12 January 2017

“ဘန်ကောက်အလုပ်သမားသံအရာရှိက အလုပ်သမားအရေးဆောင်ရွက်သူကို DSI သို့တိုင်ကြား”



      
၂၀၁၇  ဇန်န၀ါရီလ ၁၂ ရက်
မင်းဘခက်

          ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ဒါရိုက် ဦးကျော်သောင်း အား ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် က ထိုင်းအစိုးရအထူးစုံစမ်းထောက် လှမ်းရေး DSI သို့ တိုင်ကြားကြောင်းသိရသည်။

    မည်သည့်ကိစ္စကြောင့် တိုင်းကြားကြောင်းကို သိရှိသလိုဖြင့် ဦးမိုးအောင်ခိုင် ၏ ဘာသာပြန်  “သွေ့”ဆိုသူ၏ (0830791765) ဖုန်းကိုဆက်၍ ဦးကျော်သောင်းက မေးမြန်းရာ  ဦးမိုးအောင်ခိုင် ကိုမေးရန်သာပြောဆိုခဲ့သည်။ သို့ဖြစ်၍ ဦးမိုးအောင်ခိုင် အား ဦးကျော်သောင်း က ဖုန်း(၃) ကြိမ် တိုင်တိုင် ဆက်သော်လည်း ဖုန်းမကိုင်ခဲ့ပါ။ အလုပ်သမားသံအရာရှိ (၂) ဦးအောင်ကိုသန်း အား (၂)ကြိမ်တိုင်တိုင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ကြပါ။


      
  MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက“အယင်နှစ်က တစ်ခါ မြန်မာအလုပ်သမားဝန်ကြီး ဌာနနဲ့ ပွဲစားတွေက DSI နဲ့တစ်ခါတိုင်တာခံဖူးတယ်။ ခုဘာဖြစ်လို့DSIတိုင်တာ လည်းတော့ မသိဘူး။ ဒီရက်ပိုင်းအတွင်းမှာ ကျနော်တို့ ရွှေလုပ်သားဝက်ဘ်ဆိုဒ်မှာ အလုပ်သမားညွန်ချုပ်နဲ့ MOEAF အဖွဲ့ကပွဲစားထိပ်သီး၃ယောက်အမှုတွဲ မြို့နယ် ဥပဒေအရာရှိရုံးကိုရောက်ပြီဆိုတဲ့ သတင်း၊ အိမ်အကူ ကရင်မိန်းကလေးတစ်ယောက်သေဆုံးမှုနဲ့ CI ကိစ္စ မြန်မာအလုပ်သမား ၀န်ကြီးဌာန ဘက်က နှောက်နှေးနေတာကြောင့် အလုပ်သမားတွေ မနစ်နာစေချင်လို့၊ ပြီးတော့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားပေါ်လစီတွေပြောင်းနေတယ်။ မြန်မာအလုပ်သမားတွေ
အတွက် မြန်မာအလုပ်သမားဝန်ကြီးဌာန အယင်မူဟောင်းအတိုင်းလျှောက်နေလို့မဖြစ်တော့ ဘူးဆိုတာကို အဖိနှိပ်ခံအလုပ်သမားတွေအတွက်၊ ရေးထားတာတွေပဲဖြစ်တယ်” ဟုပြောသည်။

            အိမ်အကူ နန်းဌေးဌေးဦးသတင်းတွင် http://www.goldenworkers.asia/2017/01/blog-post_8.html#more  နှင့် http://www.goldenworkers.asia/  CI လုပ်ငန်းနောက် ကျနေခြင်းကြောင့် အလုပ်သမားများနစ်နာနိုင်ကြောင်းကို သတိပေးရေးသားထားခဲ့ပါသည်။


         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ ဒါရိုက်တာ ဦးကျော်သောင်း သည် ၂၀၁၅ ခုနှစ်တွင် ရန်ကုန်မြို့မှထုတ်ဝေသည့် 7Day နေ့စဉ်သတင်းစာ တိုက်မှ တစ်နှစ်တစ်ကြိမ်၊ အများအတွက်သက်စွန့်ဆံဖြားကူညီသူများကိုရွေးချယ်ပေးအပ်သည့်  7Day Hero ဆုကို ထိုင်းတောင်ပိုင်းဖန်င အခြေစိုက် FED ဒါရိုက်တာ ဦးထူးချစ်နှင့် ပူးတွဲရရှိ ခဲ့ပါသည်။ 

      ၂၀၁၆ ခုနှစ် စက်တင်ဘာလ၁၄ ရက်နေ့ ရက်နေ့တွင် ထိုင်းအစိုးရအထူးစုံစမ်းထောက် 
ထောက်လှမ်းရေးDSI က ထိုင်းနိုင်ငံ၏လူကုန်
ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တို့တွင် အစဉ် 
တစိုက်ကူညီပေးမှုတို့ကြောင့်မိုဒယ်ရွှေတံဆိပ်ကို ဘန်ကောက်မြို့ မြန်မာသံရုံးနှင့်အတူ လက်ခံ
ရရှိခဲ့ပါသည်။  


 မြန်မာနိုင်ငံရဲချုပ် ဇော်ဝင်း က လည်း အမှုကြီးများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းတို့ကြောင့်ဟုဆိုကာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သော (၅၂) နှစ်မြောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့   နေ့တွင် ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရပါသည်။ 


         ထိုင်းဥပဒေအရ နိုင်ငံခြားသားအသင်းအဖွဲ့များကို မှတ်ပုံတင်ခွင့်မရှိသော်လည်း MAT အဖွဲ့သည် ပင်မ ပရိုပိုဇေမရှိပဲ ဘန်ကောက်အခြေစိုက်၍ အလုပ်သမားအရေး၊ လူ့အခွင့်အရေး 
 နှင့်လူကုန်ကူးမှုတိုက်ဖျက်ရေးတို့ကို ၁၄ နှစ်ကြာ အခက်အခဲများစွာတို့ဖြင့် တပိုင်တနိုင်ကူညီ လုပ်ကိုင်နေသည့်အဖွဲ့ဖြစ်ပါသည်။

      နိုင်ငံတကာအဖွဲ့အစည်းများ၊ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များ၊ မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်ရေးတပ်ဖွဲ့နှင့် ဘန်ကောက်မြန်မာသံရုံးတို့နှင့် ၁၄ နှစ်တာကာလ အတွင်း EBO (အီးယူမြန်မာရုံး)မှ အထောက်အပံ့၂နှစ်၊ FED မှ ၃ နှစ်၊ ရှေ့နေငှါးရမ်းခ နှင့်   စေတနာ့ ဝန်ထမ်းတစ်ဦးစာ အထောက်အပံ့တို့ရရှိခဲ့ဖူးပါသည်။