28 February 2015

“မြန်မာသံရုံးကူညီမှုဖြင့်သားအိမ်ကင်ဆာရောဂါသည်တစ်ဦးအားပြန်လည်ပို့ဆောင်ပေးခဲ့”




၂၀၁၅ ဖေဖေါ်ဝါရီလ ၂၈ ၊မြတ်ညို (အလွတ်သတင်းထောက်)

           တရားဝင်နေထိုင်ခွင့်မရှိသည့်  မြန်မာအလုပ်သမတစ် ဦး   ဆေးရုံတွင်ဆေးဝါးကုသမှုခံယူရာ  ဆေးဖိုးမတတ်နိုင်သဖြင့် အခက် အခဲကြုံတွေ့နေရစဉ် မြန်မာသံရုံးအလုပ် သမားကူညီစောင့်ရှောက်ရေး   ကော်မတီ မှကူညီပေးခဲ့သဖြင့် ပြေလည်သွားခဲ့သည်။
         မသန်းသန်းအေး ဆိုသူသည် သားအိမ်ကင်ဆာရောဂါဖြင့် စူရတ် ဌာနီဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ရာ ဘတ်ငွေတစ်သောင်းကျော် ကုန်ကျခဲ့သော်လည်းရောဂါ ပျောက်ကင်းမှုမရှိ ခဲ့ပါ။
 ရောဂါပျောက် နိုးဖြင့် ဆက်လက်ကုသခဲ့ရာ ဘတ်ငွေ ခုနှစ်သောင်းကျော် အကြွေးတင်လာခဲ့ သဖြင့် ဆေး ရုံမှ ဆင်းရန် ပြင် ဆင်ခဲ့သည်။ ဆေးဖိုးမပေးနိုင်ပါက ထိုင်း ရဲဖြင့် ဖမ်းဆီးမည်ဖြစ်ကြောင်း ဆေးရုံ တာဝန် ရှိသူကပြောသဖြင့် စူရတ် ဌာနီ အခြေစိုက် မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော် မတီဝင်၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့၏ ဥပဒေ အကြံပေး ဦးအောင်မျိုးသန့်  နှင့်ကိုဇော်ဦး တို့ က ဆေးရုံသို့ သွားရောက်၍ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်။


        ဦးအောင်မျိုးသန့်က “ ကျနော် ဘတ်တစ်သောင်းစိုက် ရှင်းပေး လိုက်တယ်။ ဆေးရုံကတာဝန်ရှိ တဲ့သူကို တောင်းပန်ရတာပေါ့ဗျာ။ ကလေးမ နယ်စပ်ကိုသွား လာဖို့ အတွက် မြန်မာသံရုံးက ထောက်ခံစာ တစ်စောင်တောင်းပေးလိုက်တယ်။ ကိုဇော်ဦး လိုက်ပို့လိုက်ပါတယ်။ မနေ့ကပြန်ရောက်ပါပြီ” ဟုပြောသည်။