18 July 2012

"ပဲခူးမြို့နယ် ဥဿာမြို့သစ် အိမ်ခြေ(၂၀၀)ကျော် မဖယ်ရှားဖို့အရေး ဒေသခံတွေ ဆွေးနွေး"



ဇူလိုင် ၁၈
    ညီလေး (ပဲခူး)
       ပဲခူးမြီု့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈) ၊  မြေတိုင်းရပ်ကွက် (၂၄)ရှိအိမ်ခြေ(၂၀၀)ကျော် မဖယ်ရှားဖို့အရေး ဒေသခံတွေ ဆွေးနွေး ပဲခူးတိုင်းဒေ သကြီး၊ ပဲခူးမြီု့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈) ၊မြေတိုင်းရပ်ကွက် (၂၄)၊ မြို့ရှောင်လမ်းသွယ် (၄)လမ်း မှ (၁၂)လမ်းထိကိုကျူးကျော်ေ နအိမ်များ အဖြစ် ဖယ်ရှားရှင်းလင်းရေး ကိစ္စ နှင့်ပတ်သက်ြ ပီးေ ဒသခံရပ်ကွက်သူ/သား (၂၀၀)ခန့်မှ သက်ဆိုင်ရာ အစိုအဖွဲ့သို့ တင်ပြရန် (၁၃၊၇၊၂၀၁၂) ရက်နေ့တွင် ရပ်ကွက်အတွင်းရှိ ရွှေစာရံ ဘုရားဇရပ်၌ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။
     အဆိုပါအစည်းအဝေးတွင် ဒေသခံရပ်ကွက်သူ/ရပ်ကွက်သားများက မိမိတို့အနေဖြင့်ဤနေရာတွင် ဘိုးစဉ် ဘောင်ဆက် နေထိုင်လာခဲ့ကြသည့် မိသားစုများဖြစ်ကြပြီးမိမိတို့မိဘဘိုဘွားများေ ခါင်းချခဲ့   သော နေရာတွင် အတည်တကျနေထိုင်ရန်စိတ်ဆန္ဒများရှိကြသည်။ ယခုလိုဖယ်ရှားရှင်းလင်းရေးကိစ္စကို ၁၉၉၇ခုနှစ်တွင်တစ်ကြိမ်ဖြစ်ပေါ်ခဲ့သည့်အတွက် ရပ်ကွက်သူ/သားများမှ ဏာဂဏီသိမ်ကျောင်း ဆရာတော်ကိုလျှောက် ထား၍ သက်ဆိုင်ရာအစိုးရအဖွဲ့သို့ တင်ပြခဲ့သည့်အတွက် မဖယ်ရှားရပဲ ယနေ့အချိန်ထိနေထိုင်ရခဲ့ကြသည်။
           ယင်းနေရာမှဖယ်ရှားရမည်ဆိုပါက သားသမီးများကျောင်းတက်ရေးနှင့် မိသားစုများနေရေးထိုင်းရေး တို့အတွက် အခက်အခဲ များစွာ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်းအစရှိသည်ဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့သို့ တင်ပြရန် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။                 

“ကျွန်တော်တို့ အိမ်တွေကို ယခင်ဖယ် ရှားခိုင်း တုန်းက ဥဿာမြို့သစ်၊ရပ်ကွက်ကြီး(၁) အမှတ် (၁/သိသန့်)ရ ပ်ကွက်မှာနေရာချထားပေးမယ်ြေ ပာပြီးသူတို့ပေးချင်တဲ့လူတွေကိုတာပေးတာ၊ လူအနည်းစုသာရပြီး လူအများစုကျန်ခဲ့တယ်၊ ဖယ်ရှားရမယ့် အိမ်အကုန်နေရာအစားပေး တာ မဟုတ်ဘူး၊ ယခင်ကဒီနေရာဟာ စာကလေး ကွင်း ကျေးရွာ နှစ်ပေါင်း(၁၀၀)ခန့် သားစဉ်မြေး ဆက်နေထိုင်လာခဲ့တာပါ၊နောက်ပိုင်းမှဥဿာမြို့ သစ်၊ ရပ်ကွက်ကြီး(၈)၊မြေတိုင်းရပ်ကွက် (၂၄)ဖြစ် လာတာ၊ ယခုဖယ်ရှားရမည် အိမ်ခြေ (၂၀၀)ကျော်ဟာ ကျူးကျော်နေအိမ်တွေမဟုတ်ပါဘူး၊ ဘိုစဉ်ဘောင် ဆက်နေထိုင်လာခဲ့တဲ့ မိသားစုတွေဖြစ်တာကြောင့် ဒီနေရာကမဖယ်ရှားရဖို့အရေး ကိုအိမ်ထောင်ဦးစီး (၂၂၁)ယောက် မှ လက်မှတ် ထိုးပြီးပဲခူးတိုင်းဒေသ ကြီး ၀န်ကြီးချုပ်ထံသို့ တင်ပြသွားမယ်” ဟုဒေသခံ တစ်ဦးမှပြောကြားသဖြင့် သိရှိရသည်။
          ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ ပ/၅၀၂၇ မှ ၂၀၁၂ခုနှစ်ဇူလိုင်လ(၇)ရက်နေ့တွင် စာအမှတ်၊  ၄/၁-၁/ဦး ၁ဖြင့် ပဲခူးမြို့၊ ဥဿာမြို့၊ရပ်ကွက်ကြီး(၈)၊ မြေတိုင်းရပ်ကွက်(၂၄)၊မြို့ရှောင်လမ်းသွယ်(၄) လမ်းမှ (၁၂) ထိကို ၁၉၉၇ ခုနှစ်၊ပဲခူးတိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ဥက္ကဌ(တောင်ပိုင်း တိုင်းစစ်ဌာန ချုပ်၊  တိုင်းမှူး)၏ လမ်းညွန်ချက်အရ အားကစားကွင်း၊ စက်ရုံနှင့် အဆင့်မြင့်အိမ်ရာ တည်ေ ဆာက်ရန် အတွက် ဖော်ထုတ်ရန်မြေကွက်(၄၁၆)ကွက်ကို သိမ်းယူခဲ့ခြင်းဖြစ်သည်။       အဆိုပါသိမ်းယူခဲ့သည့်ခြံကွက်တွင်မြေနေရာ ခွင့်ပြု ချထားပေးပြီးမြေကွက်(၃၁၈) ကွက်ပါဝင်ခဲ့ကြောင်း သိမ်းယူခဲ့သည့်မြေနေရာမှ ထိုစဉ်အချိန်က နေအိမ်ဆောက် လုပ်ထားသည့်မြေကွက်(၁၁၃)ကွက်ရှိပြီး တိုက်အိမ်ဆောက်လုပ်ထားသည့် မြေကွက်(၃)ကွက်ကိုချန်လှပ်၍ကျန်(၁၁၀)ကွက်ကို ပဲခူးမြို့၊  ဥဿာမြို့ သစ်၊ ရပ်ကွက်ကြီး(၁)၊မြေတိုင်းရပ်ကွက် အမှတ်(၁/သီးသန့်)တွင်မြေနေရာခွင့်ပြုချထားပေးခဲ့ပြီးဖြစ်သည်။ ယခုအခါသိမ်းယူထားသည့်မြေနေရာတွင်ကျူးကျော် နေအိမ်များဆောက်လုပ်လျှက်ရှိကြောင်းစီစစ်တွေ့ရှိရ
ပါ၍ ကျူးကျော်နေအိမ်များအားရှင်းလင်းဖယ်ရှား ဆောင်ရွက် ရန်နှင့် ကျူးကျော်ဆောက်လုပ်ခြင်း မပြုရေး တားမြစ်ဆောင်ရွက်သွားရန် အကြောင်းကြားစာကို အောက်ခြေမို့နယ်နှင့်ရပ်ကွက်  အုပ်ချုပ်ရေးမှူးများ ထံသို့ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။