ဆဲဗင်းဒေးသတင်းဂျာနယ် မှ ကူးယူဖေါ်ပြပါသည်။

မြန်မာနိုင်ငံသားများသည်
မြန်မာသံရုံးများအပေါ် မိမိ၏မိဘ အိမ်၊
အားကိုးစရာနေ ရာအဖြစ်
ခံစားသံယောဇဉ်ဖြစ်စေရေး ခွဲ ခြားခြင်းမရှိဘဲတွေ့ဆုံခြင်း၊ ဖိတ်ကြားခြင်း ပြု လုပ်ကာ စုစည်း ဆောင်ရွက်ကြရန် ဒေါ်အောင် ဆန်းစုကြည်က သံအမတ်များနှင့်တွေ့ဆုံ စဉ်
ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၅ ရက်တွင် သတင်းထုတ် ပြန်ခဲ့သည်။
ပြည်ပနိုင်ငံများသို့
တာဝန်ပေးခံရမည့် သံအမတ်များနှင့် ဧပြီ၂၂ ရက်က တွေ့ဆုံစဉ် ညွှန်ကြား ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။ ထို့ပြင် မြန်မာသံရုံးများ သည် နိုင်ငံသားများအကျိုးကို ကာကွယ်မြှင့်တင်ခြင်းဖြင့် ပြည်ပရှိ
မြန်မာနိုင်ငံသားများ ၏သိက္ခာ ကို မြှင့်
တင်ပေးနိုင်ကြောင်း၊
ထိုသို့ကာ ကွယ်စောင့်ရှောက်ရာတွင် ပြဿ နာဖြစ်နေသူများ၊ ရာဇဝတ်မကင်းသူများကိုပင်
ပစ်ပယ်မထားဘဲ ကူညီပေးရမည်ဖြစ်ကြောင်း ထပ်မံဖော်ပြ ထားသည်။

မြန်မာနိုင်ငံသား အများ
ဆုံးရောက်ရှိနေသော ထိုင်းနှင့် မလေးရှား
နိုင်ငံတို့ရှိ
သံရုံး များသည် အဆိုပါနိုင်ငံများသို့ရောက် ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ် သားများအား ယခင်က ကာကွယ် ပေးမှုနည်းခဲ့သည်။
မြန်မာသံရုံးများ၏
ကူညီမှုများမရှိသောကြောင့် ပြည်ပရောက်
မြန်မာလုပ်သားများသည် သက်ဆိုင်ရာသံရုံးအပေါ် ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်လာသည်အထိ ဖြစ်ပေါ်ခဲ့သည်။