02 May 2016

"ပတ်စပို့ရှိလည်း ထောင်ချလို့ရတဲ့ ထိုင်းနိုင်ငံအလုပ်သမားမူဝါဒကို မြန်မာအစိုးရသစ်ဖြေရှင်းသင့်"



                            


၂၀၁၆ -  မေလ ၂  ၇က်
မြတ်ညို (အလွတ်သတင်းထောက်)

           ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်သော်လည်းနယ်စပ်ကိုပြန်ပို့မခံရသေးပဲ ရွေးပေးမည့်သူ့ကို
၂လကျော်ကြာ စောင့်မျှော်နေသည့် အလုပ်သမား ၁၀ဦး ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့၊ ရသဖုန်း ရဲစခန်းထဲတွင်ရှိနေသည်။

       ၇၊၁၊၂၀၁၆ နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊  ဟတ်ယိုင်မြို့ရသဖုန်း ရပ်ကွက်ရှိ ကြက်သား ထုတ်လုပ်သည့် အလုပ်ရုံတည်ဆာက်နေစဉ် နယ်မြေခံရဲများက လုပ်ငန်းခွင်ထဲ့သို့ဝင်ရောက်၍ ဖမ်းပါသည်။ ပတ်စပို့ရှိသူ ၄ဦးနှင့် နေထိုင်ခွင့်မရှိသူ ၆ဦး (စုစုပေါင်း ၁၀ဦး) အဖမ်းခံရပါသည်။ 

          ဖမ်းဆီးချုပ်နှောင်ခံနေရသူများထဲမှ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူ မမော်မော် က“ ကျမတို့ ၄ယောက်က ပတ်စပို့ရှိတယ်။ ၀တ်ပါမစ်မရှိလို့ဆိုပြီးအဖမ်းခံရတယ်။ ထောင် ၄၉ ရက် လည်း ကျခံပြီးပြီး၊ လွတ်လာပြီး အချုပ်ထဲမှာ ၂လကျော်သွားပြီး၊ ခုထိ နယ်စပ်ကိုလည်း ပြန်မပို့ သေးဘူး။   ဆွေမျိုးတွေကို လာရွေးခိုင်းပါလို့ပဲ ပြောနေတယ်။ ကျမတို့ကို ဘယ်သူမှ မကူနိုင်ကြ   တော့ဘူးလား” ဟု အချုပ်ခန်းထဲမှ စိတ်ထိခိုက် ကြေကွဲစွာဖြင့် ပြောသည်။
      မမော်မော်တို့ ဇနီးမောင်နှံ ၂ဦးစလုံး ပတ်စပို့ရှိလျှက်နှင့် အဖမ်းခံနေကြရသည်။ ၎င်းတို့တွင် သားသမီးငယ် ၂ဦးရှိပြီး မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဒိုက်ခလေးရွာမှ မိဘများထံတွင် အပ်နှံ ထားသည်ဟုဆိုသည်။ 
  
          ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းနိုင်ငံမှာ ကျင့်သုံးနေတဲ့ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် လုပ်ငန်း စဉ်ဟာ အလုပ်သမားတွေအတွက် အကာအကွယ်နည်းပါးပြီး ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ အခြေခံအလုပ်သမားလူတန်းစား ကြောမွဲတွေအပေါ်မှာ၊ အထူးသဖြင့် တိုင်းတပါးကို မရှိဆင်းရဲ လို့ လာရောက်လုပ်ကိုင်စားသောက်ရတဲ့ အလုပ်သမားတွေ အပေါ်မှာ ကျင့်သုံးထားတဲ့ မူဝါဒ ဟာ အပေါ်စီးဆန်လွန်းပါတယ်။ နှိပ်ကွပ်မှုများပါတယ်။ ဒါတွေကို NLD အစိုးရအသစ် အနေနဲ့   သေသေချာချာလေ့လာပြီး အမြန်ဆုံးထိုင်းအစိုးရကိုပြော ဖို့လိုပါမယ်။ သန်းချီရှိနေတဲ့ ထိုင်းေ ရာက်အလုပ်သမားတွေကို ကူညီဖို့ကာကွယ်ဖို့အတွက် အစီ အမံတွေကို အလျှင်အမြန် ချမှတ်ပါ လို့ မေတ္တာရပ်ခံချင်ပါတယ်” ဟုပြောသည်။

            ထိုင်းနိုင်ငံတွင် ကျင့်သုံးနေသော အလုပ်သမားဥပဒေအရတရားမ၀င်အလုပ်သမားများ   ကိုခိုင်စေသည့်လုပ်ငန်းရှင်ကိုဒဏ်ငွေချမှတ်ခြင်း၊ ထောင်ဒဏ်ချမှတ်ရမည်ဟုပြဌာန်းထားသော်
လည်း လုပ်ငန်းရှင်ကိုအရေးယူသည်ဟု၍ မရှိပေ။ ထိုအခွင့်ကောင်းကိုယူ၍ ထိုင်းေ ဆာက်လုပ် လုပ်ရေး လုပ်ငန်းရှင်များက  လုပ်အားခမရှင်းပေးလိုသည့်အခါတိုင်းတွင် နယ်မြေခံရဲကိုခေါ်၍ မကြာခဏ ဖမ်းဆီးခိုင်းလေ့ရှိပါသည်။ ထို့ကြောင့်မြန်မာအလုပ် သမားများမှာ လုပ်အားခလည်း မရပဲ ထောင်ကျခံရပြီး နယ်စပ်သို့ ပြန်ပို့ခံရရုံသာမက မြ၀တီ ၉၉၉ ဂိတ်တွင် မရွေးနိုင်၍လူကုန် ကူးသူလက်ထဲမှတစ်ဆင့်ထိုင်းနိုင်ငံငါးဖမ်းလှေများပေါ်သို့ ရောင်းစားခံရခြင်းများစဉ်ဆက်မပြတ်  
  ဖြစ်ပေါ်လေ့ရှိပါသည်။
 
         အဆိုပါ အလုပ်သမားများ အချုပ်ခန်းထဲမှ အလျှင်အမြန်လွတ်မြောက်နိုင်ရေးအတွက်   မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူးထံသို့တင်ပြ၍
ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။