25 July 2012

“မြန်မာအရေးလှုပ်ရှားသူများ သမ္မတကြီး ဦးသိန်းစိန်အား ထောက်ခံဆန္ဒပြ”

              ဇူလိုင် ၂၅
မြတ်ညို(အလွတ်သတင်းထောက်) 
                    မြန်မာသမ္မတ ဦးသိန်းစိန် ၏ ထိုင်းနိုင်ငံ ခရီးစဉ် နောက်ဆုံးရက်ဖြစ်သောယမန်နေ့က ဘန်ကောက်မြို့မြန်မာ သံရုံးရှေ့မှာ ဘန်ကောက် အခြေစိုက် မြန်မာအရေးလှုပ်ရှားတက်ကြွသူ ၅၀ ခန့်နှုင့်ဘုန်းတော်ကြီး ၄ပါး တို့က သမ္မတကြီး ဦးသိန်းစိန် ကျမ္မာစေရန်နဲ့ သက်တော် ရာကျော် ရှည်စေကြောင်း ဆုတောင်း ဆန္ဒပြပွဲ တစ်ခုကို ပြု လုပ် ပြီးသမ္မတ ထံကို ပေးစာတစောင်ပေးပို့ ခဲ့ကြသည်။
ဇူလိုင်လ ၁၂   ရက်နေ့ က သမ္မတ ဦးသိန်းစိန် က   ကုလသမဂ္ဂ အရာရှိကို လက်ရှိဖြစ်ပေါ်နေသောရခိုင်ပြည်
နယ်က အရေးအခင်းကိစ္စရပ်နှင့် ပါတ်သက်၍ ကုလသမဂ္ဂ အရာရှိ တစ်ဦးအား ပြောဆိုချက်များအား အထူး ထောက်ခံသည့် အနေဖြင့် ဆန္ဒပြကြခြင်းဖြစ်ကြောင်း စီစဉ်သူများက ပြောသည်။
      ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား အဖွဲ့ ၉ဖွဲ့  တို့ကစုပေါင်းပြီး  ဦးသိန်းစိန် ရုပ်ပုံ ကားချပ်
များကို ကိုင်ဆောင်၍တစ်နာရီခန့် ကြာ ကြွေးကြော်ခဲ့ကြသည်။ ထို့နောက်သမ္မတ ထံကို အကြံပြု ပေးစာ တစ်စောင် ကို လည်း ပေးပို့ခဲ့ကြသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ALD ထိုင်းဥက္ကဌ ဦးခိုင်အံ့မောင် က “သမ္မတ ကြီးက ယူအင်အရာရှိကို  ၁၉၈၄ ခုနှစ်
မတိုင်ခင် မြန်မာပြည်အတွင်း ရောက်ရှိ  နေထိုင် သူတွေနဲ့ အဲဒီမျိုးဆက် ၃ ဆက်လောက်ကိုမှ   နိုင်ငံသား အဖြစ်လက်ခံနိုင်မယ်၊ ရခိုင်မှာ ရှိနေတဲ့ ဘင်္ဂါလီတွေကို ယူအင်ကဒုက္ခသည်စခန်းဖွင့် မယ်ဆိုရင် ဖွင့်ပေးမယ်။  ယူအင်က ကျွေးတာမွေး၊ ပြီးတော့ တတိယနိုင်ငံတစ်ခု ကိုခေါ်မယ်ဆိုရင် ပို့ပေးမယ်၊ဆိုပြီး ပြတ်ပြတ်သားသား ပြောဆိုတာကို ကျနော်တို့ အပြည့်အ၀ ထောက်ခံတဲ့ အနေနဲ့  ဆန္ဒပြကြတာဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။
     နှစ်ပေါင်း ၂၀ ကျော်ကြာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ ဒေါ်စုလွတ်မြောက်ရေး၊ ဒီမိုကရေစီ
ရရှိရေး၊ စစ်အာဏာရှင်ပြုတ်ချရေး ကြွေးကြော် ဆန္ဒပြလာကြသည့် အင်အားစုများအနေဖြင့် အရပ်သား တဖြစ်လဲ ဦးသိန်းစိန်း အား ထောက်ခံဆန္ဒပြကြခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။