12 February 2015

“မင်္ဂလာရှိသောစကား၊ မင်္ဂလာရှိသောပြုမူမှုများဖြင့်ပြည်ထောင်စုကြီးကိုဖေါ်ဆောင်အံ့”



      သမ္မတကြီးနှင့် လွှတ်တော်ဥက္ကဌများအား ဂုဏ်ပြု အထူးဆောင်းပါး......


    သမ္မတကြီးနဲ့ရူးဆေးများ………
           သမ္မတကြီး ဦးသိန်းစိန် အသွင်းပြောင်းအစိုးရတက်လာပြီး၎နှစ်သာပြည့်သွားတယ်။ ပြုပြင်ပြောင်းလဲမှုတွေက အားရစရာ အားကျစရာမရှိ။ ပြဿ     နာတွေကများလိုက်ပါဘိ။ ငြိမ်းချမ်းရေး ပွဲစားစင်တာထောင်ပြီး ကားပါမစ်တွေ မြေကွက်တွေနဲ့ လက်နက်  လဲလှယ်တာအဆင်မပြေ၊ နှာနှပ်လို့လည်းမရ။ တိုက်ပွဲကမရပ်။  ဧရာဝတီ၊ ချင်းတွင်း သံလွင် ပြောင်စင်အောင်လုပ်၊ ဇီးသီး ဗန်းတွေမှောက်။ တရုတ်အကျိုးစီးပွားအတွက် တိုင်သူပြည်သားတွေမီးဖိုချောင်ကပိုက်လိုင်းဖေါက်ပေး။ တရုတ်ပြည်အတွက်   ရေနံတင် သင်္ဘောကြီးတွေ ကျောက်ဖြူမှာဆိုက်ကပ်လာတယ်။ ဒေသခံရခိုင်တွေမှာ ပိုက်ချစရာနေရာ မရှိတော့လို့ ထမင်းငတ်၊ ထိုင်းကိုထွက် ကျွန်ခံ။
             ကျောက်စိမ်းနဲ့ပတ္တမြားတွေကို တရုတ်တွေက တရားမ၀င် လာရောက်တူးဖေါ်ကြသတဲ့။ သစ်တောတွေကို တရုတ်တွေ က ဧရာမကားတပ်ကြီးနဲ့လာခုတ်တာဖမ်းမိ။ မြေယာသိမ်းမှုကို မဖြေရှင်းနိုင်၊ အဆိုးဆုံးက လက်ပန်တောင်း တောင်ပြဿ     နာ ၊ ခိုင်းတာကိုသာလုပ်ဖို့စောင့်နေတဲ့ အစိုးရအဖွဲ့ ၀န်ကြီးတစ်သိုက်နဲ့ သမ္မတကြီးခမျာ ခေါင်းခဲလိုက်ရတဲ့ ဖြစ်ခြင်း။ MOU နဲ့ တရားဝင် အလုပ်သမားတင်သွင်းနေတာပါဆိုပြီး အလုပ်သမားဝန်ကြီးဌာနနဲ့  အေဂျင်စီများအဖွဲ့ချုပ် (လူပို့ပွဲစားဂိုဏ်းချုပ်) MOEAF က တရား ၀င်လူမှောင်ခိုကုန်ကူးနေတာကို သမ္မတကြီးကမသိ။ လယ်ယာလုပ်ငန်းခွင်မှာ အလုပ်သမားတွေ မရှိတော့တာလည်းမသိချာ။   ဖြစ်စဉ်အမှန် တကယ်မသိချာ။

             ၂ဒါဇင်ထက်မနည်းတဲ့ အကြံပေးပေါင်းစုံတွေက သောသောနှင်လိုက်တာ အလုပ်သမားတွေ ထမင်းစားရအောင် အခြေခံလုပ်အားခလစာမသတ်မှတ်နိုင်သေး။ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျပ်ဆယ်သိန်းစီပေးဖို့က မြန်လိုက်တဲ့ဖြစ်ခြင်း။ အလုပ်သမားတွေလယ်သမားတွေ ပြလိုက်ကြတဲ့ ဆန္ဒပြပွဲ။ကျွန်ပညာရေးအလိုမရှိ ကျောင်းသားတွေလမ်းပေါ် ရောက်လာတယ်။ ဗြိတိသျှဥပဒေကို ပြုပြင်ဖို့တောင်းတာမှမဟုတ်တာ။ သမ္မတကြီးလည်း မြန်မာ၊ ကျောင်းသားတွေလည်း မြန်မာကလေးတွေပဲ၊ သူတို့ကလွတ်လပ်ကောင်းမွန်တဲ့ ပညာရေးစနစ်ကို သင်ကြားချင်နေကြတာ၊ ခေတ်မီတဲ့ပညာရေးကို ဆာလောင်မွတ်သိပ်နေကြ တာ၊ တစ်ခါ နိုင်ငံသားအဖြစ် တရားမ၀င်မသတ်မှတ်ရသေးတဲ့ ၀ှိုက်ကဒ် ကိုင်ထားတဲ့ တရုတ် ကုလားတွေကို မဲပေးခွင့်ပြု လိုက်   တော့ ပွဲကကြမ်း လှိုင်းကထန်လာတော့ အားလုံးက စိုးရိမ်နေကြချိန်လည်းဖြစ်တယ်။

                   ဒီနေ့ပြည်ထောင်စုနေ့ပါလား၊ နက်ဖြန် ဗိုလ်ချုပ်မွေးနေ့ပါလားလို့ သတိရနေချိန်မှာ….မင်္ဂလာ ကျက်သရေရှိတဲ့၊ မင်္ဂလာစကားတွေနဲ့ မင်္ဂလာကျက်သရေရှိတဲ့ လုပ်ရပ်တွေကို ဂုဏ်သရေရှိကြတဲ့ လူကြီးလူကောင်းတွေ ပြုလုပ်လိုက်ကြတာ ကဖြင့် မင်္ဂလာအရှိဆုံးဖြစ်ပါတယ်။ ၀မ်းသာလိုက်ကြတာ။ အမျိုးဂုဏ် ဇာတိဂုဏ်ကိုစောင့်ရှောက်ကြတဲ့ ရဟန်းသံဃာ နဲ့   ကျောင်းသားပြည်သူတွေက တရားဝင်နိုင်ငံသားမဖြစ်သေးသူတွေကို မဲပေးခွင့်ပြုလိုက်တာကို စုပေါင်းကန့်ကွက်ကြလို့   နိုင်ငံတော် သမ္မတကြီးက ၀ှိုက်ကဒ်တွေကို ပြန်သိမ်းမယ်။ မဲပေးခွင့်လည်းမပြုတော့ဘူးလို့ထုတ်ပြန်လိုက်တဲ့ ပြတ်သားချက်ဟာ အလွန့်အလွန် မင်္ဂလာရှိတဲ့လုပ်ရပ်ဖြစ်ပါတယ်။
             ထမင်းကလည်းမ၀၊ စာကလည်းမတတ်၊ သြဇာပြည့်ဝ သယံဇာတပေါကြွယ်ဝတဲ့ဘူမိနက်သန် မြန်မာနိုင်ငံကို လူဦးရေ သန်းတစ်ထောင်ကျော်စီရှိကြတဲ့ တရုတ်ပြည်နဲ့ ကုလားပြည်က သွားရည်ယိုနေကြတာ သမ္မတကြီး ဂရုပြုမိပုံပေါ်တယ်။ ထမင်း ငတ်နေသူတွေနဲ့ ပညာမဲ့နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်နဲ့ ကုလားတို့က လွယ်လွယ်ကူကူနဲ့ ၀ါးမျိုးသွားနိုင်တာကို စဉ်းစား မိပုံပေါ်တယ်။ ဘာပြောပြောမြန်မာတစ်မျိုးသားလုံးဝမ်းမြောက်ကြတာတော့အမှန်ပဲ။
             ဟော.. ဒီနေ့တစ်ခါ ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ မင်္ဂလာရှိတဲ့ လုပ်ရပ်တစ်ခုကထပ်ပေါ် လာပြန်ပြီ။ အလှပေါ်အယဉ် ဆင့် အချိုပေါ်ပျားရည်လောင်းသလိုပ။ ပြည်သူ့လွှတ်တော်မှာ ဗိုလ်ချုပ်ရဲ့နှစ်၁၀၀ ပြည့်မွေးနေလုပ်တဲ့ ဓါတ်ပုံတွေ သတင်းတွေကြ ည့်မြင်ရတယ်။

                                           “ ပြည့်သူ့နှလုံးသားထဲက ဗိုလ်အောင်ဆန်း”
          ယနေ့ဖေဖေါ်ဝါရီလ၁၁ရက်မှာ ပြည် ထောင်စုလွှတ်တော်၌ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ပြုလုပ် တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀)ပြည့် ဂုဏ်ပြုအခမ်းအနားတွင် လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးဖြစ်သည့် သူရ ဦးရွှေမန်း နဲ့  ဦးခင်အောင်မြင့် တို့ က ဗိုလ်ချုပ်အောင်ဆန်းအား သတိတရချစ်ခင်မှုဖြင့် ဂုဏ်ပြုလိုပါက မပြီးဆုံးသေးသည့် ဒီမိုကရေစီ အရေးတော်ပုံကြီးအား အောင်မြင်ပြီးမြောက်စွာ ထမ်းဆောင်နိုင်ရန် မိမိတို့အားလုံးတွင် တာဝန်ရှိသဖြင့် ကျရာအခန်းကဏ္ဍ မှ ပီပြင်စွာဆောင်ရွက်သွားရန်လိုကြောင်း လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးက ပြောကြားလိုက်တယ်။

 အမျိုးသားလွှတ်တော် ဥက္ကဌကြီး ဒေါက်တာ ဦးခင်အောင်မြင့် က………
       "ကျွန်တော်တို့တာဝန်ယူထားကြရတဲ့ ဒီမိုကရေစီအရေးတော်ကြီးဟာ အေးဆေးတည်ငြိမ်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ အစပြုကြရတာမဟုတ်ပါဘူး။ ပြည်တွင်းပြည်ပစိန်ခေါ်ချက်တွေပြည့်လျှံနေတဲ့ အကျပ်အတည်းဝန်းကျင်မှာ တာဝန်ယူကြရတြာ ဖစ်ပါတယ်။ ဒီလိုအခင်းအကျင်းမျိုးမှာ ဗိုလ်ချုပ်လို စမတ်ပါဝါကို ကျကျနနကိုင်တွယ်ကျင့်သုံးနိုင်ပါမှ ဗိုလ်ချုပ်လိုခေတ် ရဲ့တာဝန် ကို ကျေပွန်စွာဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်"  ‘‘ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေဟာ သူတို့ခေတ် ရဲ့ တာဝန်ဖြစ်တဲ့ လွတ်လပ်ရေးရရှိဖို့ကို အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင်ရင်း အသက်ပေးသွားခဲ့ ကြပါပြီ။ ကျွန်တော်တို့ အနေနဲ့လည်း ခေတ်ရဲ့တာဝန်ဖြစ်တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို အောင်မြင်ပြီးမြောက်အောင်  ထမ်းဆောင် ကြပါစို့’’ လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဦးခင်အောင်မြင့် က လို့ပြောလိုက်တယ်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း……..
         ‘‘ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်ကို သတိရဂုဏ်ပြုတဲ့ အချိန်ကာလအတွင်း ဗိုလ်ချုပ်ရဲ့ ဒီမိုကရေစီ ပြည်ထောင်စုအိပ်မက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျွန်တော်တို့အားလုံးဟာ ကျရာအခန်းကဏ္ဍမှ ကိုယ်စီ ကိုယ်ပါဝင်ထမ်းဆောင်ကြဖို့ လိုပါတယ်။ မြန်မာနိုင်ငံသား အားလုံးရဲ့ရင်ထဲမှာ ဗိုလ်ချုပ်ဟု ဆိုလိုက်တာနဲ့ အထူးတလည် ဂုဏ်ပုဒ်တပ်စရာမလိုဘဲ ဗိုလ်ချုပ်   အောင်ဆန်းကို မြင်ယောင်ပုံဖော်မှာဖြစ်လို့ ဗိုလ်ချုပ်ဟာ နိုင်ငံပိုင်ဖြစ်တယ်’’ "ယနေ့ ယခုပြန်လည် သုံးသပ်လိုက်တဲ့အခါ ဗိုလ်ချုပ် ၏ လုပ်ငန်းပြီးပြည့်စုံစွာမအောင်မြင်သေးဟု ၀န်ခံရပေမည်။ထို့ကြောင့် ဗိုလ်ချုပ်နှစ်(၁၀၀) ပြည့်သတိရဂုဏ်ပြုသည့်အချိန်ကာလ   အတွင်း ဗိုလ်ချုပ်၏ဒီမိုကရေစီပြည်ထောင်စု အိပ်မက်များ အကောင်အထည်ဖော်နိုင်ရန်အတွက် ကျွန်တော်တို့အားလုံးသည် ကျရာအခန်း ကဏ္ဍမှ ကိုယ်စီ ကိုယ်ငှ ပါဝင်ထမ်းဆောင်သွားကြရန်လိုအပ်ပါကြောင်း တိုက် တွန်းပါတယ်" “ယခုကဲ့သို့   ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အခမ်းအနားကို လွှတ်တော်တွင် နိုင်ငံတော်အဆင့်အဖြစ် ခမ်းနား ထည်ဝါစွာကျင်းပနိုင်ခြင်းဟာ  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၏ တိုက်တွန်းမှုကြောင့် ဖြစ်တယ်” လို့  ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ဆိုတယ်။
             ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်သူ   ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က ……………
                ‘‘ဖေဖေရဲ့ နှစ် ၁၀၀ ပြည့်ကို ဒီလိုခမ်းခမ်းနားနားလုပ်ပေးလို့ ကျေနပ်ပါတယ်’’ လို့ပြောတယ်။
အခမ်းအနားသို့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်မှ ညှိ နှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး    လှဋ္ဌေးဝင်း၊   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ် အစရှိတဲ့မဏ္ဍိုင် ၃ရပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

“သမ္မတကြီးတို့ တစ်ဖွဲ့လုံးကိုရွှေစင်ရုပ်ထုသွန်းလောင်းစေချင်ရင်”

             မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်တည်ထောင်ဖို့အတွက် တရားဥပဒေစိုးမိုးမှုကိုစတင်ကျင့်သုံးရမယ်။မတရားခေါင်းပုံဖြတ် အခွင့်ထူးခံနေတဲ့ ဦးပိုင်ကုမ္ပဏီကိုဖျက်သိမ်း၊လက်ပန်တောင်းတောင်စီမံကိန်းနဲ့အခြားသယံဇာတတွေတူးဖေါ်နေသမျှလုပ်ငန်းတွေ ကို ရပ်တန့်၊ ဘယ်နိုင်ငံခြားတိုင်းပြည်နဲ့ဘယ်ကုမ္ပဏီကမှ မြစ်တွေ ချောင်းတွေကို ဆည်လာမဆောက်နဲ့ သစ်လာမခုတ်နဲ့လို့......  ကုလားကာနောက်ကွယ်ကို ပြတ်ပြတ်သားသား ဥပက္ခာပြု ပစ်၊  ပြည်သူ့ဘက်ကို မျက်နှာမူပြီး အပြတ်အသတ်လုပ်လိုက်နိုင်ရင်ေ တာ့ သမ္မတကြီးနဲ့ အစိုးရတစ်ဖွဲ့လုံးဟာ မြန်မာတပြည်လုံး ထိုင်ကန်တော့ပြီး ဒီမိုကရေစီ မြန်မာ့သမိုင်းမှာ ရွှေစင်ရုပ်တုတွေအဖြစ် ကျန်ရစ်မှာကိန်းသေပါပဲ။
           ဒီနောက်မှာ  မြန်မာတစ်နိုင်ငံလုံးကို မီးလင်းအောင်လုပ်၊ ကားလမ်းရထားလမ်းပေါက်အောင်ဖေါက်၊ အင်တာနက် အီးမေး တယ်လီဖုန်းတွေ လိုင်းကောင်းအောင် ဈေးသက်သာအောင်လုပ်၊ စိုက်ပျိုးရေဆိုတာ အချိန်မရွေးရလို့၊ ကိုယ်စိုက်ချင်တာ စိုက်၊ မွေးမြူချင်တာမွေးမြူ၊ တစ်နိုင်ငံလုံးဂက်စ်နဲ့ထမင်းချက်ရအောင်စီစဉ်ပေး၊ မူလတန်းကနေအထက်တန်းထိ အခမဲ့ပညာသင်နိုင် ၊ တတိုင်းပြည်လုံး ဖြစ်ချင်တဲ့ ရောဂါဖြစ်ပါစေ အခမဲ့ဆေးကုခွင့်ရ၊  ဒီလောက်သာလုပ်နိုင်လို့ကတော့ မြန်မာတစ်မျိုးသားလုံးဟာ သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဌ အပါအ၀င် အစိုးရတစ်ဖွဲလုံးကို ဗိုလ်ချုပ်ကိုချစ်ကြတာထက် လျှော့ပြီး မချစ်ကြဘူးဆိုတာ ယုံလိုက် ပါလို့ ကျနော်ပြောလိုက်ချင်တယ်။  တကယ်လုပ်ကြည့်ပါ။  ဖြစ်ကိုဖြစ်ပါတယ်။     

                                                                မြတ်ညို