19 May 2016

"မြန်မာတောင်တက်အဖွဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် ကို အောင်မြင်စွာရောက်ရှိပြီ"

မိမိအသက်ကို ပဓါနမထားပဲ မြန်မာ့ဂုဏ်ကိုဆောင်ရွက်ခဲ့ကြ

သော သူရဲကောင်းများအား ရွှေလုပ်သား MAT အဖွဲ့က ၀မ်း

မြောက်စွာ ဂုဏ်ပြုအပ်ပါသည်။

......................................................................

19 May 2016 09:03(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)


   ဧ၀ရတ်အောင်နိုင်ရေး မြန်မာတောင်တက်အဖွဲ့ဝင်နှစ်ဦးဖြစ် 

သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့နှစ်ဦးသည် ယနေ့၂၀၁၆ ခုနှစ် မေလ (၁၉)ရက်၊ နံနက် (၇)နာရီ၊ (၁၇) မိနစ်တွင် (၈,၈၄၈) မီတာမြင့်သော ကမ္ဘာ့အမြင့်ဆုံးတောင် ထိပ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း တောင်ခြေ စခန်း(Base Camp) မှ ပေးပို့သောသတင်းများအရ သိရှိရပါ သည်။

Htoo Foundation
https://www.facebook.com/HtooFoundation

...................................................................

 

မြန်မာနိုင်ငံသားတောင် တက်သမား ၂ ဦး ဧ၀ရက်တောင်ထိပ်ရောက်ရှိ

19 May 2016 11:44(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)



မြန်မာနိုင်ငံသား တောင်တက်သမား ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ဟာ ဒီနေ့မနက် မြန်မာစံတော်ချိန် ၈ နာရီ ၂ မိနစ် နီပေါဒေသစံတော်ချိန် ၇ နာရီ ၁၇ မိနစ်မှာ ကမ္ဘာ့ အမြင့်ဆုံး ဧဝရက်တာင်ထိပ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို ပထမဆုံး မြန်မာနိုင်ငံသား ၂ ဦး တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

 
တောင်တက်သမားတွေဟာဧဝရက်တာင်ထိပ်မှာ မြန်မာနိုင်ငံ

အလံကို လွှင့်ထူခဲ့သလို မြန်မာနိုင်ငံတော် သီချင်းတွေကို သီဆိုကြပါတယ်။

နိပေါနိုင်ငံက ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တာင်ဟာ အမြင့်ပေ ၂၉၀၂၉ ပေ (မီတာ ၈၈၄၈ မီတာ) မြင့်ပြီး အဲ့ဒီတောင်ထိပ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက တောင်တက်သမား ၃၁၀၀   ကျော်သာ တက်ရောက်နိုင်သေးတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese