၂၀၁၆ မေ ၂၂ ရက်
ရွှေလုပ်သား
ဦးနေ၀င်း ဦးဆောင်သည့်
တစ်ပါတီအာဏာရှင်စနစ် အားလှဲဖြိုခဲ့ ကြသည့် ရှစ်လေးလုံးအရေးတော်ပုံ ကာလ၊ ၁၉၈၈ စက်တင်ဘာ ၁၉ရက် တွင် သေနတ်ဒဏ်ရာဖြင့် ကျဆုံးခဲ့သည့် အသက် ၁၆နှစ်အရွယ် ၈တန်း ကျောင်းသူ
မ၀င်းမော်ဦး ကို ယနေ့တွင် မိဘများက အမျှဝေလိုက်ပြီဖြစ်ေ ကြာင်းသိရသည်။
ဖခင်ဖြစ်သူ ဦးဝင်းကြူအား “ဒီမိုကရေစီရမှ အမျှဝေပါ” လို့ သေအံ့ဆဲ မှာ
မ၀င်းမော်ဦး ၏ ဆန္ဒပြုအမှာစကားကို ၂၈နှစ်အကြာတွင်ပြည့်ဝခဲ့ခြင်းဖြစ် သည်။ လှိုင်သာယာနေအိမ်တွင်
ရဟန်းသံဃာများပင့်ဖိတ်၍ အရေတော်ပုံ အတွင်း ကျဆုံးသွားကြသည့် ရဟန်းရှင်လူ
ပြည်သူအားလုံးကိုရည်စူးကြောင်း ဦးဝင်းကြူကပြောသည်။
ရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရ
ပြီး အစိုးရဖွဲ့ ပြီးနောက် သမီးဖြစ် သူ၏
နောက်ဆုံးဆန္ဒအတိုင်းအမျှ ပေးဝေ ရန်ဆုံးဖြတ် ခဲ့ကြောင်း
ဦးဝင်းကြူက ပြောသည်။
လာမည့် စက်တင်ဘာ
၁၉ ရက်တွင်လည်း ထပ်မံအမျှဝေမည်ဟု ၎င်း၏မိသားစုဝင်များကပြောသည်။ မ၀င်းမော်ဦး ၏အကြောင်းအရာများကို
ဒီမိုးဝေယံ အွန်လိုင်းစာမျက်နှာတွင်…..ယခုကဲ့သို့ဖေါ်ပြထားသည်။

ထိုအချိန် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အရောက် အဏာပိုင် တို့၏ ပြစ်ခတ်မှုကြောင့် သူမ၏ခြေသလုံး(ဘယ်)၊ ပေါင်(ဘယ်)တို့ ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန် ကျောင်းနေဘက်တို့မှ ၀င်းမော်ဦး အား ၀ပ်နေရန် လှမ်းအော်သည့်အခါ ၊ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော ၀င်းမော်ဦးက ''မ၀ပ်ဘူး ငါဝပ်လိုက် ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊ ဗိုလ်ချုပ်ပုံမြေခရင် ငါတို့ ရှုံးတာပဲ''ဟု ပြန်အော်ခဲ့သေးသည်။ ထို့နောက်အာဏာပိုင်တို့၏ ဆက်လက် ပစ်ခတ်မှု တို့ကြောင့် ကြိုးစား ဒူးထောက်နေသော မ၀င်းမော်ဦး ၏ ညာဘက် လက်မောင်းဘေးမှ ဖေါက်ပြီး ခန္ဓာကိုယ်အတွင်းထိ ကျည်ဆန်ဝင်ခဲ့သည်။ ၄င်းနေရာတွင်ပုန်းခိုနေရာမှ ကယ်ဆယ်ရေး ဆရာဝန်( ၂ )ဦး မှာနေ.လည် ၁၂း၃၀ နာရီ နှင့် ၀၁း၀၀ နာရီ လောက်မှ ကယ်ဆယ်ခွင့်ရခဲ့သည်။ ၄င်းကယ်ဆယ်ခဲ့သူ ခေါင်းဖက်မှမသူ ဒေါက်တာမင်းသိန်း အား "သမီးကို ကယ်ပါ" သူ.နှုတ်ခမ်းမှ ပြောဆိုသည့်စကားကို ကိုမင်းသိန်းမှ ပြောမှ သိခဲ့ရပါသည်။ ခြေရင်းမှမတာ ဒေါက်တာစောလွင် ဟုလည်းပြောပါသည်။
သူမဆေးရုံရောက်သည်အထိ ၊မိဘများထံ တယ်လီဖုန်းဆက်ရန်၊ ဖုန်းနံပါတ် ကိုလည်း သူမ ကိုယ်တိုင်ပေးခဲ့သည်။ မိဘ၊ ဦးလေး၊ ဘကြီးတို့ ဆေးရုံသို့ လိုက်သွားသည့် ၃း၀၀ နာရီလောက်တွင် အရေးပေါ်ဌာန၌ စုံစမ်းခဲ့ရာ (၃+၄) အခန်းသို့ တင်လိုက်ကြောင်း ပြောသဖြင့် လိုက်ရှာခဲ့ပါသည် မတွေ့ရပါ။ သမီးဇောနှင့်ဆေးရုံတခုလုံး လိုက်ရှာသော်လည်းမတွေ.ပါ။

"မ၀င်းမော်ဦ
း" သည် ၁၉.၉.၁၉၈၈ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏
ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။