04 February 2015

“ဘတ်ငွေ ငါးဒဿမငါးဘီလီယန်ခန့်လိမ်ထားသည့်ကုမ္ပဏီကိုတရားရုံးတွင်စစ်မည်”




၂၀၁၅ ခု  ဖေဖေါ်ဝါရီလ ၄ ရက်၊ဆန်းဦး 

 ဘတ်ငွေ ငါးဘီလီယန်ကျော်ဖိုး ထောင်ချီရှိသည် မြန်မာအလုပ်သမားများထံမှ လိမ်လည်ထားသည့် SUNJAOPING.ltd အမှုအား ဘန်ကောက်မြို့ အယ်ကချိုင် ကင်မနန် ၃၆ထိပ်တွင်ရှိသော ၀တ်စင် တရားရုံးတွင် ဖေဖေါ်ဝါရီလ ၆ ရက်နေ့၌ စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

            ထောင်ချီရှိသည့် အလုပ်သမားများ အားလုံး ကြားနိုင်ရန်အတွက် တရားရုံးအပြင်မှ ကြားနိုင်ေ အာင်စပီကာတပ်ဆင်ပေးထားမည့်ဟု FED အကျိုးဆောင် ထိုင်းရှေ့နေကပြောသည်။ ယခုဖြစ်စဉ်သည် ထိုင်းနိုင်ငံအတွင်း အလုပ်သမားများထံမှ ငွေအများဆုံး လိမ်လည်သည့်အမှုဖြစ်သဖြင့် ထိုင်းနှင့်မြန်မာ သတင်းဌာနတို့အား ဖိတ်ကြားရန် ရှေ့နေများက ဆော်သြထားသည်။


          ထိုင်းစစ်တပ်အကူညီဖြင့်ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်သားများအဖွဲ့ က ၂၀၁၄ ခု  အောက်တိုဘာလ ၂၄ ရက်နေ့က   ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ မူဘန်းDK ၂၆လမ်း တွင်ရှိသော အဆိုပါကုမ္ပဏီ ကို ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ စီးနင်းဝင်ရောက်စဉ်တွင်    ပိုင်ရှင်သူဌေး သားနှင့် မြန်မာဝန်ထမ်း၁၂ ဦးတို့ကိုဖမ်းဆီးခဲ့သည်။


              ကုမ္ပဏီ ပိုင်ရှင်သူဌေးအား ၂၀၁၅ ခု ဇန်န၀ါရီလ ၆ ရက်နေ့က ဖမ်းဆီးခဲ့သည်။ အာမခံမပေး သဖြင့် ယခုအခါ အချုပ်ထောင်ထဲတွင် ရှိနေဆဲဖြစ်သည်။ 

          ယခု အမှုတွဲအား ကိုင်တွယ်သူဖြစ်သည့် MAT အဖွဲ့ အတွင်းရေးမှူးကိုခိုင်ကြီးက “ဒီကုမ္ပဏီကိုဖမ်း ဆီးနိုင်ဖို့ ကျနော်တို့ အတော်ကြိုးစားခဲ့ရပါတယ်။ မြန်မာသံရုံးကလည်းလက်ရှောင်တယ်။ ထိုင်းရဲတပ်ဖွဲ့က လည်းလက်ရှောင်တယ်။ နောက်ဆုံး ကျနော်တို့ ရာပေါင်းများစွာသော အလိမ်ခံရတဲ့ အလုပ်သမားတွေ
 မြန်မာသံရုံးအနားမှာ ရုပ်ရုပ်သွားလုပ်တော့စစ်တပ်ရောက်လာတယ်။ စစ်တပ်အရာရှိတွေက ကျနော် တို့ကို Economic Crine Suppression Division  ပို့ပေးခဲ့တယ်။ တရားရုံးကို တရားစွဲဆိုနိုင်အောင် ထိုင်းရှေ့နေ
 နှစ်ယောက်သုံးယောက်နဲ့ဝိုင်းလုပ်ကြရပါတယ်၊ ဘာပဲပြောပြော နောက်ထပ်မြန်မာ အလုပ်သမား
တွေ အလိမ်မခံရတော့ဘူးပေါ့ဗျာ” ဟုပြောသည်။


              တရားရုံးသို့ မြန်မာအလုပ်သမားပေါင်း ၇၀၀ ကျော်ခန့် ရောက်ရှိလာကြလိမ့်မည်ဟု MAT ရုံးအဖွဲ့က ပြောဆိုသည်။

စံကျော်ပင် ကုမ္ပဏီ SUNJAOPING.ltd အား ထိုင်းစစ်တပ်၊ ရာဇ၀တ်မှုတိုက်ဖျက် နှိမ်နင်းရေးအထူးရဲတပ်ဖွဲ့ Economic Crine Suppression Division  မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက် ရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော  ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် MAT တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။