26 July 2012

“အသုဘ ပို့ပြန်လာသည့် အလုပ်သမား ၃၉ဦးအား ထိုင်းရဲဖမ်း”

                     
ဇူလိုင် ၂၆
                 မြတ်ညို(အလွတ်သတင်းထောက်)
              ယမန်နေ့ က ထိုင်းသေနတ်သမား ၂ဦး တို့ပစ်သတ်မှုကြောင့် သေဆုံးသွားခဲ့ သည့်  မြန်မာ အလုပ်သမ မစပါယ်ဖြူ အားသဂြိုဟ်ရာမှ ပြန်လာ သည့်  မြန်မာအလုပ်သမား ၃၉ ဦးတို့ အား ထိုင်းရဲ က ၃နာရီခန့် ကြာဖမ်းဆီးထိန်းသိမ်းခဲ့သည်။

               မွတ်ဆလင် အမျိုးသမီး မစပါယ်ဖြူ အား ၎င်းတို့ဘာသာ၏ ထုံစံအတိုင်း နေ့မကူးပဲ သဂြိုဟ် ရာသို့ အလုပ်အတူတူလုပ်ခဲ့ကြသည့် CPF  ပုဇွန် အလုပ်ရုံမှ အလုပ်သမားများ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများ၏ လက်ဝယ်တွင် ပတ်စပို့  မပါသွားခဲ့ပေ။ အလုပ်ရုံမှ လာရောက်၍ ပတ်စပို့များကို ပြသမှ ပြန်လည်လွတ်မြောက်လာ ခဲ့ခြင်းဖြစ်ကြောင်း  အလုပ်သမား ခေါင်းဆောင် ကိုသိန်းတန် ကပြောသည်။

      “ ကျနော်တို့ ၂နာရီလောက်မှာ အသုဘသဂြိုဟ်ပြီး ပြန်လာကြတာ။ ပြီးရင် ကျနော်တို့ အလုပ် သမားတွေအားလုံး ဆုံခါမြို့ဆေးရုံ မှာ ရှိနေတဲ့ ကိုအောင် အလောင်းနဲ့  လူနာကိုခင်မောင်ထွန်း  ကိုသွားကြည့်ကြမယ် လို့ ပြင်ဆင်ထားကြတာ ခုလို ပုလိပ်တွေဖမ်းလိုက်တော့ ကျနော်တို့ အချိန်ကုန်သွား တယ်၊ အတော့်ကို ကိုယ် ချင်းစာစိတ်မရှိကြတဲ့လူတွေဖြစ်တယ်” ဟုပြောသည်။


                     ကိုခင်မောင်ထွန်း၏ ကြောနှင့် ခြေထောက် တို့တွင် ကျည်သင့်သွားခဲ့ကြောင်း၊ခွဲစိတ်ကုသမှုမခံယူ ရသေးကြောင်းကူညီရန်ရောက်ရှိနေသည့် ထိုင်းတောင်ပိုင်းအ ဖန်င အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED မှ အလုပ်သမား ရေးရာ  တာဝန်ခံ ကိုမိုးဝေက ပြောသည်။
မြန်မာအလုပ်သမား ၃၀၀ ကျော်အလုပ်လုပ်ကိုင်နေသည့် အဆိုပါ အလုပ်ရုံတွင်ယခုဖြစ်ပျက်သွားသော ကြောက်လန့်ဖွယ် ရာယခု   ဖြစ်ရပ်ကောင့်အလုပ်သမားများ မှာလုံးဝအလုပ် မလုပ် လိုကြ   တော့သဖြင့် ဘန်ကောက်မြို့မြန်မာသံရုံးနှင့် ၎င်းတို့၏  အေးဂျင့် များကို တင်ပြထားကြောင်း အလုပ်သမားများက ပြောသည်။