22 January 2017

“CI စခန်းဖွင့်ဖို့ရက်အကန့်အသတ်မရှိရွှေ့ပြောင်းလိုက်ကြောင်းထိုင်းတာဝန်ရှိသူကဆို”



                        
၂၀၁၇ ဇန်န၀ါရီ ၂၂ရက်
မြတ်ညို (အလွတ်သတင်းထောက်)

         ဘန်ကောက်နယ်မြေ ၁၀ မှာရှိတဲ့ အလုပ်ရှင်များအစည်းဝေးပွဲမှာ ထိုင်းအလုပ်သမား ၀န်ကြီးဌာန၊တာဝန်ရှိ သူတစ်ဦးက CI ထုတ်ပေးမယ့်စက်တွေ ကိုအသုံးပြုမယ့်သူတွေ မြန်မာ ဘက်မှာ အဆင်သင့်မဖြစ်သေးတာကြာင့် ရက်အကန့် အသတ်မရှိ ရွှေ့ပြောင်းလိုက်ကြောင်း
ပြောဆိုခဲ့သည်။


         ထိုင်းအလုပ်သမားဝန်ကြီးဌာနပြန်ကြားရေး မစ္စတာ တမလုန် က“ CI ထုတ်ပေးသည့် စက်တွေက ခေတ်မှီ နောက်ဆုံးပေါ်စက်များဖြစ်နေတာကြောင့်၊ အဲဒီစက်တွေကို အသုံးပြုဖို့ ၀န်ထမ်းတွေကို သင်တန်းပေးနေရ တာကြောင့် မြန်မာဘက်က အကန့်အသတ်မရှိရွှေ့ထားရ ပါတယ်” ဟု ယနေ့ပြောဆိုခဲ့သည်။

      လုပ်ငန်းရှင်များအစည်းဝေးသို့တက်ရောက်ခွင့်ရရှိခဲ့သည့် မြန်မာလုပ်ငန်းရှင်တစ်ဦးက “CI ထုတ်ပေးမယ့်ကိစ္စက မြန်မာဘက်ကမသေချာတော့တဲ့အတွက်၊ ငါးဖမ်းလုပ်သားနဲ့ ပင်လယ် အစားအစာထုတ်လုပ်တဲ့ အလုပ်ရုံတွေမှာ လုပ်တဲ့အလုပ်သမားတွေကို နေထိုင် အလုပ်လုပ် ကိုင်ခွင့် သက်တမ်းတစ်နှစ်စာထပ်တိုးပေးမယ်လို့ပြောတယ်။ ကုန်ကျမယ့်ငွေက နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့သွေးစစ်ခ စုစုပေါင်း ဘတ်ငွေ ၃၈၀၀ ကုန်ကျပါမယ်။ ပွဲစားခနဲ့ဆို အနည်း ဆုံးဘတ်ငွေ ငါးထောင်ကျော်လောက်တော့ယူကြလိမ့်မယ်ထင်ပါတယ်” ဟုပြောသည်။ 

       ခရမ်းရောင် ၄နှစ်ဗီဇာကုန်ထားသည့် စာအုပ်များကို ဗီဇာဆက်လက်ထုပေးမည်ဖြစ်   ကြောင်း ထိုင်းအစိုးရက မကြာမီကကြေညာထားခဲ့ပြီးဖြစ်ပါသည်။ ခရမ်းရောင်စာအုပ်ဖြစ်စေ၊ ပန်းရောင်ဘတ်ကဒ်ကိုဖြစ်စေ မဖြစ် မနေပြန်လုပ်ရသည့်လုပ်ငန်းစဉ်တို့မှာလည်း ကြားခံပွဲစား   နှင့်ပြုလုပ်ရသဖြင့် အလုပ်သမားများမှာ ကုန်ကျမှုများ အုံးမည်ဖြစ်ပါသည်။

             ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ဘာ ဖြစ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်သမား ၀န်ကြီးဌာန အဆင်သင့်မဖြစ်တာလဲ။ ကြီးမားကျယ်ပြန့်တဲ့ အလုပ်တွေရှိတဲ့အလုပ်သမားဝန်ကြီး ဌာနဲ့ တိုင်းပြည်အတွက် အရေးအကြီးဆုံးကဏ္ဍတစ်ခုဖြစ်တဲ့ လက်ရှိမှာလည်း ပြဿ     နာ အများ ဆုံးတက်နေတဲ့ လ၀က၀န်ကြီးဌာတို့ကို ပေါင်းပြီး ၀န်ကြီးတစ်ပါးတည်းဖြစ်နေလို့ အလုပ်မနိုင် မနင်းဖြစ်နေတာလား။ ထိုင်းကို ဒေါ်စု လာလာ၊ သမ္မတကြီး လာလာ၊ အလုပ်သမားဝန်ကြီးဌာန အလုပ်မလုပ်ရင် ကျနော်တို့ အလုပ်သမားတွေမှာ ဒုက္ခရောက်ကြရအုံးမှာပဲ။ အလုပ်သမားတွေ
 ကိုကိုယ်ချင်းစာစိတ်ရှိတဲ့ အလုပ်နိုင်နင်းတဲ့ ကိုယ်ကျိုးမရှာတဲ့ ၀န်ကြီးအသစ်၊ ညွန်ချုပ်အသစ်၊ အလုပ်သမားသံအရာရှိအသစ်တွေပေါ်ပေါက်လာပါစေလို့ပဲ ဆုတောင်းပါတယ်” ဟုပြောသည်။

        ထိုင်းအစိုးရက စိတ်ပြောင်းသွားပြီး ငါတို့တိုင်းပြည်မှာရှိနေတဲ့မြန်မာအလုပ်သမားတွေကို ငါတို့ပဲ နေထိုင်ခွင့်တွေ ကုန်သွားတာကို ဆက်ပေးတော့မယ်။ မင်းတို့ CI စခန်းတွေရှုတ်တယ်။ ပိတ်ပစ်လိုက်ဟု ပြောဆိုလာပါက မြန်မာအလုပ်သမားများ၏ လွတ်လပ်ခွင့်များနှင့်အာမခံကြေး သွင်းထားမှုများမှာ ဆုံးရှုံးသွားနိုင်ကြောင်း အလုပ်သမားအချို့ကပြောဆိုသည်။ 

         မြန်မာနိုင်ငံ၌ပင် စမ်းသပ်ကာလအစပြုနေဆဲကာလတွင် ထိုအဆင့်မြင့်သည့် မျက်လုံး၊ နားရွက်စကင် ဖတ်နည်းပညာမှာ အသုံးပြုသင့်သည်မှန်သော်လည်း နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းများကို ငွေပေး ဆပ်၍ ၀ယ်ယူအလုပ်လုပ်ကိုင်ကြရသည့် သန်းချီသည့် မြန်မာအလုပ် သမားများ၏ ပကတိအနေအထားကို အထူးသတိပြုသင့်ပါသည်။ 

       စကင်ဖတ်နည်းပညာလုပ်သင့်သည့်အလုပ်မှန်သော်လည်း အချိန်အခါကို မြန်မာ အလုပ် သမားဝန်ကြီးဌာန နားလည်သင့်ပါသည်။

         ယနေ့ အလုပ်သမားဝန်ကြီးဌာ တာဝန်ရှိသူ၏  အကန့်အသတ်မရှိရွှေ့ထားရပါတယ် ဆိုတဲ့စကားရပ်မှာအလုပ်သမားများအတွက်အထူးစိတ်မကောင်းစရာဖြစ်သည်။ထို့ကြောင့် မြန်မာ
အလုပ်သမားဝန်ကြီးဌာနအနေ ဖြင့် ကြိုတင်မပြင်ဆင်နိုင်ခဲ့သည့်တိုင်အောင် မည်သည့်နေ့ရက် တွင် CI စခန်းအမှန်တကယ်ဖွင့်လှစ်မည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာသင့်ပါသည်။ 

      ယခုကဲ့သို့ ရက်အတိအကျမသိရှိရခြင်းအကျိုးဆက်ကို သန်းချီသည့် ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသည့် အလုပ်သမားများခံကြရဦးမည်ဖြစ်ပါသည်။ ကြားပွဲစားများကြောင့်အလုပ် သမားများ ဆုံးရှုံးမှုများစွာခံနေရကြ ရဦးမည်ဖြစ်ပါသည်။