ်ပေးတဲ့ကိစ္စနဲ့ ရွှေလုပ်သားMATအဖွဲ့နဲ့ဘာမှမပတ်သက်။ 

      စည်းကမ်းချက်တွေကိုဖေါက်ကြည့်၊တွေ့ရစေမယ်လို့ကြိမ်းဝါးကြနဲ့။ ဒီတစ်ခါ CI စခန်းတွေ ဖွင့်ပုံ က အယင်နဲ့တူမယ့်ပုံမဟုတ်။ စခန်းပိုင်ရှင်တွေ ဘတ်၂သန်း(ကျပ်ငွေသိန်း၇၀၀) တင်ထား ရတယ်။ ၀န်ဆောင်မှုကိုမြန်မာအစိုးရကထုတ်ပေးထားတယ်။ ပွဲစားတွေနဲ့ ၀န်ထမ်းတွေ ဇယား မရှုတ်ရဆိုပဲ။ဟုတ်ပါ့မလား မောင်ကာဠုရဲ့။ ရွှေသမင်းဘယ်ကထွက်မလဲ စောင့်ကြည့်ကြရမယ်။
တင်တာစည်းကမ်းဘောင်မ၀င်ပဲစခန်းရသွားသူရှိတယ်လို့ တင်တာရှုံးနိမ့်သူတွေဘက်က အသံ   တွကြားရတယ်။


    CI ကို သက်တောင့်သက်သာနဲ့လုပ်ပေးဖို့ အမေစုက သူ့မွေးနေ့လွန်မြောက်ပြီးကတည်း က ခွင့်ပြုခဲ့တာ။ နိုင်ငံတော်သမ္မတကလည်း ၂၀၁၆ ခု ၁၁ လပိုင်းကတည်းကခွင့်ပြုခဲ့တာ။ စခန်း လုပ်ကိုင်ခွင့်ရသူတွေနဲ့ ထိုင်းကို လာရောက် တာဝန်ထမ်းဆောင်ကြမယ့် နိုင်ငံ့ဝန်ထမ်းတွေနဲ့ လည်း ၂၀၁၆ ခု ဒီဇင်ဘာ၂၈ ရက်နေ့မှာ တွေ့ဆုံပြီး ပြီ။ ငွေသွင်းမယ့် 7 အလဲဗင်းနဲ့လည်း ဇန်န၀ါရီလ ၁၃ ရက်နေ့ကစာချုပ်ပြီးပြီ။ ထိုင်းနိုင်ငံဘက်ကအားလုံးအဆင်သင့်ဖြစ်နေပြီ။
 မြန်မာအလုပ်သမားတွေကလည်း မဖြစ်မနေလုပ်ကြရမှာမို့ စောင့်မျှော်ခဲ့ကြတာကြာပြီ။

         လက်မှာကိုင်ထားတဲ့ ပန်းရောင်ဘတ်ကဒ်က နေထိုင်ခွင့်သက်တမ်းကသေလုသေခင်မို့ စိုးရိမ်မှုတွေက တစ်နေ့ထက်တစ်နေ့ပိုဆိုးလာတယ်။ ထိုင်းဘက်က စိတ်ပြောင်းပြီး စခန်းတွေကို ပိတ်သိမ်းလိုက်ရင် ဒုက္ခဖြစ်မယ်ဆိုပြီး အစိုးရိမ်လွန်သူတွေကရှိသေး။ ဘာဖြစ်လို့ CI စခန်းတွေ က အဖွင့်မဖြစ်သေးတာလည်း။ မြန်မာသံရုံး ကို မေးကြည့်။ အလုပ်သမားသံအရာရှိတွေကိုမေး ကြည့်။ မဖြေနိုင်။ အဖြေမရှိ။ ဘာကြောင့်ပါလိမ့်။ နားမလည်။

          MATရွှေလုပ်သားအုပ်စုက CI ထုတ်တဲ့ကိစ္စမှာ ဘာအခွင့်အရေးမှရမထား။ ဒါပေမယ့် စိတ်ပူတာက ရေလုပ်သားနဲ့ ပင်လယ်အစားအစာအလုပ်ရုံ ပန်းရောင်ဘတ်ကဒ်တွေက သက် တမ်းတွေက ရှေ့လဆိုကုန်ပြီ။ ထိုင်းက ကြေညာထားတာက ဘတ်ကဒ်မှာရှိတဲ့နေထိုင်ခွင့် အတိုင်းသာ ဗီဇာထုပေးမယ်။ ဆိုတော့ တစ်ပတ်၊ နှစ်ပတ်အတွက် ဗီဇာထုခ တရားဝင် ဘတ်၅၀၀ ဆိုပေမယ့် ၂ဆ-၃ဆလောက်ရှိတယ်။ ထပ်ကုန်အုံးမယ်။

     ဒါ့အပြင် ဘတ်ကဒ်တွေ သက်တမ်းကုန်သွားရင် သန်းချီရှိတဲ့အလုပ်သမာတွေတရားမ၀င်   ဖြစ်ကုန်မယ်။ ၆နှစ်သက်တမ်းကုန်ပတ်စပို့နဲ့ ၄နှစ်သက်တမ်းကုန်ပတ်စပို့တို့အ တွက် မြန်မာ အစိုးရတာဝန်ရှိသူတွေ ကြိုတင် ပြင်ဆင်ထားတာမရှိခဲ့ကြလို့ ဒီအလုပ်သမားတွေ နေထိုင်ခွင့်   တွေကုန်ဆုံးခဲ့ပြီ။

        နယ်ကျော်ပြောင်းရွှေ့လုပ်ကိုင်နေကြသူတွေ CI ထုတ်ဖို့စခန်းကိုလာဖို့အတွက်နယ်ကျော် ခွင့်တောင်းရ၊ ဗီဇာထုခွင့်တောင်းရတာတွေပါလာရင် အလုပ်သမားတွေအတွက် ဈေးပိုကြီးမြင့် လာမှာမို့ စခန်းတိုင်းမှာ ဗီဇာ ထုပေးဖို့နဲ့ CI ထုတ်ပေးစဉ်ကာလမှာ နယ်ကျော်သွားလာခွင့်ကို အဖမ်းအဆီးမပြုပဲ ကင်းလွတ်ခွင့်ပြုပေးဖို့ မြန်မာအစိုးရတာဝန်ရှိသူတွေအနေနဲ့ အလျှင်အမြန်ေ တာင်းဆိုညှိနှိုင်းဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ထိုင်း အစိုးရက အမြင်ကပ်ပုဒ်မ မတတ်ခင် CI စခန်းတွေအလျှင်အမြန်ဖွင့်လှစ်ပေးသင့်နေပါပြီ။

        တာဝန်သိတဲ့မိဘတိုင်းဟာ မိမိမှာမွေးထားတဲ့သားသမီးတွေဘယ်အရွယ်မှာကျောင်းထား မယ်။ ဘယ် အရွယ်မှာ ရှင်ပြုမယ်ဆိုတာ မွေးကတည်းကရည်မှန်းချက်ထားတတ်ကြတယ်။ အယင်မြန်မာအစိုးရ အဆက်ဆက် ဘယ်တုန်းကမှ ပြည်ပရောက် မြန်မာအလုပ်သမားတွေ အတွက် မိဘနေရာကမစဉ်းစားခဲ့ကြပေမယ့် လက်ရှိ လူထုရွေးချယ်တင်မြှောက်ထားတဲ့ အမေစု ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ သုံးလေးသန်းရှိနေတဲ့ ထိုင်းရောက်အလုပ် သမားတွေအ တွက် အမှန်တကယ် စဉ်းစားတဲ့ မိဘသဖွယ်အစိုးရဖြစ်ပါစေလို့ ဆုတာင်း လိုက်ရပါတယ်။ 
 
                                                     MAT ရွှေလုပ်သားအဖွဲ့