08 May 2016

“မြန်မာအလုပ်သမားများဖမ်းဆီးခံနေရမှုများကိုလုံးဝရပ်တန့်အောင် မြန်မာအစိုးရက အမြန်ဆောင်ရွက်ပေးသင့်”



                          
၂၀၁၆ ခု မေလ ၈ ရက်
ကိုတီး
         ဘန်ကောက်မြို့အနီးမဟာချိုင်တွင်တရားဝင်နေထိုင်ခွင့်ပြည့်စုံသည့်အလုပ်သမားများ  အားဖမ်းဆီး၍  လက်ကိုင်ဖုန်းနှင့်ငွေများကိုသိမ်းဆည်းထားရုံသာမက နောက်ထပ် ဘတ်ငွေ  ၅,၀၀၀ တောင်းခံခြင်းခံ နေရသည့် အလုပ်သမား ၅ဦးတို့အား MAT အဖွဲ့ကကူညီကယ်တင်နိုင်  ခဲ့သည်။ 
                                                            
         မဟာချိုင် မိုန်းမိုင်ဈေးအနီး အထည်ချုပ်စက်ရုံတွင် ဘတ်နှင့် ပတ်စပို့လုပ်ထားကြသည့် အလုပ် သမားများဖြစ်ကြသော အလုပ် သမား ငါးဦးတို့ကို  စက်ရုံအနား   ဈေးထွက်ဝယ်စဉ် နယ်မြေခံရဲက ဖမ်းဆီးသွား ခဲ့ခြင်းဖြစ်သည်။ 

 ပတ်စပို့ရှိကြသည့် မနွယ်နီဝင်း၊ ပိုင်ပိုင်နှင့် အောင်အောင် တို့ထံမှ လက်ကိုင် ဖုန်းသုံးလုံး ကိုသိမ်းယူ သည့်အပြင် ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသည့်  ဖူးဖူးနှင့် ဇင်ချိုင်း တို့ကိုရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

   ဖူးဖူး က“ သမီးပိုက်ဆံအိပ်ထဲမှာ ဘတ်ငါးရာတန်တစ်ရွက်နဲ့ ရာတန်၊နှစ်ဆယ်တန် စုစုပေါင်း ဘတ်ငွေ ၈၀၀ လောက်ကို ပုလိပ်က ယူသွားတာ။ ဇင်ချိုင်း အတွက် ဘတ် ၅,၀၀၀ ပေးရမယ် ဆိုပြီး တောင်းပါတယ်။ MAT အဖွဲ့ကိုက ရဲစခန်းဘာသာပြန်နဲ့ ရဲကိုလှမ်းပြောလို့ သမီးတို့ လွတ် လာတာပါ။  ကျေးဇူးတင်ပါတယ်။  သမီးတို့လို အဖမ်းခံနေရတဲ့သူတွေ ဆယ်ယောက်လောက်   မဟာချိုင်ရဲစခန်းထဲမှာမြင်ခဲ့ရသေးတယ်” ဟုပြောသည်။

         အလုပ်သမားတို့သည် နံနက် ၁၀ နာရီခန့်က ဖမ်းဆီးခံခဲ့ရပြီး  ညနေ ၄နာရီခန့်တွင်   ချောမွေ့စွာ ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်သည်။ 

        ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက“ဘန်ကောက်မှာလည်း ထိုင်း ရဲတွေက ဖမ်းစားနေတာပဲ။  မဟာချိုင်ဆိုရင် အဆိုးဆုံးပေါ့။ ကျနော်တို့ သိလို့ ကူညီနိုင်တာက နည်းနည်းလေးပါ။ အထောက်အထားအပြည့် အစုံနဲ့ နေထိုင်အလုပ်လုပ်ကိုင်တဲ့ မြန်မာတွေကို လုံးဝမဖမ်းဆီးအောင်  မြန်မာ အစိုးရအနေနဲ့ ထိထိရောက်ရောက် လေးလေးနက်နက် လုပ်ဖို့ လိုပါတယ်။ ဒါကို ၀န်ကြီးအဆင့် ညွန်ကြားရေး မှုချုပ်အဆင့် နိုင်ငံခြားရေးဝန်ကြီးအဆင့်ချင်းပြော လို့ ပြောင်းလဲမှာမဟုတ်ဘူး။ ဘာကြောင့်ဆို အဆင့်မြင့်အရာရှိတွေက အလုပ်သမားတွေကို ဖမ်းနေတာမဟုတ်ဘူး။ ထိုင်းရဲတွေ စိတ်ထဲမှာ ဗမာဆိုတာ ဖမ်းပြီးတောင်းရင် ပိုက် ဆံရတဲ့ ATM ငွေထုတ်စက်လို့ စွဲမှတ်နေတဲ့ စိတ်ဓါတ်တွေ ကို ပျောက်အောင်လုပ်ရပါမယ်။ ဖမ်းနေတဲ့ရဲတွေကို ဖမ်းသမျှရှင်းနေမှ ဖမ်းဆီး တာတွေပျောက် မယ်လို့ ယူဆပါတယ်”ဟုပြောသည်။
         
          မြန်မာအစိုးရသစ်အနေဖြင့် နေရပ်ရင်းသို့ပြန်နေကြသည့် မြန်မာအလုပ်သမားများထံမှ မဲဆောက်လမ်းတစ်လျှောက်ဆပ်ကြေးပမာကောက်စားခံနေရသည့်ကိစ္စရပ်များကိုလည်း မည် သို့သောအချိန်ကာလတွင်လာရောက်ဖြေရှင်းပေးနိုင်မည်လဲဟု မေးခွန်းထုတ်ရင်း စောင့်မျှော်နေ
ကြဆဲဖြစ်ကြောင်း အလုပ်သမားများက ရင်ဖွင့်ပြောဆိုနေကြသည်။

      အဘယ်ကြောင့်ဆိုသော်  တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကဒ်၊ ပတ်စပို့စာအုပ်နှင့် အလုပ်လုပ်ကိုင်ခွင့် ၀တ်ပါမစ်တို့အား မြန်မာအလုပ်သမာများတို့သည်
ငွေအမြောက်အမြား အကုန်အကျခံ၍ လုပ်ကိုင်ထားကြသော်လည်း အလုပ်အားလပ်ရက်ဖြစ်
သော တနင်္ဂနွေလို နေ့မျိုးတွင်ပင်လျှင် အနီးအနားသို့ လွတ်လပ်စွာ သွားလာခွင့်မရရှိနိုင်သော
အခြေအနေကို ဤဖြစ်ရပ်က ပြသနေခြင်းဖြစ်သည်။