21 May 2016

"စင်ကာပူအလုပ်ရှင်ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်ခံရ"


 

လုပ်ငန်းခွင်တွင်း ဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ်သမားအား လမ်းဘေး၌စွန့်ပစ်မှုဖြင့် စင်ကာပူ အလုပ်ရှင် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ဒေါ်လာ ၈၅၀၀၀ ချမှတ်ခံရ

21 May 2016 17:01(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

         သေအံ့ဆဲဆဲ ဒဏ်ရာရ မြန်မာလုပ်သားတဦးကို လမ်းဘေး၌ စွန့်ပစ်ခဲ့မှုဖြင့် စင်ကာပူ အလုပ်ရှင်ကို မေ ၂၀ ရက်က ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် စင်ကာပူဒေါ်လာ ၈၅၀၀၀   ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ အသက် ၂၈ နှစ်အရွယ် ကိုမျိုးမင်းအောင်သည် မူဟာမက်ဟီဒါယက်အဗ္ဗဒူလ်ရာမန် (၄၁နှစ်) အတွက် အချိန်ပိုင်း ဆေးသုတ်သမားတယောက် အနေဖြင့် ၀င်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းသည် ၂၀၁၃ အောက်တိုဘာ ၇ မနက် ၁ နာရီ ၂၀ မိနစ်ခန့်က ၁၁ ဒဿ     မ ၇ မီတာမြင့်သော Vivo City တံတားပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

    ကိုမျိုးမင်အောင်သည် တရားမ၀င်လုပ်သားတဦးဖြစ်ပြီးထိုညကသောက်စားထားသည်ဟုဆို သည်။

         ဖြစ်စဉ်မှာ ဟီဒါယက်သည် အခြားဆေးသုတ်လုပ်ငန်းတခုတွင် လုပ်ကိုင်ခဲ့စဉ် ၂၀၁၁ ခန့်က သေဆုံးသူ ကိုမျိုးမင်းအောင်၊ ကိုမင်းအောင်မြတ်မင်း တို့နှင့် အသိအကျွမ်းဖြစ်ခဲ့ကြပြီး ၂၀၁၃ စက်တင်ဘာ ၂၇ ရက်နေ့တွင် ကိုမျိုးမင်းအောင် ထံ ဖုန်းဖြင့်ဆက်သွယ်၍ ၎င်း၏   ဆေးသုတ်လုပ်ငန်းအတွက် အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။ ကိုမျိုးမင်အောင် သည် ယခင် ကလည်း လေးကြိမ်ခန့် ဟီဒါယက်အတွက် လုပ်ကိုင်ပေးခဲ့ဖူးသည်။

          မြန်မာလုပ်သားနှစ်ဦးသည် လုပ်ငန်းခွင်လုံခြုံမှုအရာရှိ မစ္စတာ အာဇာထံသို့ ၂၀၁၃   အောက်တိုဘာ ၆ ရက် ည၁၁ နာရီ ၂၀ မိနစ်ခန့်က အလုပ်ဆင်းရန် သတင်းပို့ခဲ့သည်။ ၎င်းတို့နှစ်ဦးထံမှ အရက်နံ့ရ၍ သောက်စားထားကြောင်း မစ္စတာအာဇာက သတိပြုမိသဖြင့် ဟီဒါယက်ထံ ဖုန်းဆက်အကြောင်းကြားရာ ဟီဒါယက်က ကိုမျိုးမင်းအောင် အား အလုပ်ပေး မဆင်းရန် မစ္စတာ အာဇာအား ညွှန်ကြားခဲ့သည်။ သို့သော် မစ္စတာအာဇာအနေဖြင့် ကိုမျိုးမင်းအောင်အား မဟန့်တားခဲ့ချေ။

          လုပ်ငန်းခွင် တံတားခေါင်မိုးပေါ်တွင် အလင်းရောင်မလုံလောက်သဖြင့် ကိုမျိုးမင်းထွန်း အား ဆေးသုတ်လုပ်ငန်းအစား မီးလုံးတပ်ဆင်ခြင်းကိုသာ လုပ်ကိုင်ရန် မစ္စတာအာဇာက ညွှန်ကြားခဲ့သည်။

      ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မြန်မာလုပ်သားနှစ်ဦးတို့ အလင်းရောင်မလုံလောက်၍ အကာအရံမရှိသော တံတားခေါင်မိုးပေါ်တွင်ရောက်ရှိ လုပ်ကိုင်နေကြရာ လျှပ်စစ်မီးကြိုးများ   ထွေးနေသဖြင့် ကိုမျိုးမင်းထွန်းက တံတားအမိုးထက်မှာနေ၍ မစတ္စာအာဇာထံ ကြိုးကို ဖြေေ လျှာ့ပေးနေစဉ် ကိုမျိုးမင်းထွန်း မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

     ထို့နောက် ကိုမျိုးမင်းထွန်းအား ဟီဒါယက်၏ ကားနောက်ခန်းတွင် တင်ဆောင်၍ Upper Circular Road အနီး၌ စွန့်ပစ်ခဲ့ကြသည်။ထိုသို့မစွန့်ပစ်မီ ဟီဒါယက်နှင့် ကိုမင်းအောင်မြတ်မင်း    တို့နှစ်ဦးက ကိုမျိုးမင်းထွန်း၏လုပ်ငန်းခွင်ဝတ်စုံကို အရပ်ဝတ်အကျီ င်္ပြောင်းဝတ်ပေးခဲ့ကြ သည်။ အထပ်မြင့်ကားပါကင်မှ မြေညီထပ်သို့အရောက် ကိုမင်းအောင်မြတ်မင်း ကားပေါ်မှ ဆင်း၍ ဟီဒါယက်နှင့် မစ္စတာအာဇာတို့နှစ်ဦး ကိုမျိုးမင်းထွန်းအား တင်ဆောင်၍ ထွက်ခွာသွား ခဲ့ကြသည်။

          ထိုလုပ်ရပ်ကြောင့် မိမိ၌အပြစ်ရှိကြောင်း ဟီဒါယက်က ရုံးတော်၌၀န်ခံခဲ့ပြီး ငွေဒဏ်ေ ဆာင်ရန် ရှောင်ကြည်သဖြင့် နောက်ထပ် ထောင်ဒဏ် ၂ လ နှင့် ၂ ပတ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

           မိမိ၏အမှုသည်သည် ထိုနေ့ကဖြစ်စဉ်ကြောင့် ထိတ်လန့်၍ မှန်ကန်စွာမဆုံးဖြတ်နိုင်ဖြစ် ခဲ့ ရကြောင်း၊ မြန်မာလုပ်သားနှစ်ဦး သောက်စားထားသည်ကို သိရှိရသဖြင့် အလုပ်ပေးအလုပ် ရန် ညီဖြစ်သူအား ညွှန်ကြားခဲ့ပါကြောင်း၊ ညီဖြစ်သူ အာဇာကညွှန်ကြားချက်အတိုင်းအဟန့်တား ခဲ့ သည်ကို မသိရှိခဲ့ရကြောင်း ဟီဒါယက်၏ရှေ့နေက လျှောက်လဲခဲ့သည်။

                            News Watch(စောင့်ကြည့်သတင်းဂျာနယ်)
                     https://www.facebook.com/NewsWatchJournal