06 May 2016

“MOU အလုပ်သမားပြဿ နာများရှင်းပေးစေလို”



                                   
၂၀၁၆  မေလ  ၅ ရက်
မြတ်ညို (အလွတ်သတင်းထောက်)

         မေလကုန်တွင် ထိုင်းနှင့်မြန်မာအစိုးရတို့ အလုပ်သမားတင်ပို့ခြင်းMOU ကိုလက်မှတ်   ပြန်လည်ထိုး ကြမည်ဟု သတင်းထွက်ပေါ်လာခဲ့ကြသော်လည်း GtoG အမည်ခံ ပွဲစားအေ ဂျင်စီများဖြင့် ပို့ထားသည့်အလုပ်သမားပြဿ     နာများနှင့်အလုပ်အခွင့်အရေးချိုးဖေါက်ခံနေရ ဆဲဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။

 (၁) မေ၀င့်ကုမ္ပဏီဖြင့် အလုပ်သမား ၁၈၀ဦး(ကျား၁၂၀+မ၆၀) တစ်ဦးလျှင် ကျပ်ငွေလေးသိန်း ခွဲစီပေး၍ ၅၊၄၊၂၀၁၅နေ့ က၊ ဆောက်လုပ်ရေးဖြင့်ရန်ကုန် ပင်လုံခန်းမမှာချုပ်သည်။ ထိုင်းကိုေ ရာက်ပြီး ပတ်စပို့ဖိုး တစ်ဦးလျှင်ဘတ်ငွေ၁၂,၀၀၀ ဖြတ်ပြီးဖြစ်သည်။ ရေခ၊ မီးခ၊ ပုလိပ်ကြေး ဟုဆိုကာ လစဉ် ၃၅၀ ဘတ်စီဖြတ်တောက်ပါသည်။ 

          ထိုအထဲမှ အလုပ်သမား၅ဦး ယခုအခါ စူရတ်ဌာနီ ဘန်ခီ နယ်မြေရှိ ဆောက်လုပ်ရေး ကုမ္ပဏီဝင်း နောက်ဘက်တွင်နေထိုင်ရသည်။ အလုပ်သမား၅ဦးကို လုပ်အားခ ၆၈,၇၆၀ ဘတ် ထုတ်မပေးသဖြင့် ဧပြီလ ၁၂ ရက်မှ မှစ၍ အလုပ်မလုပ်ပဲနေကြပါသည်။ 
 
(၂) မေ၀င့်ကုမ္ပဏီသို့ တစ်ဦးလျှင်ကျပ်ငွေသုံးသိန်းခွဲစီပေးခဲ့ရပြီး အလုပ်သမားတစ်ရာကျော် ပလပ်စတစ် စက်ရုံဟူ၍ ရန်ကင်းသင်တန်းကျောင်းတွင် စာချုပ်ချုပ်လာခဲ့သည်။ ၁၃.၂.၂၀၁၆ နေ့ကရောက်သည်။ အလုပ်သမား ၁၀ဦးတို့သည် နကပထုန် ခရိုင်တွင်ရှိသော ဘီယာစက္ကူပုံခွံများကို တံဆိပ်ရိုက်၊ ကားတင်ချ လုပ်ရသည်။ သူတို့မှာလုပ်အားခမရ ပွဲစား ဂရုမစိုက်သဖြင့် ဒုက္ခရောက်နေကြပါသည်။ 

 (၃) မိုးမိုးမိသားစု အေဂျင်စီအား အလုပ်သမား၄၈ဦး(ကျား၄၀ဦး+မ၈)တို့သည် ၂၇၊၆၊၂၀၁၄   နေ့က တစ်ဦးစီ ကျပ်ငွေ လေးသိန်းစီပေး၍ ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီခိုင် ဘန်ပူမြို့နယ်၊   နောင်ဖိုင်ကယောက်ရွာရှိ ကွန်ကရစ်အလုပ်ရုံသို့လာခဲ့ကြပါသည်။ အလုပ်သမားများသည် ပတ်စပို့ဖိုး ဘတ်ငွေ ၁၅,၀၀၀ ဖြတ်တောက် ပြီးဖြစ်ရုံသာမက ပကာစာခွန်း(အာမခံ) ကြေး အဖြစ် လစဉ် ၄၀၀ဘတ်စီ ပေးသွင်းနေခဲ့သူဖြစ်ပါသည်။ 


       ထိုအထဲမှ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းရွာမှ  အသက် ၃၃ နှစ်အရွယ် ချစ်ကိုကို ဆိုသူသည် ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီခရိုင် ဘန်ပူမြို့နယ်၊ နောင်ဖိုင်ကယောက် ရွာရှိ ကွန်ကရစ်အလုပ်ရုံ အလုပ်လုပ်နေစဉ် ၅.၂.၂၀၁၅ နေ့နံနက် ၉နာရီခွဲခန့်တွင် အုပ်စက် တွင်ညှပ်သွားခဲ့သဖြင့်၊ ခါးနဲ့ကြောရိုး အပြင်းအထန်ဒဏ်ရာရသွားသည်။ ဆေးရုံတွင် ၁၀ ရက် ကြာ ကုသခဲ့ရသည်။ လမ်းကောင်းစွာမလျှောက်နိုင်တော့သည့်အပြင် ထိုအခါမှစ၍ ပန်းသေေ ရာဂါ ပါ ဖြစ်သွားခဲ့ပါသည်။ အလုပ် ရုံမှဖြစ်ခါစ ၁နှစ်တိတိ တစ်နေ့လျှင် ဘတ်ငွေ ၁၅၀စီ   ထောက်ပံ့ပေးခဲ့ပါသည်။ ယခုအခါ ထောက်ပံ့ကြေးမပေးပဲ ၃လရှိပြီဖြစ်သဖြင့် ဇနီးဖြစ်သူ၏ လုပ်စာကိုထိုင်စားနေရပါသည်။ ချစ်ကိုကို တွင် အသက်၂၆နှစ်အရွယ် ဇနီးဖြစ်သူနှင့် နေရပ်ရင်း ၅နှစ်နှင့်၈နှစ်အရွယ်သမီး၂ဦးရှိပါသည်။ သူတို့အနာဂတ်အရေးကြီးပါသည်။

            ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ဒီဖြစ်စဉ် သုံးခုမှာ အေဂျင်စီတွေဟာ (၁) နိုင်ငံတော်အစိုးရသတ်မှတ်ထား တာက ကျပ်ငွေတစ်သိန်းခွဲ၊ သူတို့ယူထားတာက သုံးလေးဆဖြစ်နေတယ်။ (၂) ထိုင်းနိုင်ငံမှာ ဘတ်ငွေတစ်သောင်းဖြတ်ရမှာဖြစ်ပေမယ့် ပိုဖြတ်ထားတယ်။ ဒါ့အပြင်ပုလိပ်ကြေးပါပေးရတယ်။ (၃) အလုပ်ရုံမှာ ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံးတာ၊ အသက်သေဆုံးတာဟာ နစ်နာကြေးရဖို့ အတွက်အချိန်နဲနဲယူရပေမယ့် အလွန်လွယ်ကူတဲ့အလုပ်ပါ။ ခက်တာက အယင်အလုပ်သမား သံအရာရှိတို့ အေဂျင်စီတို့က ဒီလိုအလုပ်သမားတွေကို နစ်နာကြေးရရှိအောင် လုပ်မပေးပဲ   နေရပ်ရင်းကိုပို့လိုက်လို့ မွေးရာပါ ကိုယ်လက်အင်္ဂါပျက်စီးသွားသူတွေ မြန်မာနိုင်ငံမှာ အများ ကြီးရောက်သွားပါပြီ။ ဒါ တိုင်းပြည်နစ်နာဆုံးရှုံးမှုကြီးပါ။ ကျနော်တို့မှာ အထောက်အထားတွေ အပြည့် အစုံရှိပါတယ်” ဟုပြောသည်။
 
         MAT အဖွဲ့သည် ယခုရက်ပိုင်းအတွင်း တာဝန်မကျေသည့် အေဂျင်စီအချို့၏ ကိစ္စရပ်အချို့ အား အလုပ်သမားဝန်ကြီး၊ သမ္မတရုံး၊ ပြည်သူ့လွှတ်တော်နှင့် မြန်မာသံရုံး တို့သို့ ပေးပို့တင်ပြ ထားသည်။ MOU အလုပ်သမားပြဿ     နာများမှာ ယခု ကိစ္စများသာမကာ နောက်ထပ်လည်း ရှိနေပါသည်။ 

        သို့ဖြစ်၍ G to G စနစ်ဖြင့် ၂၀၀၉ ခုနှစ်မှ စတင်၍ ပို့ဆောင်ခဲ့ကြသည့် MOU စနစ်အား   ပြန် လည်သုံး သပ်ရန် MAT အဖွဲ့က မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနသို့ အကြိမ်ကြိမ် တင်ပြထားခဲ့ဖူးပါသည်။ ထို့ အပြင် အေဂျင်စီပွဲစားမလို၊ အစိုးရခေါင်းကိုက်စရာမလိုပဲ နိုင်ငံခြား သို့ အလုပ်သမားတင်သွင်းနည်းလမ်းကို ပြောပြလိုကြောင်း အလုပ်သမားဝန်ကြီးဌာနသို့ ကမ်းလှမ်းထားသည်။ 

        ယခု မြန်မာအလုပ်သမားဝန်ကြီး ဌာန၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အကောင် အထည်ဖေါ်ဆောင်ရွက်နေမှုများမှာ မူလလမ်းဟောင်း အတိုင်း လျှောက်လှမ်းနေခြင်းကိုသာ   မြင်တွေ့ ရကြောင်း ဦးကျော်သောင်း ကသုံးသပ်ထားသည်။ 


           ရွှေ့ပြောင်းအလုပ်သမား လေးသန်းထက်မနည်းရှိနေသော ထိုင်းနိုင်ငံအတွင်း မြန်မာ အလုပ်သမားများ၏ အခက်အခဲကဘာတွေလဲ။ ၀န်ထုတ်ဝန်ပိုးကဘာတွေလဲ၊ လုံခြုံစိတ်ချရမှု ဘယ်လောက်ရှိသလဲ၊ တစ်ခုခုဖြစ်လာရင် အလုပ်သမားတွေအတွက် ဘယ်သူတွေက တာဝန် ယူသလဲ ဆိုသည့် မေးခွန်းတို့ကို အလုပ်သမားတို့ထံမှ လွတ်လပ်စွာ အချိန်ယူ စနည်းနာပြီး လမ်းဟောင်းမှရုန်းထွက်ကာ အသွင်သစ်အမြင်သစ်ဖြင့် ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော   မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်သင့်သည်။

         အထူးသဖြင့် မြန်မာအစိုးရသစ်၏ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းရောက် ရွှေ့   ပြောင်းအလုပ်သမားများအား အပြည့်အ၀အကာအကွယ်အကူညီပေးခြင်း၊ နည်းပညာများေ လ့လာနိုင်ရန်ဖန်တီးပေးခြင်း၊ အလုပ်သမားများကို နေထိုင်အလုပ်လုပ်ကိုင်ခွင့် အကုန်အကျ အနည်းဆုံးဖြစ်စေခြင်း၊ နေရပ်ရင်းသို့ ငွေများများပို့နိုင်အောင် ဆောင်ကျဉ်းပေးခြင်းများကိုသာ ဆောင် ရွက်ပေးသင့်ကြောင်း အနည်းဆုံးနည်းလမ်းကိုရှာကြအနည်းကြောင်း MAT အဖွဲ့ကအကြံပြု ပြောဆိုသည်။