26 February 2015

“ဌေးကုမ္ပဏီမှ အလုပ်သမား၂ဦးအား လူကုန်ကူးမှုမြောက်သည်ဟုဆိုကာထိုင်းအစိုးရအမှုဖွင့်”


၂၀၁၅ ခု ဖေဖေါ်ဝါရီ ၂၆၊ကိုတီး
             ထိုင်းနိုင်ငံတောင်ပိုင်းခြုံဖွန်မြို့PPCငါးလုပ်ငန်းစက်ရုံတွင် လက်ထိပ်ခပ်ဖမ်းဆီးချုပ်နှောင်ခံ ခဲ့ရသူ၂ဦး ထဲမှသားအမိ၂ဦးတို့အားလူကုန်ကူးမှုမြောက်သည်ဟုဆိုကာ ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တစ်ခုကအမှုဖွင့်ရန်ပြင်ဆင်နေကြောင်းသိရှိရသည်။

       ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှ သွား ရောက်ကူညီဖြေရှင်းပေးခဲ့သည့် လက်ထိပ်ခပ် ဖမ်းဆီးချုပ်နှောင့်ခဲ့ရသည့် အလုပ်သမား၃ဦးအနက် မပိုးအိထွန်းအားအသက် ၁၈နှစ်ပြည့်ရန် တစ်လလိုသည်ဟုဆိုကာ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့တစ်ခုဖြစ်သော ၁၃၀၀ အဖွဲ့က ကယ်ဆယ်ရေးစခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ရာ မိခင်ဖြစ်သူ ဒေါ်သန်းဌေး ပါလိုက်ပါသွားခဲ့ရသည်။



  MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်တို့ကို လူကုန်ကူးမှုနဲ့ အမှုဖွင့်မလားလို့မေးပါတယ်။ အလုပ်သမားတင်သွင်းတဲ့ ကုမ္ပဏီ၊ အလုပ်ရုံနဲ့ အလုပ်သမားတွေ တစ်စုံတစ်ခု ပြေလည်နေပြီဖြစ်တာ ကြောင့်လည်းကောင်း၊ နောက်တစ်ခုက အမှုဖွင့်မယ်ဆိုရင် ထိုင်းတောင်ပိုင်းအထိကျနော်တို့အဖွဲ့က အကြိမ်ကြိမ်လာနေရမယ်။ ကျနော်တို့ကစရိတ်စကမတတ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့အမှုမဖွင့်ဘူး။ ဒါပေမယ့် သူတို့က ကယ်ဆယ်ရေးစခန်းထဲကိုခေါ်သွားတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဒေါ်သန်းဌေး ကဖုန်း ဆက်လာတယ်။ လာခေါ်ထုတ်ပေးပါတဲ့။ မနေ့က ဖုန်းဆက်လာတာတော့ သူတို့ကိုလက်ထိပ်ခပ်ဖို့ ခိုင်း စေတဲ့ လုပ်ငန်းရှင်အမျိုးသမီးနဲ့ လက်ထိပ်ခပ်တဲ့ ပုလိပ်ကို ပြခိုင်းတယ်၊ အမှုဖွင့်ဖို့လုပ်နေတယ်လို့ သိရ တယ်။ ပြဿနာတော့အေးမယ့်ပုံ မပေါ်ဘူး”


          မပိုးအိထွန်းနှင့် ဒေါ်သန်းတို့တို့သည် ဌေးကုမ္ပဏီသို့ ကျပ်ငွေ သုံးသိန်းခွဲစီပေးပြီး လာခဲ့ကြရသူများ ဖြစ်ကြောင်း ၎င်းတို့က MAT အဖွဲ့ကို VDO အင်တာဗျူး မှတ်တမ်းတင်ခဲ့ကြသည်။ ၎င်းတို့နှင့် အတူ လွတ် မြောက်လာသည့် အလုပ်သမား၅ဦးတို့အား MAT အဖွဲ့က ကူညီစောင့်ရှောက်ပေးထားဆဲဖြစ်သည်။