25 July 2012

“ထိုင်း ဆိုင်ကယ်စီးသမား၂ဦးက ပစ်ခတ် ပုဇွန်အလုပ်ရုံ အလုပ်သမား၂ဦး သေဆုံး”


            
ဇူလိုင် ၂၅
မြတ်ညို(အလွတ်သတင်းထောက်)
    ထိုင်းနိုင်ငံတောင်းပိုင်း ဆုံခါမြို့နယ် ရနော့ရွာတွင် ရှိသော CPF ပုဇွန် ကုမ္ပဏီ မှ အလုပ်သမား ၃ဦးတို့အားဆိုင်ကယ်စီး ထိုင်းလူမျိုး ၂ဦးက ယနေ့ နံနက်က သေနတ်ဖြင့်ပစ်ခတ်သဖြင့် ၂ဦးသေဆုံးပြီး တစ်ဦး ကိုဆုံခါမြို့ဆေးရုံကြီးတွင် တင်ထားရကြောင်းသိရှိရသည်။
           နံနက် သုံးနာရီကျော်က အချိန်ပို အလုပ်လုပ်ရာမှ မိမိနေ အိမ်ခန်းများသို့ ပြန်လာကြပြီး အခန်းရှေ့ထိုင်ခုံများတွင်အမောဖြေ ရင်း ထိုင်နေကြသည့် မစပါယ်ဖြူ၊ ကိုအောင်နှင့် ကိုခင်မောင်ထွန်း တို့အား ဆိုင်ကယ်စီးလာသည့် ထိုင်း၂ဦင်္းက သေနတ်ဖြင့် ပစ်ခတ် သွားခြင်းဖြစ်သည်။
        မြ၀တီမြို့မှ အသက် ၂၆ နှစ်အရွယ် မစပါယ်ဖြူမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ပဲခူးမှ အသက် ၂၉ နှစ်အရွယ် ကိုအောင် ဆိုသူမှာ ဆုံခါ ဆေးရုံ အရောက်တွင်သေဆုံးသွားခဲ့သည်။ အညာမှ အသက် ၁၉နှစ်အရွယ် ကိုခင်မောင်ထွန်း ဆိုသူမှာမူ အတွင်းလူနာအဖြစ် ဆေးရုံတွင် ကုသခံနေရဆဲဖြစ်ကြောင်း ကူညီဆောင်ရွက်နေသူများက ပြော သည်။



            အလုပ်သမား ကိုသိန်းတန်က “ဒီအလုပ်ရုံ ကို လူတွေပို့တဲ့ မဲဆောက်က အဘိုင်ကြီး ဆိုတဲ့ပွဲ စားကြီးလာသွားတယ်။ ကျနော် တို့ ကိုအလုပ်ရုံ   ပြောင်းပေးမယ်လို့ ပြော သွားပါတယ်။ ကျနော်တို့ ဒီမှာ အလုပ်မလုပ်ရဲကြတော့ဘူး။        အခု သေဆုံးသူတွေဟာMOU နဲ့လာတဲ့သူတွေ မဟုတ်ပါ။အဘိုင်ကြီးကို ဘတ်နှစ်ေ သာင်း   ပေးရ မယ်ဆိုတဲ့ ကတိနဲ့ အကြွေးတက် လာကြသူတွေဖြစ် ပါတယ်” ဟုပြောသည်။
အဆိုပါ အလုပ်ရုံတွင် အဘိုင်ကြီး တင်ပို့သည့် အလုပ်သမား ဦးရေ ၁၃၀ ကျော်ရှိပြီး MOU ဖြင့် လုပ်နေသည့် အလုပ်သမားလည်း  တစ်ရာကျော်ရှိကြောင်း   အလုပ်သမ တစ်ဦး ကပြောသည်။
               မစပါယ်ဖြူမှာ မွတ်ဆလင် ဖြစ်သဖြင့် နေ့ချင်းပေါက် သဂြိုဟ်ခဲ့သော်လည်း ကိုအောင် ကိုမူ မိသား စုများဖြင့်မနက်ဖြန် တွင် သဂြိုဟ်မည်ဖြစ်ကြောင်း သိရှိရသည်။
              အဆိုပါ အလုပ်သမားများ မတရားပစ်သတ်ခံခြင်းအား ဘန်ကောက်မြို့မြန်မာသံရုံးအလုပ်သမား ကူညီရေးအသင်း၊ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်းဒေးရှင်းFED နှင့် ဘန်ကောက်မြို့ အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ကူညီဆောင်ရွက်ကြရန် ပြင်ဆင်နေကြောင်း သိရှိရသည်။