13 May 2016

“လုပ်ငန်းခွင့်အတွင်းဓါတ်လိုက်သေဆုံးမှု လုပ်ငန်းရှင်နှင့် ထိပ်တိုက်တွေ့”



              
၂၀၁၆ -ခု - မေလ - ၁၃ - ရက်
သန့်ဇင်ထက်

           လုပ်ငန်းအတွင်းဓါတ်လိုက်သေဆုံးသည့် အလုပ်သမား ကိစ္စအား လုပ်ငန်းရှင်က မသိကျိုးကျွံပြုရုံ သာမက ကူညီသူများ ကိုပါခြိမ်းခြောက်သည့်ကိစ္စ ယခုအခါ ပြေလည်ရေး ဘက်သို့ဦး တည် သွားပြီဖြစ်ပါ သည်။

         ထိုင်းနိုင်ငံ ပါချန်ဘူရီမြို့နယ်၊ ပါချင်ဘူရီမြို့ ကော်စေ့ အလုပ် ရုံတွင် ပြီးခဲ့သည့် ၁.၅.၂၀၁၆ တနင်္ဂနွေနေ့ က ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နေ၊ အသက် ၄၀ အရွယ် ကိုကြည်စိုးခိုင် သည် လုပ်ငန်း ရှင်က အချိန်ပို ခေါ်သဖြင့် အလုပ်လုပ်ကိုင်နေစဉ် ဓါတ်လိုက်၍ ကွယ်လွန်သွားခဲ့သည်။

         အလောင်းအား ၃.၅.၂၀၁၆ နေ့တွင်သဂြိုဟ်ခဲ့ကြသည်။ သေဆုံးသူတွင် အသက် ၁၅နှစ်၊ ၁၀နှစ်နှင့် ၈နှစ်အရွယ် သားသမီးများကျန်ရစ်ခဲ့သည်။ လုပ်ငန်းခွင်အတွင်း ခင်ပွန်းသေဆုံးသူ အတွက်နစ်နာကြေး မည် ရွေ့မည်မျှ ပေးမည်နည်းဟု ကျန်ရစ်သူဇနီး မနုနုစိုး က မေးမြန်းရာ ပိုင်မှလုပ်၊ မပိုင်ရင်အကုန် သတ်ပစ်မည် ဟု ပြန်လည်ပြောဆိုခဲ့သည်။ သူမက ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT ကသွားရောက်၍ လုပ်ငန်းရှင်နှင့် ထိုင်းအလုပ်သမားဥပဒေပါ ပြဌာန်းချက်များအား ရှင်းလင်းပြခဲ့ရသည်။ 


     MAT ရုံးတာဝန်ခံ ကိုစိုင်အေးက“သူဌေးက မြန်မာ အလုပ်သမားတွေ ဘာမှမသိဘူး၊ မလုပ်နိုင်ဘူးဆို တဲ့ သဘော။ ကျနော်တို့လုပ်လာခဲ့တဲ့ အတွေ့အကြုံတွေကို ရှင်းပြတယ်။ ဒီတော့မှာ အသုဘသဂြိုဟ်စရိတ် ဘတ် တစ်သောင်းပေးပြီး သေဆုံးသူအတွက် ဘတ်တစ်သိန်း ကူညီပေးမယ်ပြောတယ်။ လုပ်ငန်းခွင်ထဲ မှာ သေဆုံးမှု အတွက် ပကာစာခွန်း အသက် အာမခံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ လူသေဆုံးမှုအ တွက်တော့ အစိုးရ က   ပေးကိုပေးရတာပဲ။ နစ်နာကြေးရရှိအောင် ကျနော်တို့ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟုပြော သည်။

           ထိုင်းနိုင်ငံအတွင်း စက်ရုံအလုပ်ရုံ အတော်များများတို့တွင် ဓါတ်လိုက်သေဆုံးမှုများနှင့် စက်မတော် တဆမှုများစွာ မကြာခဏဖြစ်ပေါ်နေသဖြင့် မြန်မာအလုပ်သမားများ အထူးသတိ ထား၍အလုပ် လုပ်ကြရန် လိုပါသည်။ ဓါတ်လိုက်သေဆုံးမှုနှင့် လက်ပြတ်၊ ကိုယ်တစ်ပိုင်းသေ   နောက်ထပ်၎ ခု MAT အဖွဲ့သို့ အကူညီ တောင်းခံထားရကြောင်းသိရသည်။