29 July 2012

“မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် လယ်ယာမြေများရေကြီးပြီးနစ်မြုပ်”



ဇူလိုင် ၂၉  ညီလေး( ပဲခူး)
          ဇူလိုင်လ(၂၄)ရက်နေ့ မှ (၂၅)ရက်နေ့အထိ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသ ပဲခူးမြို့နယ်နှင့် ဒိုက်မြို့နယ်အတွင်းရှိလယ်ယာမြေ များရေကြီးနစ်မြုပ်ပြီး ရန်ကုန်-မန္တလေးကားလမ်း မကြီးပေါ်သို့ရေမြင့်တတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
           အဆိုပါမိုးရေသည် ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့ နယ်အတွင်းရှိဝမ်းဘဲအင်းကျေးရွာ၊ကျိုက်ဇကောကျေးရွာ၊  လက်ခုပ်ကွင်းကျေးရွာနှင့် ကတုတ်ဘုရားကြီးေ ကျးရွာများမှ လယ်ယာမြေဧက (၁၀၀၀)ကျော်ရေကြီးနစ်မြုပ်ခဲ့ပြီး  မျိုးစပါးပင်များနှင့် စပါးစိုက်ခင် များပျက် ဆီးဆုံးရှုံးရမည့် အခြေအနေသို့စိုက်ရောက်နေကြောင်းသိရှိရသည်။

“ လက်ရှိအနေအထားကတော့ ရေနစ်မြုပ်ထားတဲ့ အတွက်ဒီစပါးဟာ ဘယ်နှစ်ရက်ခံမယ်မလဲဆိုတာ ကျွန်တော်တို့ပြောလို့မရ သေးဘူးလေ၊ မိုးတွင်းကာလဖြစ်သည့်အတွက် မိုးဆက်ရွာလျှင် ကျွန်တော်တို့အတွက်
မျှော်လင့်ချက်သိပ့်မကောင်းတော့ဘူး” ဟု ဒိုက်ဦးမြို့ နယ်၊လက်ခုပ်ကွင်းကျေးရွာမှ တောင်သူလယ်သမား တစ်ဦးက ပြောသည်။
   ရေကြီးနစ်မြုပ်မှုဒဏ် လျှော့နည်း သက်သာစေရန် လက်ခုပ်ကွင်းကျေးရွာအနီးရန်ကုန်မန္တလေးကားလမ်းမကြီး၌ရေစီဲးပြွန်(သို့)တံတားတစ်စင်းပြုလုပ်ပေးရန်
 ဒေသ ခံတောင်သူလယ်သမားများမှသက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံသို့ တင်ပြထားသော် လည်း ထူးခြားမှုမရှိသေးကြောင်း သိရှိရသည်။

ထို့အတူ ပဲခူးမြို့နယ် ၀မ်းဘဲအင်းေ ကျးရွာ ရန်ကုန်-မန္တလေးကားလမ်းမကြီးပေါ်တွင်လည်း   ရေကြီးမြင့် တက် မှု များကြောင့် ခရီသွားယာဉ်များ
သတိနှင့်မောင်းနှင်းနေရကြောင်း စုံစမ်းသိရှိရသည်။