06 July 2012

“အလုပ်ထွက်ခွင့်မရသူများ လွတ်မြောက်လာပြီ”


                                
ဇူလိုင် ၆  ဆန်းဦး
         ဘန်ကောက်မြို့ ပလပ်စတစ် အလုပ်ရုံတွင် အလုပ်ပင်ပန်းပြီး လုပ်ငန်းရှင်မှ ဆဲဆိုကြိမ်းေ မာင်းမှုများအား မခံနိုင်သဖြင့် အလုပ်သမားများက အလုပ်ထွက်ခွင့်တောင်းခံသော်လည်း အလုပ်က ထွက်ခွင့်မရသည့် အလုပ်သမား ၃ဦးအား ကယ် ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။
ဘန်ကောက်မြို့ ဘန်ကောက်မြို့ ဘန်ခွန်ထီရန် ထရန်ထလေ ၁၉ လမ်း အမှတ် ၁၈၆  တွင်ရှိသော ကို ဖိုလီဖက် တွင် ရှိသော ပလပ်စတစ် အလုပ်ရုံမှ အလုပ်သမား ၆ဦးတို့ မှာ အလုပ်ရုံမှ ယမန်နေ့ နံနက်ပိုင်း၃နာရီ ကထွက်ပြေးထွက်ကြစဉ်လုပ်ငန်းရှင်သိသွား သဖြင့် ၃ဦးလွတ်မြောက်လာခဲ့သော် လည်း သားမိ၃ဦးတို့မှာ မလွတ်မြောက်ခဲ့ကြပေ။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT အဖွဲ့သို့ အကူအညီတောင်း
ခံခဲ့သည်။
ကလေးတို့၏ ဖခင် ကိုရဲဝင်း က “ ကျနော်တို့ လိုအပ်တဲ့သတင်းအချက်အလက်တွေ ကို BAT မှာတင်
ပြောပြတယ်။ ကျနော့် တို့ တစ်နှစ်ကျော်ပြီ။ ဘယ်လိုမှ မခံနိုင်တော့တဲ့အတွက် အလုပ်ထွက်ရတာပါ၊ မိသားစု ၄ယောက်ဆိုတော့ ရုတ်တရက် ပြောင်းဖို့ ရွှေ့ဖို့ မလွယ်ဘူးလေ။ သည်းခံပြီးလုပ်လာခဲ့တယ်” ဟုခေါ်သည်။
ယနေ့လွတ်မြောက်လာသူများမှာ အသက် ၄၀ အရွယ် ဒေါ်မြင့်ထွေး၊သား  စိုးထက်ဦး အသက် ၁၈နှစ်နှင့်
သမီး ခင်ထက်စိုး အသက်၁၄ နှစ်တို့ ဖြစ်ကြသည်။
နံနက် ၉နာရီခန့် က အကူညီတောင်းခံခဲ့သည် ယခုပြဿနာမှာ ညနေ ၅နာရီတွင် အောင်မြင်ခဲ့ကြသည်။