11 May 2016

“ပတ်စပို့လုပ်ငန်းစဉ်ကြန့်ကြာမှုကြောင့်အလုပ်သမားများနစ်နာဆုံးရှုံးမှုများ”



                
၂၀၁၆ မေလ ၁၁ ရက်
မင်းဘခက်

           မြန်မာအစိုးရဘက်မှပတ်စပို့လုပ်ငန်းစဉ်အပေါ်တွင်အဆင့်များလွန်းခြင်းကြောင့် မလို အပ်ပဲ နစ်နာဆုံးရှုံးမှုများခဲ့သဖြင့် မြန်မာအစိုးရသစ်အနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်း MAT အဖွဲ့ကသုံးသပ်သည်။

          ၂၀၀၉ ခုနှစ်မှ  စတင်၍ ထိုင်းရောက်အလုပ်သမားများအားထုတ်ပေးခဲ့သည့် ပတ်စပို့ များ မှာ ယခု အခါ သန်းချီ၍ နေထိုင်ခွင့်ကုန်သွားခဲ့သဖြင့် အလုပ်သမားများဆုံးရှုံးနစ်နာမှုများဖြင့် ရင်ဆိုင်နေကြရသည်။  ထိုင်းနှင့်မြန်မာအစိုးရတို့က လွတ်လပ်စွာသွားလာခွင့်နှင့် ထိုင်းအလုပ် သမားများနှင့် တန်းတူအခွင့်အရေး ရရှိစေရမည်ဟု ကတိများပေးခဲ့ကြသော်လည်း လက်တွေ့ တွင်မရရှိခဲ့ပေ။ သို့ရာတွင် အလုပ်သမားများမှာ မဖြစ်မနေအကုန်အကျခံကာ ပတ်စပို့လုပ်ကိုင် ခဲ့ကြရ သည်။

       ဘန်ကောက်အခြေစိုက် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က“သက်တမ်းကုန်မယ့်အလုပ်သမားတွေအတွက် အစိုးရမှာအဆင်သင့်ပြင် ဆင် ထားတာမရှိခဲ့ဘူး။ ဒါကြောင့် ပန်းရောင်ဘတ်ကဒ်ကနေ ပတ်စပို့ကိုပြောင်း၊ ခုတစ်ခါ ပတ် စပို့သေသွားတော့ ပန်းရောင်ဘတ်ကဒ်တစ်ခါထပ်လုပ်။ ပတ်စပို့နဲ့နေခဲ့ရတဲ့အလုပ်သမားတွေရဲ့ စိတ်လုံခြုံဟာ ဘတ်ပြန်ကိုင်ရတဲ့အခါ တစ်မျိုးခံစားနေကြ ရတယ်။ ဒါ့အပြင် ထိုင်းအစိုးရဖြတ် ထား တဲ့ ပကာစာခွန်း(အာမခံကြေး)တွေရှိတယ်။ ဆုံးရှုံးမှုတွေ အများကြီးပါ။ ပတ်စပို့စာအုပ် လုပ် တဲ့နေရာမှာလည်း အနည်းဆုံးသုံးလေးလကြာတယ်။ (သံရုံးဆာဗာထဲကိုဝင်၊ ပြီးတော့ လ၀က၊ ပြီးတော့သတင်းတပ်ဖွဲ့SB,CID, စသုံးလုံး) မြန်မာပြည်မှာ ရုံးပေါင်းစုံပတ်သွားနေရတာ၊   တွေးသာကြည့်တော့ဗျာ။ သူများတိုင်းပြည်မှာအလုပ်လုပ်နေရတဲ့ အလုပ်သမားတွေအတွက် ဒီလိုအချိန်ကြာမြင့်မှု ဟာ အလုပ်သမားတွေအတွက်ဆိုးကျိုးကို ပဲဖြစ်စေပါတယ်” ဟုပြောသည်။


           ယခုအခါထိုင်းနိုင်ငံတွင် ရေလုပ်ငန်းတွင်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား များအား ပန်း ရောင်ဘတ်ကဒ်လုပ်ပေးလျှက်ရှိပါသည်။ ထိုပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထား သူများအားများမကြာမီအချိန်ကာတွင် CI ထုတ်ပေးရန်အတွက် နှစ်နိုင်ငံအစိုးရတို့သဘောတူညီ ခဲ့ပြီးဖြစ်ပါသည်။ ပန်းရောင်ဘတ် ကဒ်လက်ဝယ်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံတွင် အသုံြး ပုသော အမျိုးသားမှတ်ပုံတင်နှင့်သန်းခေါင်စါရင်းများရှိပါက ဘန်ကောက်မြန်မာသံရုံးတွင်သာမန်   နိုင်ငံကူးလက်မှတ်စာအုပ်(အနီရောင်)ကို လျှောက်ထား နိုင်ကြောင်းသိရသည်။ 

      မကြာခင် ထုတ်ပေးတော့မည့် CI မှာ နိုင်ငံသားစိစစ်မှုမပြုနိုင်မီ တရားဝင်နေထိုင် အလုပ် လုပ်ကိုင်နေထိုင် ခွင့်ရရှိရန်အတွက် ကြားခံစီစဉ်မှုတစ်ခုဖြစ်ကြောင်း မြန်မာသံရုံးမှ တာဝန်ရှိ သူပြောပြချက်အရသိရသည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် တရားဝင်နေထိုင် ခွင့်ပျက်ပျယ်နေကြသူများလည်းရှိကြသည်ဖြစ်ရာ ထိုင်းရောက်အလုပ်သမားဟူသမျှအားလုံး တို့ကိုပါ ပန်းရောင်ဘတ်ကဒ် အသစ်လုပ်ပါစေရန် အလုပ်သမားကမျှော်လင့်နေကြကြောင်း သိရှိရသည်။