25 July 2012
မြန်မာအလုပ်သမားပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် အလုပ်သမားအဖွဲ့များနှင့်တွေ့ ဆုံ
ဇူလိုင်လ ၂၅
မြတ်ညို( အလွတ်သတင်းထောက်)
                     မြန်မာသမ္မတ ဦးသိန်းစိန် နှင့် အတူ ထိုင်းနိုင်ငံသို ရောက်ရှိလာ ခဲ့သော မြန်မာ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည် ၊ ယနေ့ နံနက်ပိုင်းက ဘန်ကောက်မြို့ မြန်မာ သံရုံး ဧည့်ခန်းမ ဆောင်တွင် ထိုင်းအခြေစိုက် အိုင်အင် ဂျီအို ၊အင်ဂျီအို အဖွဲ့၂ဖွဲ့နှင့်  မြန်မာ အလုပ် သမားအရေးဆောင်ရွက်သည့်  အဖွဲ့တစ်ဖွဲ့တို့တွေ့ ဆုံပြီး အလုပ်သမားရေး ကိစ္စရပ်များအား ယမန်နေ့ ဆွေးနွေးခဲ့ကြသည်။
အစိုးရသစ် ဖြစ်တာကြောင့် ပြည်ပမှာ ရောက်နေကြတဲ့ မြန်မာအလုပ်သမား ကိစ္စရပ်တွေကို အပြော
မဟုတ်ပဲ တကယ် ထိရောက်တဲ့ ကူညီမှုတွေလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာသံရုံးကို အဓိက ထား
ဆက်သွယ်ကြပါ။ လိုအပ်ရင် ကျနော့်ကို တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။ ကျနော် ခင်ဗျားတို့ ပေးပို့
လာတဲ့ အချက်အလက်တွေကို လိုအပ်ရင်လိုအပ်သလို ထိုင်းအစိုးရ ကို တင်ပြပြီး ကူညီပေးမယ်”ဟု
ပြောဆိုသွားသည်။
         အာဆီယံဒေသတွင်း တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ အရေတွက် အများဆုံးဖြစ်
ကြောင်း၊အလုပ်သမားအခွင့် အရေးချိုးဖေါက်ခံ ရမှု မှာလည်း အများဆုံးဖြစ်ကြောင်း၊ တတ်စွမ်းသမျှ ကူညီစောင့်ရှောက်ပေးထားခဲ့ကြသည့် ယခု တက်ေ ရာက်လာသူများအား အထူးကျေးဇူးတင်ကြောင်း လည်း ၀န်ကြီးက ပြောဆိုသွားသည်။
          ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFEDဒါရိုက်တာဦးထူးချစ် က“မဲဆောက်မှာ ပတ်စပို့ လုပ်ပြီးတော့ လုပ် အားခက အစိုးရသတ်မှတ်ဈေး မရရှိကြတာကြောင့် မြို့ကြီးတွေကိုလာချင်ကြတဲ့ အလုပ်သမားတွေကို လာခွင့်မပြုဘူး။ မကြာသေးခင်က ထိုင်းအစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ကိုယ်ဝန် သုံးလလေးလရှိရင် ပြန်ပို့ မယ်ဆိုတာကို ကျနော်တို့ လူ့အခွင့်အရေးအဖွဲ့ တွေနဲ့ အမျိုးသမီး အဖွဲ့ တွေက ကန့်ကွက်ထားပါတယ်။ လုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်” ဟုဝန်ကြီးကိုတင်ပြ ပြောဆိုသွားသည်။
  အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် နှင့်တွေ့ဆုံပွဲသို့ ချင်းမိုင်အခြေစိုက် MAP ဖေါင်ဒေးရှင်း၊ မဲခေါင် မိုက်ဂရေးရှင်းနိုက်တ၀တ် ANM ၊ ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP ၊ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED ၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။