21 May 2016

“ရွှေလမှာ ယုန်ဝပ်လို့ဆန်ဖွပ်တဲ့အဖိုးအို..ဟောကြည့်ပါဆို”



                      
                “ရက်၁၀၀ အတွင်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက်အရိပ်အယောင်”
          ထိုင်းနိုင်ငံမှာတရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်မရှိပဲ ဆောက်လုပ်ရေးမှာဝင်လုပ်၊ လုပ်အားခ ဘတ်ငွေ သိန်းနဲ့သန်းနဲ့ရှင်းကြရတော့မယ့်အခါ ဒေသခံရဲကို ဖုန်းဆက်ပြီး အဖမ်း ခိုင်းတယ်။ ဒီအမူအကျင့်နဲ့ ထိုင်းနိုင်ငံအဆောက်အဦးတွေကို တည်ဆောက်ခဲ့တာ နှစ်ပေါင်းနှ စ်ဆယ်ကျော်ခဲ့ပြီ။ လုပ်အားခလည်းမရပဲ တစ်လခွဲကျော်နှစ်လနီးပါး ထောင်ကျပြီး ဟတ်ယိုင်၊ ဆုံခါရဲစခန်းကို ပြန်ရောက်လာတယ်။ မြန်မာနယ်စပ်ကို ပြန်ပို့ဖို့အတွက် ပိုက်ဆံထပ်တောင်း ခံနေရသူ ၃၀ ကျော်ရှိနေပါတယ်။ 

          တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့အတွက် ဖမ်းဆီးထောင်ချခံရတာ၊ နယ်စပ် ကိုပြန်ပို့ခံရတာဟာ ထိုင်းဥပဒေကြောင်းအရ ဘာမှပြန်ပြောပိုင်ခွင့်မရှိပေမယ့် မြန်မာအလုပ် သမားတွေပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့တဲ့လုပ်အားခတွေရရှိအောင် (ILO ရော ပြည်တော်ပြန်   မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်) ဆိုတာတွေကပါ တစ်စွန်း တစ် စ ဖြစ်ရပ်တစ်ခုလောက်ကိုများ ထိုင်းနိုင်ငံမှာရှင်းခဲ့ဖူးကြတာရှိသလားလို့မေးလိုက်ချင်တယ်။

                         “ထိုင်းတောင်ပိုင်းမှာ မနေ့က စာတစ်စောင်ထွက်လာတယ်”
       

           ပတ်စပို့တွေ၊ ဘတ်တွေ သက်တမ်းကုန်သွားတဲ့သူတွေဟာ ပန်းရောင်ဘတ်ကဒ်ကို အလျှင် အမြန်ဆက်ပါ။ တရားမ၀င်တွေ့ရှိ လာခဲ့လို့ရှိရင် မြန်မာအလုပ်သမား တစ်ယောက်ကို ထောင်ဒဏ်၅နှစ် ဘတ်ငွေ ၂,၀၀၀ ကနေဘတ်ငွေ တစ်သိန်းအထိဖြစ်စေ ဒဏ်၂ရပ် လုံးဖြစ်စေချမှတ်နိုင်တယ်။ တရား မ၀င်အလုပ်သမားကိုခိုင်းစေတဲ့ လုပ် ငန်းရှင်ကိုတော့ အလုပ်သမားတစ် ဦး အတွက်ဘတ်ငွေတစ်သောင်းမှ တစ်သိန်းထက်မကျော် တဲ့ဒဏ်ငွေ ကို ချမှတ်နိုင်တယ်လို့ ဖေါ်ပြထား တယ်။ မြန်မာအစိုးရဘက်က ဒီကြေ ညာချက်ကို ဘာတုန့်ပြန်မလဲ။ ပိုအရေးကြီးတာက ဘန်ကောက်၊ မဟာချိုင်နဲ့မဲဆောက်တို့မှာ မြန်မာ အလုပ်သမားတွေ၊ ဘတ်ရှိရှိ မရှိရှိ၊ ပတ်စပို့ရှိရှိ မရှိရှိ ရဲတွေဖမ်းပြီး နေ့ တိုင်း ငွေတောင်းနေတာကို ထိုင်းနဲ့   မြန်မာအစိုးရတို့ ဒီလိုပဲ ဆက် လက်ပြီးလက်ပိုက်ကြည့်နေတုန်းပါပဲ။

                                  “MOUအလုပ်သမားအခြေအနေ”



        လောလောဆယ်မှာMATအဖွဲ့ကို အကူညီေ တာင်းခံထားကြတာတွေက(၁) မိုးမိုးမိသားစုအေ ဂျင်စီက ပို့ထားတဲ့ အသက်၂၈ နှစ်အရွယ်ကလေး ၂ယောက်ဖခင် တစ်ယောက် လုပ်ငန်းခွင်မှာ ထိ ခိုက်မိလို့ ကောင်းမွန်စွာလမ်းမလျှောက်နိုင်တော့ပဲ ပန်းသေရောဂါဖြစ်သွားခဲ့တယ်။ 

(၂) မေ၀င့်အေဂျင်စီကပို့ထားတဲ့အသက်၃၀အရွယ် ကလေး၂ယောက်မိခင်၊ အလုပ်သမ တစ်ယောက် ညာလက်က တဒေါင်ဆစ်ကပြတ်၊ ဘယ်လက် ကသေ။ လက်နှစ်ဘက်ဘာမှ လုပ်မရတော့ဘူး။ ညာပေါင်မှာစတီးရိုးပါထည့် ထားရတယ်။ မွေးရာ ပါတွေပျက်စီးသွားခဲ့ကြပြီ။   အလုပ်သမားပို့ထားတဲ့အေဂျင်စီနဲ့ မြန်မာအလုပ် သမားဝန်ကြီးဌာနတို့ဟာ နေထိုင်ခွင့်မကုန်ဆုံး မီ ထိုက်တန်တဲ့နစ်နာမှုတွေရရှိအောင် အမြန်ဆောင်ရွက်သင့်ပါတယ်။

      (၃) ပြည့်အောင်ကျော် အေဂျင်စီကို ကျပ်ငွေငါးသိန်းစီပေး ပြီးလာခဲ့ကြတဲ့ အလုပ်သမား ၅ ယောက် ပတ်စပို့ဖိုး ဘတ်ငွေ ၁၃,၀၀၀ ဖြတ်ထားတာအားမရလို့ အခုထပ်ပြီး ဘတ်ငွေ ၃,၀၀၀   ဖြတ်ထားပြီးနောက်ထပ် ဘတ်ငွေ ၅,၀၀၀ ဖြတ်အုံးမယ်လို့ အလုပ်သမားတွေကပြောတယ်။

 


         MOU ပြဿ     နာတက်တဲ့နေရာတွေကို အေဂျင်စီပွဲစားတွေ ရောက်လာပြီးတော့ သံရုံးက ပါလို့ပြောဆို ဟိန်းဟောက်ကြဖန်များလာလို့၊ အလုပ်ရုံက မတရားမှုတစ်ခုခုလုပ်ရင်လည်း ဘာ ကိုတိုင်လို့ တိုင်ရမှန်းမသိကြပါဘူးလို့ပြောနေကြတယ်။ ထိုင်းအလုပ်ရုံပွဲစားနဲ့ ပွဲစားအေဂျင်စီတို့   ပေါင်းပြီး အလုပ်သမားတွေကို နှိပ်ကွပ်နေကြတယ်။ မြန်မာအစိုးရကလည်းအကာအကွယ် မပေးတာကို သိနေကြတဲ့ ထိုင်းအာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တွေကလည်း ဖြဲခြောက်   ဟောက်စားချင်နေကြတယ်။
                        
             “NLD အစိုးရ ထိုင်းရောက်အလုပ်သမားတွေကိုဘာလုပ်ပေးမလဲ”

          နှစ်ပေါင်း၂၀ကျော်ထိုင်းအစိုးရနဲ့ထိုင်းလုပ်ငန်းရှင်တွေဆီမှာပါနင်းပြားအဖြစ်ခံခဲ့ကြရတဲ့
  မြန်မာတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ်တက်လာတဲ့အခါ အကာအကွယ်တစ်ခုခုတော့ ရတန်ကောင်းပါရဲ့လို့ မျှော်လင့်ထားခဲ့ကြပါတယ်။


        ၁နှစ်၂နှစ်အတွင်း မြန်မာနိုင်ငံဟာ နတ်ရေကန်ထဲကျသလို အလုပ်အကိုင်အခွင့်အလမ်း
ပေါ်ပေါက်လာမှာမဟုတ်တာကြောင့်အရွယ်ရောက်ပြီးတဲ့မြန်မာတွေထွက်ခွာနေကြအုံးမှာဖြစ်ပါ
တယ်။ အဲဒါကြောင့် ပြည်တွင်းကထွက်ခွာနေကြတဲ့မြန်မာတွေကိုရော၊ ထိုင်းနိုင်ငံထဲမှာ ပတ်စပို့ သက်တမ်းကုန်ဆုံးနေသူအတွက်ပါစိတ်ချလုံခြုံစွာနဲ့သက်တောင်သက်သာဖြစ်စေမယ့် နေထိုင်   အလုပ်လုပ်ကိုင်ခွင့်တစ်ခုခုအတွက် မြန်မာအစိုးရသစ်မှာ ကောင်းမွန်သေသပ်တဲ့ အစီအမံမျိုး ရှိသေးဟန်မတူသေးဘူး။ MOU နဲ့လာပြီးပတ်စပို့ထပ်လုပ်ခိုင်း၊ ပန်းရောင်ဘတ်ကဒ်လုပ်ခိုင်းနဲ့   မြန်မာအလုပ်သမားတွေမှာ ဘာလုပ်လို့လုပ်ရမှန်းမသိတိုင်ပတ်နေဟန်တူပါတယ်။

         သမ္မတ ဦးသိန်းစိန် လက်ထက်မှာ (အနီးရောင်၊ ခရမ်းရောင်)ပတ်စပို့တွေထုတ်ပေးခဲ့ တယ်။ အလုပ်သမားဝန်ကြီးတွေဟာ ပွဲစားတွေနဲ့အကြီးအကျယ်ချမ်းသာသွားခဲ့ကြပေမယ့် ၆နှစ်၊ ၄နှစ်၊ ၂နှစ် သက်တမ်းကုန်ဆုံးမယ့် သန်းချီရှိတဲ့ ထိုင်းရောက်အလုပ်သမားတွေအတွက် ကြို တင်ပြင်ဆင်မှုမရှိခဲ့လို့ မြန်မာအလုပ်သမားတွေမှာ ပတ်စပို့ကိုင်ခဲ့ပြီးမှ အခု ပန်းရောင်ဘတ်ကဒ်   ပြန်လုပ်နေကြရတယ်။ 

           MOU လုပ်ထုံးလုပ်နည်းအလွဲအမှားတွေကြောင့် Demand ဖေါင်းပွနေတာကိုထိန်းချုပ် မယ်လို့ ညွန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဖွင့်ဟပြောဆိုနေတယ်။ လွတ်လပ်တဲ့အသင်းအဖွဲ့တွေ ၀င်ရောက်ဆောင်ရွက်ဖို့ ခက်ခဲတဲ့ G to G တံဆိပ်ကပ်ထားတဲ့ MOU အလုပ်သမားပြဿ     နာတွေကို မဖြေရှင်းနိုင်ပဲ၊ အနုလုံပဋိလုံ စဉ်းစားမှုမပြုပဲ၊ ဒီလကုန်မှာ ထပ်ပြီး GtoG အစိုးရချင်း လက်မှတ်ထိုးကြအုံးမယ်လို့လည်း ကြားသိရပြန်တယ်။



         အသာစီးရထားတဲ့ထိုင်းအစိုးရနဲ့ထိုင်းလုပ်ငန်းရှင်ဘက်က MOU ကိုဆက်လက် ရယူလို   ပေမယ့် နစ်နာဆုံးရှုံးမှု၊ အနိုင်ကျင့်ခံရမှုနဲ့ အလုပ်သမားတွေ အခွင့်အလမ်းနည်းပါးမှုတွေများ   နေတဲ့ အားနည်းချက်တွေကို မြန်မာအစိုးရပြင်ရပါမယ်။ ဒီ့အတွက် MOU အလုပ်သမားအသံေ တွနဲ့ အလုပ်သမားအရေးကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေကိုမယူပဲ စပွန်ဆာပွဲစားတွေနဲ့   ပေါင်းရိုက်ဖို့လောက်သာစဉ်းစားကြအုံးမယ်ဆိုရင်တော့ NLD အစိုးရ ဂုဏ်သိက္ခာဟာ စုတ်   ပြတ်သပ်လာမှာ မြေကြီးလက်ခပ်မလွဲပါဘူး။

         လက်ရှိအလုပ်သမားဝန်ကြီးဌာန တာဝန် ရှိသူတွေဟာ ထိုင်းနိုင်ငံဘက်ကို အလုပ်သမား တင်ပို့ထားပြီး လစ်လျှူရှု၊ တာဝန်မကျေတဲ့ အေဂျင် စီတွေကို ထိထိရောက်ရောက်အရေးယူမယ့်အစား၊ အမှန်တရားကိုဖုံးဖိပြီး ပွဲစားတွေနဲ့ ဆက်လက်ပြီး ပလူးနေကြတာဟာဖြင့် ပြည်ပရောက်ရွှေ့ပြောင်း အလုပ်သမားတွေအတွက် NLDအစိုးရဟာ ပြောင်း လဲချိန်မတန်သေးပါလားလို့ဝမ်းနည်းမိပါတယ်။

         ဦးသိန်းစိန် အစိုးရလက်ထက် ၅နှစ်တာ ကာ လမှာ ပြည်တွင်းမှာ အခြေခံအလုပ်သမား လစာ တစ်ခုကိုတောင် တိတိကျကျ မသတ်မှတ်နိုင်ခဲ့ဘူး။ ခုလည်း စစ်ကိုင်းသစ်သားအချောထည် အလုပ်ရုံဆန္ဒပြ အလုပ်သမား၅၁ဦး ကို ပုဒ်မ၄ခု နဲ့တရားစွဲတာတွေ၊ အလုပ်သမားအခွင့် အရေး   တွေအတွက် အလုပ်သမားအသင်းအဖွဲ့  ဖွဲ့စည်းတာတွေနဲ့ ဦးဆောင်သူတွေကို အလုပ်ရုံက အရေးယူတာတွေဟာ တိုင်းသစ်ပြည်သစ်ထူထောင်မယ့် လူထုရွေးကောက် တင်မြှောက် တဲ့ အစိုးရရဲ့နိမိတ်ကောင်းမဟုတ်သလို ဒီမိုကရေစီအစိုးရရဲ့ လုပ်ဟန်လည်းမဟုတ်ဘူး။  



         အလုပ်ရုံတစ်ရုံဟာ မီးလောင်လို့ပြာပုံဖြစ်သွားစေအုံးတော့၊အလုပ်ရှင်စီးပွားရေးကျဆင်း  လို့မွဲသွားစေအုံးတော့၊ အလုပ်သမားတွေအတွက် လုပ်အားခပေးလျှော်စရာရှိကိုရှိနေရပါမယ်။ ဒါမျိုးတွေကိုဘယ်လိုကြိုတင်ပြင်ဆင်ထားရတယ်ဆိုတာကို မြန်မာအလုပ်သမားဝန်ကြီးဌာန နဲ့ ရင်းနှီးမြုပ်နှံမှုကော်မရှင်တို့သိကြမယ်လိုယူဆပါတယ်။ လေ့လာထားသင့်ပါတယ်။

          နိဂုံးအနေနဲ့ပြောချင်တာကတော့NLD အစိုးရသစ်အနေနဲ့ ဟောင်းမြေ့ စုတ်ပြတ်နေတဲ့    ပြည်တွင်းပြည်ပ အလုပ်သမား မူဝါဒတွေအားလုံးကို  လုံးဝပြောင်းလဲပစ်သင့်ပါကြောင်း
 လက်သန်းကို မင်စွန်းခံထားသူတစ်ယောက်အနေနဲ့ မေတ္တာရပ်ခံပါတယ်ဗျာ။    ။


   

                                         မောင်ပေါ်ထွန်း