06 February 2015

“မြန်မာအလုပ်သမားများအားလိမ်လည်သည့်ကုမ္ပဏီအား ပထမဦးဆုံးအကြိမ်တရားရုံးတင်ပြီ”



၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၆၊ဆန်းဦး
          
 
ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် အလုပ်လုပ်နေကြ သည့် မြန်မာအလုပ်သမားများထံမှ ရှယ်ယာ ထုတ်ရောင်းသည့်၊ ပစ္စည်းဝယ် စနစ်ဖြင့် ဘတ်ငွေ သန်းပေါင်းများစွာ လိမ်လည်ထား သည့် SUNJAOPING.LTD ကုမ္ပဏီ အား ပထမဦးဆုံးအကြိမ် တရားရုံးတင်လိုက်ပြီဖြစ်သည်။

         အလုပ်သမားများကိုယ်စား အမှုဖွင့်ဆိုသူတစ်ဦးဖြစ်သော မစန္ဒာက “အခြားလူတွေနဲ့စာရင် သမီးက နည်းပါတယ်။ ဘတ်ငွေ   နှစ်သောင်းကျော်လောက်ပါ။အခြားလူတွေအတွက်မခံချင်လို့သမီး  တိုက်ပွဲဝင်နေ တာပါ။  ငွေကတော့ ဘတ်ငွေ ငါးဘီလီယန်ကျော် ပါတယ်ရှင့်၊ စလုပ်တုန်းက အလုပ်သမားပေါင်း တစ်ထောင်ကျော် စါရင်းပေးထားပါတယ်။ စိတ်ပျက်ပြီးတော့အမှုမလုပ်တော့တဲ့သူနဲ့အလုပ်နားလို့မရတဲ့သူနဲ့ တရားရုံးပေါ်ကို ရောက်သွားတဲ့သူပေါင်း ၈၆၉ ဖြစ်ပါတယ်။ အားလုံးကိုတော့ ပေးချင် မှပေးမယ်လို့ပြော တယ်။ စာချုပ်ရှိတဲ့ သူ တွေကိုတော့ပေးမယ်လို့ပြောသွားတယ်ရှင့်” ဟုပြောသည်။

 

နံနက် ၈နာရီကျော်မှ နေ့လည် ၁၂နာရီကျော်အထိ တရားရုံးအခြေ အနေအား စေတနာဝန်ထမ်း ဘာသာပြန် ကိုကျော် က“အားလုံး ကို အမှုမတင်နိုင်သေးပါဘူး။ ဒီနေ့တင်ခဲ့တာကအလုပ် သမားေ ပါင်း ၇၁၂ ယောက်အတွက်ဘတ်ငွေ၄၅သန်း ရှစ်သိန်းရှစ်သောင်း   နှစ်ထောင်ဖြစ်ပါတယ်ခင်ဗျ။ အခြေ အနေကောင်းပါတယ်ခင်ဗျ။ ဆုံးရှုံးထားတဲ့အလုပ်သမားတွေ အနေနဲ့ စိတ်ရှည်ရှည်နဲ့ အချိန် ယူပြီး လုပ်ကြရပါမယ်ခင်ဗျ။ ဟုပြောသည်။
             ယနေ့ တရားရုံးကြားနာရာသို့ ရာပေါင်းများစွာသော အလိမ်ခံထားရသည့် မြန်မာအလုပ် သမားများ ရောက်ရှိလာခဲ့ကြသလိုထိုင်းရုပ်သံလိုင်းများနှင့်ထိုင်းသတင်းဌာနအချို့တို့လာရောက်
သတင်းယူခဲ့ကြသည်။