11 July 2012

“ MOU အလုပ်သမား ၁၃ဦး ပတ်စပို့ကိုင်ဆောင်ခွင့်ရပြီ”




ဇူလိုင် ၁၁ မြတ်ညို (အလွတ်သတင်းထောက်)
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (တရားဝင် အလုပ်သမား တင်သွင်းခြင်း)MOU ဖြင့် လာခဲ့ကြ ပြီး သတ်မှတ် ငွေကြေးများ ဖြတ်တောက်ထားပြီးသော်လည်း မိမိပတ်စပို့အား ကိုင်ဆောင်ခွင့်မရရှိခဲ့သည့် မြန်မာအလုပ်သမား ၁၃ဦး ယမန်နေ့က ပတ်စပို့ ကိုင်ဆောင်ခွင့် ရရှိသွားကြပြီးဖြစ်သည်။
အဆိုပါအလုပ်သမားများမှာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် တွင်အခြေစိုက်သော ဟိန်းသူထက်၊ ကုမ္ပဏီနှင့် ရန်ကုန်အခြေစိုက်ထွန်းရတနာထွန်း ကုမ္ပဏီတို့ မှတဆင့် ထိုင်းနိုင်ငံဖူကတ်အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီ Phuket Built Co.Ltd တွင် (၆) လကျော်ကြာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေကြသူများဖြစ်သည်။ ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံတွင်း မှ ထိုင်းနိုင်ငံနယ်စပ်ကော့သောင်းမြို့အထိ အနည်းဆုံး ကျပ်ငွေ သုံးသိန်းခွဲမှ ငါးသိန်းအထိ ပေးချေခဲ့ကြရသူများဖြစ်ကြသည်။
အလုပ်သမား ကိုကျော်ကျော်မင်း က “ကျနော်တို့ ဆီက အခုဆိုရင် တစ်ယောက်ကို ဘတ်ငွေ ၁၆၇၅၀ စီ ဖြတ်ထားပြီးဖြစ်တယ်။ စာချုပ်ထဲမှာက တစ်လကို ဘတ်ငွေ (၁၀၀၀) ထက်ပြို့ပီး မဖြတ်ဘူးဆိုပေမဲ့ အနဲ့ဆုံး တစ်လကို (ဘတ်ငွေ ၃၀၀၀) ဖြစ်တယ်။ ပြီးခဲ့တဲ့လက ကျနော်တို့ ကို (ဘတ်ငွေ ၄၂၅၀) ဆီဖြတ်တယ်။ ကျနော်တို့ ယာယီနိုင်ငံကူး လက်မှတ် တွေပေးဖို့ တောင်းတော့ မပေးဘူးလို့ပြော တယ်၊ဦးထူးချစ်တို့ ကူညီပေးလို့ ကျနော်တို့ ပတ်စပို့ရရှိပါပြီး ကူညီသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ က အဆိုပါ အလုပ်သမားများသည် ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED ရုံးသို့ အကူအညီတောင်းခံရန် ရောက်ရှိခဲ့ကြသည်။ FED ဒါ
ရိုက်တာ ဦးထူးချစ်က အလုပ်သမားများ ထံမှ အချက်အလက် အထောက်များကို မြန်မာသံရုံးသို့
ပေးပို့ ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
FED ဒါရိုက်တာ ဦးထူးချစ် က “အစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန်မှ ထိရောက်ပါတယ်။
အလုပ်သမားတွေရဲ့အခွင့်အရေးတွေကို ရစေချင်တယ်ဆိုရင် အလုပ်သမားအရေးဆောင်ရွက်နေတဲ့
အဖွဲ့အစည်းတွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြရင်တော့ ကျနော်တို့ မြန်မာအလုပ်သမားတွေရဲ့
အခွင့်အရေးတွေ အပြည့်အ၀ရမယ်လို့ ကျနော်ပြောချင်ပါတယ် ” ဟုပြောသည်။

MOU ဟူသည်မှာ နှစ်နိုင်ငံအစိုးရ လုပ်ရသည့်အလုပ်သာဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် MOU
၏သဘောသဘာဝတို့ အား ပြန်လည်စီစစ်သင့်ကြောင်း ၊အလုပ်သမားများဘက်မှ အခွင့်အရေးဆုံး
ရှုံးမှုများစွာရှိကြောင်း၊ စာချုပ်ပါ သဘောတူညီချက်များအား မလိုက်နာသည့် ပွဲစား ကုမ္ပဏီများအား
မြန်မာအစိုးရအနေဖြင့် ထိထိရောက်ရောက် အရေးယူသင့်သလို ထိုင်းဘက်မှ စည်းကမ်းမလိုက်နာ
သည့် လုပ်ငန်းရှင်များအား အရေးယူမှသာလျှင် အလုပ်သမား အခွင့်အရေးများ တိုးတက်လာမည်
ဖြစ်ကြောင်း ဦးထူးချစ်က ဆက်လက်ပြောဆိုသွားသည်။
MOU ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့ကြသည့် အလုပ်သမားများမှာ မူလစာချုပ်ပါ စည်းကမ်းချက်
များဖြင့်မညီညွတ်သဖြင့် ထွက်ပြေးကြသဖြင့် အသတ်ခံရခြင်း၊တရားမ၀င်အလုပ်သမားအဖြစ် ထိုင်းနိုင်ငံတွင်
လုပ်ကိုင်နေရခြင်းများစွာရှိသော်လည်း စာချုပ်ပါ စည်းကမ်းချက်များအား ဖေါက်ဖျက်ကျူးလွန်သည့် ပွဲစား
ကုမ္ပဏီများနှင့် ထိုင်းလုပ်ငန်းရှင်များကိုမူ အရေးယူခြင်း မကြားဖူးချေ။