06 February 2015

“ပြောလည်းမပြီး၊ တီးလည်းမမြည်တဲ့MOUစည်ပေါက်ပြဿ နာများမရှင်းနိုင်”



           
၂၀၁၅ ခု ဖေဖေါ်ဝါရီ ၆ ရက်
ခရမ်းသားလေး
        
        ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ရုံးသို့ MOU   ဖြင့်ထိုင်းနိုင်ငံသို့လာခဲ့ကြသည့် အလုပ်သမားများ စဉ်ဆက်မပြတ်   ရောက်ရှိနေကြသဖြင့်မည်သို့ဖြေရှင်းရမည်မသိ တော့ကြောင်း
MAT အဖွဲ့ကတာဝန်ရှိများးက ပြောသည်။
         ၂၀၁၄ ခု နှစ်ကုန်ပိုင်းမှစ၍ MAT ရုံးသို့ ရောက်ရှိနေကြသူ များမှာ 
(၁) မေ၀င့်ကုမ္ပဏီ 
(၂) လေဘာအာရှ ကုမ္ပဏီ 
(၃) ဇွဲသုခ 
(၄) မြင့်မြတ်မိုးကုမ္ပဏီ
 (၅) ရွှေရည်ဖြိုးအောင်ကုမ္ပဏီ  နှင့်
(၆) ငွေကြိုးကြာကုမ္ပဏီ တို့မှ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာခဲ့ကြသည့်   မြန်မာအလုပ်သမားဖြစ် ကြသည်။
         ထိုအလုပ်သမားများသည် အလုပ်မရှိပဲလပေါင်းများစွာနေ ကြရသူများနှင့် အချို့မှာ ပန်းရံဆိုဒ်တွင် စွန့်ပစ်ခံခဲ့ကြရသူများဖြစ် ကြသည်။

 
      ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်တို့ MATမဟာချိုင်ရုံးမှာ လနဲ့ချီပြီးတင်   ကျွေးထားပါတယ်။ အလုပ်သမားသံအရာရှိကိုဖုန်းဆက်လည်း ဖုန်းမကိုင်ဘူး။ အေဂျင်စီများအဖွဲ့ချုပ် ဥက္ကဌကြီးက အလုပ်သမား   တွေ အခက်အခဲတွေကို ဖြေရှင်းဖို့ ၂၄ နာရီ ဆက်လို့ရတဲ့ ဖုန်း   ကောစင်တာ ဖွင့်ထားတယ်တဲ့ သတင်းမီဒီယာတွေမှာပြောခဲ့ တယ်။ MOU လုပ်ငန်းစဉ်ဟာ ဘယ်လိုလဲဆိုတာ အလုပ်သမား   တွေကိုပဲ ကိုယ်တိုင်မေးကြည့်ကြပါ။ ကျနော်တို့ အချက်အလက် ခိုင်ခိုင်မာမာတွေနဲ့ တင်ပြပေမယ့်ကျွဲပါးစောင်းတီးပါပဲ။ အလုပ် သမားအာဏာပိုင်တွေနဲ့ အေဂျင်စီတွေက အကျိုးတူလုပ်ငန်းလုပ်   နေကြတာဆိုတော့ အလုပ်သမားတွေမှာခံပေါ့ဗျာ။ ကျနော်တို့ ကတော့ ပြောလွန်းလို့အမုန်းခံရသူတွေပေါ့” ဟုပြောသည်။
.
          MOUပွဲစားကုမ္ပဏီ တစ်ခုသည် ရန်ကုန်မြို့ ပင်လုံခန်းမနှင့်   မြ၀တီကျောက်လုံးကြီးစခန်းတို့တွင် ထိုင်းနိုင်ငံသုံး ဆင်းမ်ကဒ် အား တစ်ကဒ်လျှင်ဘတ်၁၀၀နုန်း(ကျပ်ငွေ၃၀၀၀) မ၀ယ်မနေရ ၀ယ်ခိုင်းနေခြင်း၊ အခြားပွဲစားအုပ်စုတစ်ခုကမူ ထိုင်းနိုင်ငံတွင် ထိုင်းအစိုးရကျင့်သုံးနေသော အသက်အာမကြေးအား ပုံမှား ရိုက်၍ အလုပ်သမားတစ်ဦးအား ဘတ်ငွေ ၅၀၀ စီကောက်ခံနေမှု များပြု လုပ်နေဆဲဖြစ်သည်။ ဤ အကြောင်းအရာများအား အလုပ်သမားဝန်ကြီးအစည်းဝေးသို့ MAT အဖွဲ့က ဖေဖေါ်ဝါရီ၂ရက်နေ့က အိပ်ဖွင့်ပေးစာပေးပို့ခဲ့ပြီဖြစ် သည်။ အလုပ်သမားများအပေါ် မတရားခေါင်းပုံဖြတ်နေသူများ အား ထိရောက်စွာအရေးယူသင့်ပါသည်။ ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော်အစိုးရသည် တိုင်းပြည် သို့ နိုင်ငံခြားဝင်ငွေရှာ ပို့နေကြသည့် သန်းချီရှိသည့် မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက် သင့်ပါသည်။
.
         ပြည်ပသို့ထွက်ခွာ၍အလုပ်လုပ်နေကြရသော မြန်မာနိုင်ငံ သားများသည် ထိုင်းနိုင်ငံသားများ မလုပ်ချင်ကြသော ညစ်ပတ်၊ ပင်ပန်း၊ အန္တရာယ်များသော အလုပ်များအား လုပ်ကိုင်နေကြရသူ များဖြစ် သဖြင့် မြန်မာအစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အတွက် လွဲမှားသောအစီအမံများ မချမှတ်မိအောင် အထူးသတိ ပြုသင့်ပါသည်။    
       အလုပ်သမားဝန်ကြီးဌာနနှင့်အာဏာပိုင်များသည်ကိုယ်ကျိုး တစ်ခုတည်းကိုကြည့်၍ ထိုင်းနှင့်မြန်မာ ပွဲစားများနှင့် ပူးပေါင်းကာ   မြန်မာအလုပ်သမားများအပေါ်အမြတ်ထုတ် ရန်တစ်ခုတည်း အတွက်သာ ဦးတည်ပါက လေးသန်းခန့်ရှိသည့်မြန်မာများ ထိုင်နိုင်ငံတွင် ကျွန်သက်ပိုရှည်ဦးမည်ဖြစ်ပါသည်။