06 July 2012

“ငါးဖမ်းအလုပ်သမား ၁၂ဦးအား ပူးပေါင်းအဖွဲ့တို့ ကယ်တင်”


                           
ဇူလိုင် ၆
မြတ်ညို(အလွတ်သတင်းထောက်)
         ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ခန့် အကွာတွင်ရှိသော ခြုံဘူရီခရိုင်အချောင်း(ချောင်း စမေးစံ)လှေဆိပ်မှ လှေ၂စီပေါ်တွင် ရောင်းစားခံထား ရသည့် မြန်မာ၁၁ ဦးနှင့် အသက်၁၂ နှစ်အရွယ် ထိုင်း ကလေးငယ်တစ်ဦး တို့အား ပူးပေါင်းအဖွဲ့များ က ကယ်တင်နိုင်ခဲ့သည်။
              ဘန်ကောက်အခြေစိုက် ပင်လယ်ပျော်များသမဂ္ဂ SUB ၊မဟာချိုင်အခြေစိုက် အလုပ်သမားအခွင့် အရေးမြှင့်တင်ရေးကွက်ယက် LPN နှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ တို့ ပူးပေါင်းပြီး ဇွန်လ ၂၉ ရက်နေ့က လှေအမှတ် ၂၄နှင့် ၂၅ တို့ပေါ်မှ ကယ်ထုတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။
ကိုဇေါ် ဆိုသူက ဇွန်လ ၁၀ ရက်နေ့တွင် SUB မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးကိုကိုအောင် ထံသို့ ဖုန်းဖြင့်
ဆက်သွယ်အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။
           ဦးကိုကိုအောင် က“ ချောင်းစမေးစံဆိုတာ သိပ်အကျယ်ကြီး မဟုတ်ဘူး။ကျနော်တို့ တိုင်းပြည်
ကပြောင်းေ နပြီ။ မြန်မာအစိုးရ သံရုံးကနေပြီးတော့ လူမှောင်ခိုကူးမှုကို တိုက်ဖျက်ဖို့ အထူးအဖွဲ့တစ်ခု ဖွဲ့ထားဖို့လိုပါမယ်။ ကျနော်တို့က သူတို့ကို ရှေ့တန်းတင်ပြီးတော့ သတင်းအချက်အလက်တွေစုဆောင်း တာနဲ့ လမ်းပြတာတွေကိုနောက်က လုပ်ပေးမယ်။ ထိုင်းတွေနဲ့လုပ်နေရတာက တစ်ခါတစ်လေ သတင်းပေါက်ကြားလို့ စိတ်ညစ်ရတာတွေရှိတယ်” ဟုပြောသည်။
အဆိုပါ  လှေပေါ် တွင်  ၅လမှ ၁၇ လအထိ  အခကြေးငွေ မရရှိပဲ အလုပ်လုပ်နေခဲ့ကြ သူများထဲ တွင် အသက်၅၀ကျော် မြန်မာအလုပ်သမား တစ်ဦး လည်း ပါဝင်သည်။ ကယ်တင်နိုင်ခဲ့သူများတွင် ကရင် အလုပ်သမား ၁၀ ဦး နှင့် မွန်လူငယ်တစ်ဦးတို့ ပါဝင်ကြောင်းကယ်ဆယ်သူများပြောပြချက် အရသိရှိရသည်။
           ထိုင်းမြန်မာနယ်စပ်နှင့်အလုပ်သမားအဖွဲ့အစည်း တို့က ထုတ်ဝေသည့် လက်ကမ်းစာစောင်တို့တွင် ပါရှိသောအလုပ်သမား ကူညီရေးအဖွဲ့တို့၏
ဖုန်းနံပါတ်တို့အား  မြန်မာအလုပ်သမားများ မှတ်ထားသင့်ကြောင်း အလုပ်သမားအရေးဆောင်ရွက်
သူများက အကြံပြုပြောဆိုကြသည်။