08 July 2012

“ကမ္ဘောဒီယား၂ဦးနှင့်မြန်မာ၃ဦး ထိုင်းအမျိုးသမီးအားသတ်”


ဇူလိုင် ၈
ကိုတီး (ထိုင်းဘာသာပြန်)
ယမန်နေ့ ဘန်ကောက်မြို့တောင်ဘက် ၈၁ ကီလိုမီတာ အကွာဝေးရှိ ချွန်ဘူလီ ခရိုင် ဘောထောင်းမြို့စုဝမ်း ရပ်ကွက် အိမ်အမှတ် ၁၆၂ နယ်မြေအမှတ် ၂ ပါထာနာ ကြက်ခြံ၌
ဖြစ်ပွားသော လူသတ်မှုတွင် ကမ္ဘောဒီယား၂ဦးနှင့်မြန်မာအလုပ်သမား ၃ဦးပါဝင်ကြောင်း ထိုင်းရပ်သတင်းတွင်ဖေါ်ပြထားသည်။
အလုပ်သမားများကို ဦးဆောင်လုပ်ကိုင်နေသော ထိုင်းအမျိုးသမီး ဝမ်မီ အသက် ၃၄ နှစ် မှာ ဦးခေါင်းကို တုတ်နှင့် ရိုက်သတ်ခံရ၍ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းမှ လူသတ်သည်ပာု ယူဆရသော ကြက်ခြံမှ အလုပ်သမား ၅ ယောက်ကို ဖမ်းဆီးခဲ့သည်။
စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အလုပ်သမား ၅ ယောက်က အရက်ထိုင်သောက်နေချိန် ကမ္ဘောဒီးယား နိုင်ငံသား နိုင်စုလင်း က ရွှေအမြောက်အများနှင့်ငွေများရှိကြောင်း နိုင်သွတ် ကိုပြောပြသည်။ တောင်ကြီးရှမ်း နိုင်ဘီ နှင့် နိုင်လက် တို့က လူသွားလူလာ ကြည့်ပြီး လျက်စစ်မီးဖြတ်ခဲ့သည်။ ၄င်းနောက် ကမ္ဘောဒီးယား နိုင်ငံသား နိုင်သွတ် ကိုယ်တိုင် ရိုက်သတ်ပြီး ရွှေဆွဲကြိုး ၃ ကုံး လက်စွပ် ၁ ကွင်း ဘတ်ငွေ လေးသောင်း ကို ယူ၍ လူစုခွဲခဲ့ကြသည်။
ရွှေများကို ကြက်ခြံတွင် မြုပ်ထားကြောင်း ထွက်ဆိုခဲ့သည်။ မြန်မာ ၃ ယောက်နှင့် ကမ္ဘောဒီးယား ၂ ယောက် ကို လူသတ် လုယက်မှုနှင့် တရားစွဲဆိုထားကြောင်း ထိုင်ရတ် သတင်းစာတွင် ရေးသားထားသည်။ ရဲစခန်း မှနယ်မြေရှိ သူဌေးများကို အလုပ်သမားများ၏ ရှေ့တွင် ရွှေငွေများ သတိထားပြီး ဝတ်ပါရန် အသိပေး ပြောဆိုခဲ့ကြောင်းသိရသည်။