12 July 2012

“ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မဖြစ်နိုင်ကြောင်း သမ္မတကြီးက UNHCR သို့ပြောကြား”


နေပြည်တော် ဇူလိုင် ၁၁
     ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့ အားခိုးဝင်လာသည့်ရိုဟင်ဂျာများကို လက်ခံရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စု သမ္မတ  မြန်မာနိုင် ငံ တော်  နိုင်ငံတော်သမ္မတဦးသိန်း စိန်က  ပြောဆို   ကြောင်း သမ္မရုံုး ၀က်ဆိုဒ်တွင်သည်။
      နေပြည်တော်၌ ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Antonio Guterres ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၁နာရီတွင်နေပြည်တော်ရှိ  နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည် သူများ အရေးကိစ္စ၊ ကရင်ပြည်နယ်မှ ရွှေ့ပြောင်းပြည်သူများမိမိဆန္ဒအလျှောက် ပြန်လာနိုင်ရေးကိစ္စနှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။
               နိုင်ငံတော်သမ္မတကြီးက သမိုင်းကြောင်းအရ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ(၁၉၄၈) ခုနှစ် လွတ်လပ် ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင်ကောင်းမွန်သဖြင့် မပြန်တော့ပဲ အခြေချ နေထိုင်သူများလည်းရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈)ခုနှစ်မတိုင်မှီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘ နှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက်(Third Generation)မြေးအဆင့်ကိုသာနိုင်ငံသားအဖြစ်လက်ခံမည် ဟူသောဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကိုလေ့ လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ နောက်ပိုင်း တွင် ရိုဟင်ဂျာ အမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျှက် ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်ခြောက် လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထားစဉ်းစားလျှက်ရှိကြောင်း၊ မိမိတိုင်းရင်းသား များကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများမဟုတ်သည့် ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည် သို့မှ မဖြစ်နိုင်ကြောင်း၊နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို  UNHCR သို့ အပ်နှံပြီးဒုက္ခသည်စခန်းအဖြစ်ထားရှိရန်ဖြစ်ကြောင်းUNHCRကကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်  ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေ ခင်းဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးအား လည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တိုင်ပင် ညှိနှိုင်းလျှက် ရှိပါကြောင်း၊ ရှင်းလင်းပြောကြားသည်။
      နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့်
မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊အလုပ် သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှုင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
                                                                                                                နိုင်ငံတော်သမ္မတရုံး