28 February 2015

“အလုပ်သမားတွေအတွက်လုံခြုံတဲ့ပတ်စပို့ဖြစ်စေချင်”




   ထိုင်းနိုင်ငံမှာ ဘတ်အသစ်လုပ်ထားတဲ့ အလုပ်သမားခြောက်သိန်းကျော်အတွက် ပတ်စပို့အစိမ်းရောင်စာ အုပ် C of L ထုတ်ဖို့အတွက် မြန်မာအစိုးရစီစဉ်နေပြီဖြစ် တယ်။ စါရင်းကောက်ခံဖို့အတွက် ထိုင်းနိုင်ငံအနှံ့ ကိုယ်စားလှယ် ၂၁ဦးထားရှိပြီးဖြစ် တယ်လို့သိရတယ်။  မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ (မြန်မာပြည်ပ လူထုတ်ပွဲစားများအဖွဲ့ ) MOEAF က ပွဲစားပေါင်း  ၆၀ အုံနဲ့ကျင်းနဲ့ လည်း ရောက်လာတယ်။ အစိမ်းရောင်ပတ်စပို့စာအုပ် ပြင်ပပေါက်ဈေး ဘတ်ခြောက်   ထောင်ဝန်းကျင်ကြားရတယ်။ 

         နိုင်ငံတော် ဒုသမ္မတဦးစိုင်းမောက်ခမ်း က လည်းတိုင်းခန်းလှည့်လည်နေသလို အလုပ်သမား ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နဲ့ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် တို့ လည်း ပွဲစားတစ်သိုက်နဲ့လုပ် ကွက်အသစ်တွေဖန်တီးနေတယ်လို့ကြားသိရတယ်။   .....စုတ်… စုတ်…ကျွတ်..ကျွတ်…


            ပတ်စပို့ထုတ်ပေးတဲ့ရည်ရွယ်ချက်ကဘာလဲ။ ဒီလုပ်ငန်းကို ပွဲစားပေါင်း ရာချီပြီး ဘာကြောင့် အုံခဲနေတာလဲ။ ထန်းလျှက်ခဲကို ပုရွက်ဆိပ်အုံးခဲ့နေသလို ပတ်စပို့လုပ်ကိုင်ခွင့်ရဖို့ အတွက် ပွဲစားတွေအုံခဲနေ လိုက်တာ ၀ါးလုံးခြောက် မီးတောက်နဲ့မီးရှို့ချင်စရာပဲ။ 

        အဖြေကရှင်းပါတယ်။ ပတ်စပို့ထုတ်လုပ်ခြင်းဟာ အချိန်တိုအတွင်းမှာ အကျိုး အမြတ်  လုံးကနဲ့ ခဲကနဲ့ မြိုးမြိုးမြက်မြက်ဝါးကြရစားကြရမယ့်ကိန်းကိုဗျ။ ဘာမှကို တာဝန်ယူစရာမလိုဘူးလေ။

          တစ်ခါမှ မကြားဖူးမမြင်ဖူးတဲ့ ပွဲစားကြီး ၅ယောက်လောက် MAT အဖွဲ့က လူကြီးတွေဆီကို ဆက်သွယ်ကြတယ်လို့သိရတယ်။ ဘာတဲ့…. အလုပ်သမားတွေ သက်သာအောင် ဆောင်ရွက်ကြဖို့။ လူမှုရေး အသင်းအဖွဲ့တွေကိုထောက်ပံ့ဖို့ တကယ့်စေတနာနဲ့ပါတဲ့။

          ဒါဆိုရင် ထိုင်းရောက်အလုပ်သမားတွေ အရေးကိစ္စကူညီဆောင်ရွက်ဖို့ အတွက် ရံပုံငွေ ဘယ်လောက်ချန်ထားခဲ့ကြမလဲ။ ကြားတောင်မကြားဖူးဘူး။ အယင် တုန်းကလည်း အလုပ်သမားကူညီမှု အတွက်စိတ်မ၀င်စားသလို ခုလည်းစိတ်မ၀င် စားကြပါဘူး။ အမြတ်ယူပြီး ပြန်ကြမှာပဲလေ။ ဒါဆို အလုပ်သမားလူတန်းစားဟာ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ပွဲစားတွေ ဂုတ်သွေးစုတ်ခံ အမြတ်ထုတ်ခံနေရမယ့် သူတွေပဲပေါ့။

         ခင်ဗျားတို့ ထုတ်ပေးတဲ့ ပတ်စပို့ကို မြန်မာအလုပ်သမားတွေ ငွေကုန်ခံပြီး လုပ်ထားပေမယ့် ထိုင်းပုလိပ်ဖမ်းဆီးရင်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ထားတဲ့ ပတ်စပို့ကို ထိုင်းလုပ်ငန်းရှင်က သိမ်း ထားရင် ဘယ်သူများ အကူညီပေးမလဲလို့ပါ။ ဒီပတ်စပို့က အလုပ်သမားတွေအတွက် တကယ် လုံခြုံမှုပေးစွမ်းနိုင်မလား။ လုံခြုံမှုရှိ တယ်လို့ ဘယ်သူအာမခံမလဲ။ လုံခြုံတယ်ဆိုရင် ဘာမှပြော စရာမလိုပါဘူး မြန်မာ အစိုးရကို အကြိမ်ပေါင်းများစွာ အလေးပြုပါတယ်။ မလုံခြုံဘူး။ အားမခံနိုင်ဘူးဆိုရင် ဘာကြောင့်ထုတ်တာလဲ။ မြန်မာအလုပ်သမားတွေကို အမြတ်ထုတ်ဖို့ သက်သက်နဲ့   တော့မလုပ်ကောင်းဘူးနှော်။ လုံခြုံမှုရှိအောင်ဘာလုပ်ကြမယ်ဆိုတဲ့အတွေးအခေါ် မျိုးဘယ်သူ့ခေါင်း ထဲမှာရှိပါသလဲ။ 

         မြန်မာပတ်စပို့အနီရောင် ပြီးတော့ ခရမ်းရောင် ခုတစ်ခါ အစိမ်းရောင် C of L တဲ့။ ဘယ်လိုပဲအရောင်ပြောင်းပြောင်း မြန်မာအရာရှိတွေနဲ့ နီးစပ်သူတွေကချမ်းသာ ပြီး မြန်မာအလုပ်သမားတွေမှာ ပိုက်ဆံကုန်ပြီး ဘာအကာအကွယ်မှ မရဖြစ်နေကျ ပါပဲ။ ပတ်စပို့ အရောင်းပြောင်းခြင်းထက် မြန်မာအလုပ်သမားတွေကို မဖမ်းအောင် ထိုင်းပုလိပ်နဲ့ ထိုင်းလုပ်ငန်း ရှင်တွေကို မြန်မာ အစိုးရက သြဇာသက်ရောင်အောင် လုပ်နိုင်ဖို့သာ အဓိက လို့ တင်ပြချင်ပါ တယ်။ ပြောမယ့်သာပြောရတာ ပတ်စပို့လုပ် ရင် မင်းတို့ဘယ်လောက် ငါတို့ဘယ်လောက်ဆိုပြီး မြန်မာအလုပ် သမားတွေရဲ့ အဆီအသားတွေကို ထိုးကျွေးပြီးမှ ခွင့်ပြုချက်ရတာဆိုတော့လည်း ဘယ်သူက သြဇာ သက်ရောက်အောင် ပြောနိုင်တော့မလဲ။ မျှစားနေကြတာဂိုးဗျ။

         ခင်ဗျားတို့က အလုပ်သမားသံအရာရှိ…ရှိတယ်။ သူကူညီမယ် ဟုတ်လား။ အလုပ်သမားသံအရာရှိ ဖုန်း ၀၉၁ ၅၃၇ ၀၀၁၈ ကို ခင်ဗျားရှေ့ကပဲ လူ၃ ယောက်   လောက်ကိုဖုန်းဆက်ကြည့်ပါလား။  ဦးသိန်းနိုင် ဘာပြောမလဲလို့။  မြန်မာအလုပ် သမားတွေကိုတော့ဂုတ်သွေးစုတ်ပွဲကြီး ၀ှဲချီးကျင်းပကြတော့မှာအမှန်ပဲ။ အကူညီပေး ပါဆိုတော့…ထုံးစံအတိုင်း ဟိုလူ့လွှဲချ။ ဒီလူ့လွှဲချပေါ့ဗျာ။ အရူးကွက်နင်းကြမှာပေါ့ဗျာ။

စာရေးသူ. . . (ကိုရင် မ၀တ်ရသေးတဲ့ MAT အဖွဲ့ အငယ်ဆုံး) ဖိုးသူတော်ကလေး