01 January 2017

"ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့၏ 2017 နှစ်သစ်ဆုတောင်း"

ပြည်သူတွေဖြစ်ချင်နေတဲ့......

(၁) အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့တိုင်းပြည်အဖြစ်အမြန်ဖန်တီး တည်ဆောက်ခြင်း၊
(၂) ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊
(၃) တစ်ဧကရှိတဲ့လယ်သမားတစ်ယောက်လက်ထဲကို ကျပ် ၃သိန်းတန် ပုခုံးလွယ်စပါးရိုက်စက်ကလေး
     တစ်လုံးစီ ပေးနိုင်အောင် ပြင်ဆင်ခြင်း။
(၄) တစ်နိုင်ငံလုံးမှာ ၁၂ရာသီပတ်လုံးစိုက်ပျိုးရေ ရရှိအောင် အလျှင်အမြန်ဆောင်ရွက်ခြင်း၊
(၅) အစိုးရရုံးတိုင်းမှာ ပြည်သူအတွက်အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ဝန်ထမ်းတွေက(One Stop Service)
 နေ့ချင်းပြီးဆောင်ရွက်ပေးတဲ့အလေ့အထကျင့်သုံးခြင်း၊
(၆) ပွဲစားများလက်ထဲမှာအလုပ်သမားကံကြမ္မာကိုထည့်ထားရတဲ့ MOUလူကုန်ကူးမှုစနစ်ကိုလုံးဝဖျက်သိမ်း
     ပြီး(ရပ်ကျေး+အလည+ဘဏ်=MOU) စနစ်ကို အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း၊
(၇) အရည်အသွေးပြည့်တဲ့ ရဲတပ်ဖွဲ့ဖြစ်စေရေးအတွက် အစီအမံအသစ်များဖြင့် ကျင့်သုံးဆောင်ရွက်ခြင်း၊
(၈) သစ်တောပြုန်းတီးခြင်းနှင့်သသာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အိမ်တိုင်းစေ့ ဂက်စ်မီးဖိုဖြင့်
     ထမင်းဟင်းချက်နိုင်အောင် စီမံကိန်းချမှတ်အကောင်အထည်ဖေါ်ခြင်း။
(၉) အုပ်ချုပ်သူအဆက်ဆက် ပြီးပြတ်အောင် မဆောင်ကျဉ်းခဲ့ကြသော၊ ငြိမ်းချမ်းရေးကိစ္စနှင့် ရခိုင်ပြည်နယ်မှ
     ခိုးဝင်ဘင်္ဂါလီသောင်းကျန်းသူများကိစ္စတို့ကို ပြီးပြတ်အောင်ဆောင်ရွက်နိုင်ကြပါစေ။
(၁၀) ဒီမိုကရေစီစနစ်ကိုဖေါ်ဆောင်နိုင်ရန်အတွက် NLD ကတိအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်ပါစေ။
(၁၁) ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေဟာ မိဘအိမ်လိုဖြစ်စေရမယ်လို့ အမေစုပြောခဲ့သလိုဖြစ်ဖို့အတွက်ဆို ရင် သံအမတ်ကစ၍ ဘာသာပြန် တံခါးစောင့် တံမျက်စည်းလှဲသူအထိအားလုံးကို ပြောင်းလဲပစ်ဖို့လိုပါ၏။
(၁၂) ၂၀၀၇ ခုနှစ်မှာ တိုင်ပြည်ငြိမ်းချမ်းပြီး တိုင်းပြည်ထူထောင်ရေးမှာ အင်တိုက်အားတိုက် အားလုံးဆောင်
    ကျဉ်းနိုင်ကြပါစေ၊ ဆောင်ကျဉ်းခွင့်ရနိုင်ကြပါစေလို့၊ နှစ်သစ်ဆုမွန် ချွေလိုက်ရပါတယ်။

                                 ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT