31 July 2012

“MOU ပွဲစား ထိုင်းထောက်လှမ်းရေးဟောင်းတစ်ဦးက ကယ်ဆယ်ရေးအဖွဲ့ကိုခြိမ်းခြောက်”


ဇူလိုင် ၃၁
        မြတ်ညို (အလွတ်သတင်းထောက်)
         ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငအခြေစိုက်ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED အင်ဂျီအိုအဖွဲ့ မှ အလုပ် သမား တာဝန်ခံအား ရဲစခန်းသို့ခေါ်ယူ၍ ဒုက္ခရော က်ေ နကြသည့် အလုပ်သမားများအား ကူညီစောင့်ေ ရှာက်ခွင့် မရှိကြောင်း MOU ပွဲစား ကိုယ်စားလှယ် ထိုင်းထောက်လှမ်းရေးက ခေါ်ယူ ခြိမ်းခြောက်ခဲ့ေ ကြာင်း သိရှိရသည်။
          ဇူလိုင်လ ၂၂ ရက်နေ့တွင်  MOU ဖြင့်ရောက်ရှိလာသည့် မြန်မာအလုပ်သမား ၅၀ ဦးအနက် ၃၅  မှာ FEDယာယီ ခိုလှုံရေး စခန်းသို့ရောက်ရှိလာခဲ့ကြသည်။
FED မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေ က “ မနေ့ ညနေ ၅နာရီကျော် က   ဖူးဖန်ဆိုတဲ့ ထိုင်းစစ်ထောက်လှမ်းရေး ဗိုလ်ကြီး ဟောင်းဆိုသူတို့ ကျနော်တို့  ထိခက် ရဲစခန်းကို ရောက်လာတယ်။ သူ
အကုန်အကျခံထားတာဖြစ်တာကြောင့် ဒီအလုပ်သမားတွေကို ၂၄ နာရီအတွင်း သတင်းပို့ရမယ် လို့ ပြော
တယ်တယ်။ ခေါ်လာတဲ့နေရာကို ဒီနေ့ မနက် ၉နာရီအရောက် ပြန်ပို့ ဖို့ အမိန့် ပေးတဲ့သဘောပြောတယ်။
အဖွဲ့အစည်းတစ်ခုက ဒီအလုပ်သမားတွေကို ထမင်းကျွေးထားလို့ မရဘူးလို့ ပြောတယ်။ ကျနော်တို့ က
နိုင်ငံခြားမှာ ထမင်းမစားရ အလုပ်မလုပ်ရတဲ့ အလုပ်သမားတွေကို စားစရာနေစရာ ပေးရတာပေါ့။ ကိုယ့်
နိုင်ငံသား ဒုက္ခရောက်တာကို ကျနော်တို့ မျက်ကွယ်မပြုနိုင်ဘူး” ဟုပြောသည်။
ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဖူးဖန်က သူအနေဖြင့် ဘတ်ငွေ ၃၂၀၀၀၀ အကုန်အကျခံထားခြင်းဖြစ်၍ အကယ်၍ အဆိုပါ အလုပ်သမားများအား သတ်မှတ်ချိန်တွင် လာရောက် ၍ မပေးပို့ ပါက ပုလိပ်ကိုဖမ်းခိုင်း
ပြီးနယ်စပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ကြောင်း၊အလုပ်မလုပ်လိုသည့် အလုပ်သမား များအား ထမင်းမကျွေးရန်လည်း ကိုမိုးဝေ က ဆက်လက်ပြောဆိုခဲ့ သည်။

            မြန်မာသံရုံး အလုပ်သမားရေးရာ အရာရှိ ဦးကျော်ကျော်လွင်က မူလ စာချုပ်ချုပ်ဆိုထားသည့်
အလုပ်နှင့် နေရပ်တူညီမှုမရှိပါက အဆိုပါ အလုပ်သမားများအား ၀င်ရောက်လာသည့် နယ်စပ်စခန်းသိုပြန် လည်ပို့ ဆောင်ပေး မည်ဖြစ်  ကြောင်း ကတိ က၀တ် ပျက်သည့် ကုမ္ပဏီအား MOU ဖြင့် အလုပ်သမားတင်သွင်းခြင်း ကို ပိတ်ပင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
KOSIT ကုမ္ပဏီကလည်း အဆိုပါ အလုပ်သမားများအား ပြန်ခေါ်လာမည်ဖြစ်ကြောင်း ဖုန်းဆက်ထားသည်
ဟု ကိုမိုးဝေက ပြောသဖြင့်  ဦးကျော်ကျော်လွင် ကမူလ စာချုပ် ချုပ်ထားသည့် ကုမ္ပဏီ ဖြစ်သဖြင့် KOSIT
ကုမ္ပဏီက အလုပ်သမား ၃၅ ယောက်လုံးအား လာခေါ်ပါက လက်ခံခွင့်ပြုရမည်ဖြစ်ကြောင်း ပြောဆိုသွား
သည်။ 
             နှစ်နိုင်ငံသဘောတူညီချက်အရ MOU စာချုပ်ချုပ်ဆိုရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားထံမှ ဘတ် ငွေ ၁၀၀၀၀ သာဖြတ်တောက်ရမည်ဟု တရားဝင်သတ်မှတ်ထားသော်လည်း အနည်းဆုံး ၁၈၀၀၀
မှ ၂၂၀၀၀ အထိ အဖြတ်တောက်ခံနေရခြင်း၊မူလသတ်မှတ်ချက်အတိုင်း အလုပ်သမားအခွင့်အရေးများမရရှိ
ခြင်တို့ကြောင့် မထူးဇါတ်ခင်ကာ ထိုင်းနိုင်ငံအတွင်း တရားမ၀င် အလုပ်သမားများအဖြင့် လုပ်ကိုင်နေကြ ရသည့် မြန်မာအလုပ်သမားပေါင်းများစွာရှိနေသည်။
MOU ဖြင့်လာသည့် အလုပ်သမားများ နယ်စပ် သို့   ပြန်ပို့ ခံရလျှင် မူလက အလုပ်သမားများ အကုန် အကျခံခဲ့ရသည့် ကျပ်ငွေ ၃သိန်းမှ ၅သိန်းတို့တို့  မှာလည်း  ဆုံးရှုံးခံကြရသည်။  စာချုပ်ပါ အတိုင်း ၂နှစ်ပြည့်မြောက်ခဲ့ပြီးနောက်လည်း အခြားအလုပ် တွင် လုပ်ကိုင်ခွင့် မရှိသဖြင့် မြန်မာအလုပ်သမား များအတွက် အခွင့်အရေး အကာအကွယ် အထူး နည်းပါးနေသည့်  MOU စည်းကမ်းစည်းမျဉ်း တို့ အား ပြန်လည်သုံးသပ်သင့်ကြောင်း အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်  အား မြန်မာသံရုံးတွင် အစည်းဝေးလုပ်စဉ်ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများ အဖွဲ့ BAT က တင်ပြခဲ့ သည်။