11 May 2016

“MOU လုပ်ငန်းစဉ်အမှားအယွင်းများကိုမြန်မာအလုပ်သမားဝန်ကြီးဌာနဂရုမူသင့်”



            
၂၀၁၆ မေလ  ၁၁
စောမောင်

         ထိုင်းနိုင်ငံသို့ပို့ဆောင်ရန် စာချုပ်ချုပ်ထားခဲ့သော်လည်း အလုပ်သမားမပို့နိုင်သည့် အလုပ် သမား ၈ဦး(ရမည်းသင်းမှ၅ဦးနှင့်မကွေးမှ၃ဦး)တို့အားယနေ့ကျပ်ငွေသုံးသိန်းခွဲစီပေး၍ ကျေအေး လက်မှတ် ထိုး ခဲ့ရကြောင်းသိရသည်။

           အကူညီပေးသည့်ဦးနန္ဒမာလာဆိုသည့်ရဟန်းတော်က“ဘယ်သူတွေနဲ့ရှင်းကြလဲတော့ မသိဘူး၊ ဦးဇင်းကို ဓါတ်ပုံလည်းရိုက်ခွင့်မပေးဘူး။ ရုံးအပေါ်ထပ်ကိုလည်းတက်ခွင့်မပြုဘူး။ အလုပ်သမားတွေအတွက် ဦးဇင်းကိုယ်တိုင်ပေးအပ်ထားတဲ့ကျပ်ငွေ နှစ်သိန်း အပြင်နစ်နာကြေး ဆိုပြီး ကျပ်ငွေ တစ်သိန်းခွဲစီပါပေးလိုက် ပါတယ်” ဟုပြောသည်။

          ပြီးခဲ့သည့် ၂၁.၁.၂၀၁၆ နေ့က အလုပ်သမားကျား၁၄၀+မ၆၀ ဦးတို့အား ထိုင်းနိုင်ငံ ပလပ်စတစ် အလုပ်ရုံတစ်ခုမှာ လုပ်ရမည်ဟုဆိုကာ ရန်ကုန်မြို့ ရန်ကင်းသင်တန်းကျောင်းတွင် စာချုပ်ချုပ်ခဲ့ကြောင်း။ ၃လကျော်သည့်တိုင်အောင် ထိုင်းနိုင်သို့ အလုပ်လုပ်ရန် မသွားရသဖြင့်   မေ၀င့်ကုမ္ပဏီသို့ သွားရောက်မေး မြန်းခဲ့ရာ ပြေလည်အောင် ဖြေရှင်းပေးမှုမရှိပဲသွားချင်တဲ့နေ ရာ ကိုသွားတိုင်ဟူ၍ ရိုင်းစိုင်းစွာပြောဆိုခဲ့သည် ဟု အဆိုပါ ဦးပဇင်းက ပြောသည်။

သို့ဖြစ်၍ ဦးန္ဒမာလာသည်  ၂၈.၄.၂၀၁၆ နေ့က နေပြည်တော် အလုပ်သမားဝန်ကြီးဌာနသို့ ကြွရောက်၍ တင်ပြခဲ့ပါသည်။ 

ရန်ကုန်သို့ပြန်လည်ရောက်ရှိလာသည့်အခါ ပြည်ပအလုပ်အကိုင်ရှာဖွေရေးပွဲစားများအ ဖွဲ့ချုပ် MOEAF မှ အတွင်းရေးမှူ(၂) ဦးကျော်ဇော ဆိုသူက ပေးထားသည့် ကျပ်ငွေ ၂သိန်းကို ယူ၍   ကျေအေးပါရန် ပြောဆိုခဲ့ကြောင်း အဆိုပါ ရဟန်းတော်ကပြောသည်။ 

  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က  အလုပ်သမားတွေဆီက ကျပ်သိန်း၇၀၀လောက်ကို ၃လကြာရယူသုံးစွဲ ထားပြီး၊ တိုင်နိုင် တောနိုင်တဲ့ အလုပ်သမားတွေကိုပဲ ပြန်ပေးသလား၊ အခြားအလုပ်သမား ၂၀၀နီး ပါးကိုကော မြန်မာအလုပ်သမား ၀န်ကြီး ဌာနက ပြန်ပေးအောင်မစီစဉ်ဘူးလား။ စာချုပ်ချုပ်ပြီး ၃လတိုင်တိုင် လူမပို့ပဲထားတဲ့ မေ၀င့်ကုမ္ပဏီကို ဘာမှ အရေးမယူဘူးလား။ ပွဲစား များအဖွဲ့ချုပ်MOEAF က သူတို့ပွဲစားအချင်းချင်း ကာကွယ်တာသဘာဝကျပေမယ့် အကျင့်ပျက် တဲ့ အေဂျင်စီတွေကို မြန်မာအလုပ်သမားဝန်ကြီးဌာနဘာကြောင့်ဒီလောက်ကာကွယ်နေတာလဲ၊ MOU လုပ်ငန်းစဉ်နဲ့ MOEAFရဲ့လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်မှုမပြုပဲထိုင်းနဲ့မြန်မာMOU   ကို အလျှင်အမြန် လက်မှတ်ထိုးမယ်ဆိုရင် NLD အစိုးရသစ်အနေနဲ့ သိက္ခကျလာပါလိမ့်မယ်” ဟုပြောသည်။


         MAT အဖွဲ့သည် မေ၀င့်အေဂျင်စီ၏ ရက်စက်မှုတို့ကို ဘန်ကောက်မြန်မာသံရုံး ထဲတွင် လည်းကောင်း အလိမ်ခံရသည့် အလုပ်သမားများကိုယ်တိုင် ရန်ကုန်မြို့တွင်ရှိသော ဂျာနယ်လစ်များ ကွန်ယက် တွင်လည်းကောင်း သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ တင်ပြခဲ့ဖူးပါသည်။ ထို့အပြင် မန္တလေး တိုင်းမှ အလုပ်သမား  ၄၀၀ ဦးတို့အား တစ်ဦးစီ ကျပ်ငွေ လေးသိန်းခန့်ယူ၍ ထိုင်းနိုင်ငံသို့မပို့ ဆောင် ခဲ့သည့် ကိစ္စရပ်ကိုဗွီဒီယို ရိုက်ကူး၍ မြန်မာအလုပ်သမားညွန်ကြားရေးမှူးချုပ်တို့ထံ သို့ ပေးပို့ခဲ့ဖူးရုံ သာမက ရွှေလုပ်သား ၀ဘ်ဆိုဒ် တွင်လည်း တင်ပြခဲ့ပါသည်။ 

          ၂၀၀၉ ခုနှစ်ကတည်း ထိုင်းနှင့်မြန်မာအစိုးရတို့ လုပ်ကိုင်ခဲ့သည့်တရားဝင်အလုပ်သမား တင်ပို့ သည့် G to G သည် အလုပ်သမားအများစုတို့ ဒုက္ခရောက်ကြ၍ အကျင့်ပျက် ၀န်ထမ်းများ   နှင့် ကြားခံအေဂျင်စီများ အတွက် စီးပွားရေး B to B  ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့် ဆိုသော်  အလုပ်ရုံမှ လူမခေါ်ပဲ အလုပ်သမား ခေါ်စာအတုဖြင့်လူများတင်သွင်းခဲ့ကြခြင်း၊ လိပ်စာမရှိသည့်နေရာနှင့် အလုပ်  သမား တင်ပို့ခဲ့ခြင်းများ အပြင် မဲဆောက်ကဲ့သို့သောနေရာသို့ MOU အလုပ်သမားတင်ပို့ခြင်း များမှာ
မြန်မာအလုပ်သမားများအား အကြီးစားလိမ်လည် မှုဖြစ် ပါသည်။ ထို့အပြင် တရားဝင်လူကုန်ကူး သည်လည်းမည်ပါသည်။


          MOU ၏ သဘောတူညီချက်များတွင် မြန်မာအလုပ်သမားများသည် မိမိကိုယ်ပိုင်ငွေဖြင့် အကျိုး ဆောင် အေဂျင်စီများထံတွင် မိမိတို့ဘ၀ကို  အပ်နှံ၍ လွတ်လပ်မှုနှင့်အခွင့်အရေးနည်း ပါးစွာဖြင့် တုတ်နှောင်ခြင်းခံရသော အချက်အလက်များပါဝင်ပါသည်။ မြန်မာအစိုးရအနေဖြင့် ထိုင်းအစိုးရနှင့် MOU လက်မှတ်အသစ် ပြန်လည်မရေးထိုးမီ၊ ထိုင်းသို့ရောက်နေသည့် MOU အလုပ်သမားကိုယ်လှယ်များ၊ ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးဆောင်ရွက်နေသူများဖြင့် လုံလောက်သည့် အချိန်များပေး၍ အချက်အလက်များ ယူသင့်ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာ   နိုင်ငံသားများအဖွဲ့MATက မြန်မာအလုပ်သမားဝန်ကြီးအား တောင်းဆိုချင်ကြောင်းပြောဆိုသည်။