16 May 2016

“လုပ်အားခကျပ်သိန်းနှစ်ရာကျော်လည်းပြန်ရ၊ အမြန်ပြန်ရသဖြင့်လူကုန်ကူးခံရသူများဝမ်းသာ”




၂၀၁၆ - မေလ - ၁၆
ကိုတီး+ဘခက်

           လူကုန်ကူးခံခဲ့ရသည့်မြန်မာအလုပ်သမားတို့အား ကယ်ဆယ်ရေးစခန်းထဲသို့မသွင်းပဲ အဓမ္မခိုင်းစေခဲ့သည့်ငါးဖမ်းလှေပိုင်ရှင်နှင့်ညှိနှိုင်း၍ သင့်တော်သည့်လုပ်အားခများကိုပေးချေ၍
 နေရပ်ရင်းသို့ချက်ခြင်းပြန်ခွင့်ရခြင်းကြောင့်ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအာဏာပိုင်တို့အား အထူးကျေးဇူးတင်ကြောင်း MAT အဖွဲ့ ကပြောသည်။

        ထိုင်းနိုင်ငံတောင်ပိုင်း မလေးနယ်စပ် ခနုန်ငါးဖမ်းလှေဆိပ်ငါးဖမ်းလှေ တွင် ၁နှစ်မှ ၃နှစ်   ကျော်အထိ လုပ်အားခမရပဲနှိပ်စက်ညှဉ်းပန်းခံ၍ အလုပ်လုပ်ကိုင်နေခဲ့ကြရသည့် မြန်မာအ လုပ်သမား(ကရင်၊မွန်၊ ရခိုင်၊ ချင်းနှင့်ဗမာ)၁၃ဦးတို့အား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အ ထူးစုံစမ်းရေးမှ Mr.Komvich Padha narath Chief of Prevention and Suppression Div. 1 Anti-Human Trafficking Center , Depar tment of Special Investigation , Ministry of Justice ၏စီစဉ်ညွှန်ကြားမှုဖြင့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့  Anti-Human Traffic Division ၏ ကြီးကြပ်ဆောင်ရွက်မှုများဖြင့် ခနုန်းရေပုလိပ်(မရိမ်းတပ်ဖွဲ့) တို့နှင့်အတူ၊   မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်MAT အဖွဲ့တို့ ယမန်နေ့က ပူးပေါင်းကယ်ထုတ်နိုင်ခဲ့သည်။

         အဆိုပါ အလုပ်သမား၁၃ဦးထဲမှ အသက်၆၃ နှစ်အရွယ် ထားဝယ်မြို့မှ ဦးလှမြင့် ဆိုသူ က“ကျနော်၆လကြာတဲ့အခါမှသုံးဖို့ပိုက်ဆံဘတ်ငွေ၁၀၀ ပေးပါတယ်။ နောက်တော့ လှေတစ်ေ
ခါက်ဝင်ရင်ဘတ်ငွေ ၁၀၀ စီသုံးရပါတယ်။ လုပ်အားခလို့ ဘာမှ မပေးပါဘူး။ ဒီဘ၀မှာ အိမ်ကို မပြန်ရတော့ဘူးလို့မှတ်ထားတာ။ ကမ်းကိုရောက်လာရင် တစ်နာရီထက်ပိုမနားရဘူး။ ချက်ခြင်း ပင်လယ်ပြင်ကိုထွက်ပြီး ကျောက်ချနားထား တယ်။ နားထားတဲ့အချိန်မှာလည်း ပျက်နေတဲ့ပိုက်ေ တွ ကို လုပ်ရတယ်။ နားနားနေနေဆိုတာ ကျနော်တို့ ရောင်းစားခံနေသူတွေရဲ့ဘ၀မှာမရှိဘူး။  အခုတော့ ဆရာဦးကျော်သောင်းတို့ ကူညီမှုကြောင့် ကျနော့် လုပ်အားခ ဘတ်ငွေတစ်သိန်း ငါး   သောင်းခုနစ်ထောင် ကိုရရှိခဲ့တယ်။ အိုဖို့နာဖို့ လှူဖို့တန်းဖို့ရသွားလို့ပျော်တယ်”ဟုပြောသည်။ 

        လှေသို့ရောက်ချိန်တူညီမှုမရှိသဖြင့် အနည်းဆုံး ဘတ်ငွေနှစ်သောင်းကျော်ရသူနှင့် ဘတ်   ငွေတစ်သိန်းကျော် ရရှိသူ၎ဦးအပါအ၀င် အလုပ်သမား၁၃ဦးအတွက် စုစုပေါင်းဘတ်ငွေ ကိုး သိန်း နှစ်သောင်း တစ်ထောင်ခုနစ် (မြန်မာကျပ်ငွေ သိန်းနှစ်ရာ့ရှစ်ဆယ်) ၀န်းကျင်အား ငါးဖမ်းေ လှပိုင်ရှင်က ယမန်နေ့ညဥ့် ၁၀နာရီအချိန်က ခနုန်ကျေးရွာ ရေပုလိပ်စခန်းထဲတွင်ရှင်းပေးခဲ့ပါ သည်။

        ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ အလုပ်သမားတွေကယ်တင်လာပြီးတဲ့နောက်  ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးတပ်ဖွဲ့အာဏာ ပိုင်တွေနဲ့ ကျနော်တို့ အစည်းဝေးလုပ်ကြပါတယ်။ ကျနော်က အလုပ်သမားတွေကို လုပ်ငန်းရှင်ထံက လုပ်အားခကို တောင်းပေးပါ။ ဒီအလုပ်သမားတွေဟာ တရားဝင်ပန်းရောင်ဘတ်ကဒ်နဲ့ ပတ်စပို့တွေ ကိုင်ဆောင်ထားကြသူတွေဖြစ်တာကြောင့်    ကျနော်တို့ကိုယ်တိုင် မြ၀တီက မြန်မာအာဏာပိုင်တွေဆီသွားပို့မယ်။ ကယ်ဆယ်ရေးစခန်းထဲ မှာ ၆လကြာတဲ့တိုင်အောင် အိမ်ပြန်ခွင့်မရသေးတဲ့သူတွေရှိနေဆဲဖြစ်တယ်။ ဒါကြောင့် လူကုန် ကူးခံရတဲ့မြန်မာအလုပ်သမားတွေအထူးနစ်နာတယ်။ ဒီလိုညှိနှိုင်းလို့ရတာ အလုပ်သမားတွေ အတွက် ကံကောင်းတယ်ပြောရမယ်။ ကျနော် အလွန်ဝမ်းမြောက်ပါတယ်။ သူတို့နောက် ၂ရက် ဆိုရင် မိသားစုနဲ့ ပါလာတဲ့ငွေနဲ့ ပျော်ပျော်ပါးပါး ဆုံဆည်းခွင့်ရပြီ။ ကျနော်လူကုန်ကူးမှုတိုက်ဖျက်   ရေးလုပ်ကိုင်လာတာ ဆယ်စုနှစ်နဲ့ချီပြီးကြာနေပြီး ဒီအခွင့်ရေးဟာပထမဦးဆုံးပဲ”ဟုပြောသည်။
 
         MAT အဖွဲ့သည် ဘန်ကောက်မြန်မာသံရုံး သံအမတ်ကြီးနှင့် မြန်မာအလုပ်သမားကူညီ   စောင့်ရှောက် ရေးကော်မတီအတွင်းရေးမှူးတို့၏ ကူညီမှုနှင့်အတူ ယနေ့ညနေတွင် ခနုန်လှေ မှလှေဆိပ်တွင် လူကုန်ကူးခံရသူ ၁၃ ဦးတို့နှင့်အတူ ၁၄.၅.၂၀၁၆ နေ့က ခြုံဘူရီ ငါးဖမ်းလှေ ဆိပ်တွင်လုပ်အားခ မရပဲ ၅လကျော်ကြာရောင်း စားခံနေခဲ့ရသည့် ရခိုင်အလုပ်သမား၃ဦး (စုစုပေါင်း ၁၆ဦး) တို့အား မြ၀တီအာဏာပိုင်များထံသို့ လိုက်လံပို့ ဆောင်ပေးမည်ဖြစ်ပါသည်။

          MAT အဖွဲ့သည်ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ်တွင် လူ ကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦးနှင့် ၂၀၁၅ခုနှစ်တွင် အကြိမ်၂၃ ကယ်တင်မှုတွင် ၁၇၄ ဦးတို့ အား ကယ်ထုတ်နိုင်ခဲ့ပြီးလူကုန်ကူးသူပေါင်း ၁၀ဦး ကိုဖမ်းဆီးနိုင်ခဲ့ပါသည်။ 

       ၂၀၁၆ ခုနှစ်တွင် ယခုအကြိမ်အပါအ၀င် လူကုန်ကူးမှုပေါင်း ၁၈ကြိမ် အောင်မြင်ခဲ့ပြီး ထိုင်းနှင့်မြန်မာလူကုန်ကူးဂိုဏ်းခေါင်းဆောင် ၃ဦးတို့ကိုလက်ရဖမ်းဆီးနိုင်ခဲ့သဖြင့် ၎င်းတို့ယခု အခါ တရားရုံးတွင်ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ လူကုန်ကူးခံမြန်မာအလုပ်သမားပေါင်း ၁၆၇ ဦး ကို ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ 

       MAT အဖွဲ့၏ မှတ်တမ်းများအရ ၂၀၁၆ နှစ်အတွင်းလူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် များတွင် ကူညီဆောင်ရွက်ပေးကြသည့်ထိုင်းအဖွဲ့အစည်းများက အချက်အလက်များပို မိုတောင်း ခံခြင်းများရှိလာသလို ကူညီဆောင်ရွက်ကြသူများအနေဖြင့်လည်း အချက်အလက်များရရှိရန် ပိုမို ခက်ခဲ့လာသည်။ အမေရိကန် အစိုးရနှင့် ဥရောပသမဂ္ဂEU တို့က ထိုင်းနိုင်ငံထုတ်ပင်လယ် အစားအစာများအားဝယ်ယူခွင့်ပိတ်ပင်တားဆီး မှုများပြုလုပ်လာခဲ့ပြီးနောက် ထိုင်းအာဏာပိုင် များက လူကုန်ကူးခံနေရသည့် ငါးဖမ်းလှေများပေါ်မှ မြန်မာအလုပ်သမားများကို နယ်မြေအတွင်း   နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကဒ်များကိုထုတ်ပေးထားခဲ့သည်။ 

        နိုင်ငံတကာဖိအားများအရ ထိုင်းအစိုးရက ငါးဖမ်းလှေလုပ်သမားများကို တစ်လျှင်၂ရက် စီနားခွင့်ပေးရမည်ဟုဆိုပါသည်။ သို့သော် မြန်မာအလုပ်သမားများမှာ ကမ်းသို့ကပ်ခွင့်မရရှိ ကြပေ။ MAT အဖွဲ့နှင့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့ ၂၀၁၆ ခု ဇန်န၀ါရီလ၂၈
ရက်နေ့က ပူးပေါင်းကယ်ထုတ်ခဲ့သော ဖူးခက်ပင်လယ် အပန်းဖြေစခန်းအနီး ဖယ်ယော့ငါး ဖမ်းလှေဆိပ် အခန်းထဲမှ  လူကုန်ကူးခံမြန်မာအလုပ်သမား ၃၂ဦးတို့သည် ပန်းရောင်ကဒ်များ ကိုင်ဆောင် ထားသူများဖြစ်ကြသည်။ ယနေ့ည နယ်စပ်သို့ပြန်လည်ပို့ဆောင်ပေးမည့် လူကုန် ကူးခံ မြန်မာ ၁၆ ဦးတို့တွင်လည်း ၂ဦးမှာ နိုင်ငံကူးလက်မှတ်ရှိ၍ နောက် ၁၄ဦးတို့မှာ နေထိုင် အလုပ် လုပ်ကိုင် ခွင့် ပန်းရောင်ဘတ်ကဒ်များ ကိုင်ဆောင်ထားကြသူများဖြစ်ပါသည်။ ဤဖြစ်စဉ် ၂ရပ်ကိုထောက် ရှုသောအား ဖြင့် မြန်မာအစိုးရဘက်က ပတ်စပို့ထုတ်ပေးခြင်းနှင့်ထိုင်းအစိုးရ ဘက်က ပန်းရောင် ဘတ်ကဒ် ထုတ်ပေးခြင်းဖြင့် လူကုန်ကူးမှုလျှော့နည်းပပျောက်ရေးအတွက် အဓိကမဟုတ်သေးကြောင်း သုံးသပ်သင့်ကြောင်း ဦးကျော်သောင်း ကပြောသည်။ 


             ယခုလွတ်မြောက်လာသူထဲတွင် ချင်းအမျိုးသား ကိုခင်ဦး ဆိုသူ၏လက်ခုံအား လှေ ပိုင်ရှင်သူဌေးက သံတူဖြင့် ၃ချက်နှင့် ဒူးခေါင်းအား ပြင်းထန်စွာ ၂ချက်ထုရိုက်ခဲ့သည်။ ပိုက်ဆရာအဖြစ်လုပ်ခဲ့သည့် ရခိုင် အလုပ်သမား ကိုသန်းကျော် ဆိုသူလည်း နှစ်တစ်လက်မ သစ်သားတုတ်ကျိုးကြေသည်အထိ ရိုက်နှက်ခံခဲ့ရဖူးသည်ဟုဆိုသည်။ ထို့အပြင် အတိတ်မေ့ ဒနာခံစားရသည်ဝေဒနာသည် အောင်ဗလဆိုသည့်လူငယ်တွင်လည်း တံတောင်ဆစ်အနီးတွင် ၄လက်မခန့် အနာ ရွတ်ကြီးဖြစ်အောင် ဓါးဖြင့်အလှီးခံခဲ့ရသည်။ 

        ဤသူဌေးတွင် ငါးဖမ်းလှေ ၁၀စီးရှိပြီး ယခုလွတ်မြောက်လာသူများကဲ့သို့ ကမ်းကပ်ခွင့်မ ရပဲ ကျွန်ပြုခံနေရသည့် မြန်မာအလုပ်သမား ၈၀ ကျော်ခန့်ရှိသည်ဟုဆိုသည်။ ထို့အပြင် နှစ်   ပေါင်းများစွာ အလုပ်လုပ်၍ လုပ်အားခမရသဖြင့် ထွက်ပြေးသွားသူများကိုလည်းပြန်လည် ဖမ်းဆီး၍ သေလုမျောပါးရိုက်နှက်ကာ ပြန်လည် ခိုင်းစေခဲ့သည်။ 

        ပင်လယ်ထဲသို့ပြုတ်ကျသေဆုံးသူများ၊ ထိုင်းပိုက်ဆရာသတ်၍ ပစ်ချခဲ့သူ၎ဦးခန့်ကို မြင်ဖူး ခဲ့ကြောင်း ယခုလှေပိုင်ရှင်သူဌေးထံတွင် ၈နှစ်ကြာပိုက်ဆရာလုပ်ခဲ့သူကိုသန်းကျော်ကဆိုသည်။  သူဌေးတွင် ထွက်ပြေးလွတ်မြောက်သွားသူတို့၏ ပတ်စပို့နှင့် ပန်းရောင်ဘတ်ကဒ်တို့မှာ ပလပ် စတစ်ခြင်း တစ်ခုဖြင့် အပြည့်နီးပါးရှိသည်ဟုပြောကြသည်။


                ယခုပြန်လည်လွတ်မြောက်လာသူများ၏ပြောပြချက်အရရက်စက်ယုတ်မာသည့် လှေပိုင်ရှင်  သူဌေး ၏ ငါးဖမ်းလှေ ၁၀စီးထဲတွင်ထဲ နှစ်ပေါင်းများစွာကျွန်ပြုခံနေရသည့် မြန်မာအလုပ်သမား ၈၀ကျော်ခန့်တို့အား မြန်မာအစိုးရသစ်၏လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အနေဖြင့်ကယ် ထုတ်နိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း MAT အဖွဲ့ကတောင်းဆိုသည်။ ထိုင်းနှင့်မြန်မာအစိုးရ တို့၏ လူကုန်ကူးမှုပူးပေါင်းဆောင်ရွက်ချက်၏ လက်တွေ့ဆန်မှုကို သက်သေပြသရာလည်းေ ရာက်ရှိပါလိမ့်မည်။ လူထုရွေးချယ်တင်မြှောက်ထားသည့် NLD အစိုးရသစ်၏ရက်၁၀၀ စီမံကိန်း တွင် ထိုင်းရောက် မြန်မာအလုပ်သ မားများအတွက် မည်သို့သော ပြောင်းလဲမှုပုံစံပေါ်ပေါက် လာလိမ့်မည်နည်းဟု သန်းချီရှိသော အလုပ်သမားများကမျှော်လင့်နေကြကြောင်းသိရှိရသည်။