26 February 2015

ဟိန်းမြင့်မြတ်ကုမ္ပဏီမှတင်ပို့သည့်အလုပ်သမား၃ဦးဘန်ကောက်ထောင်ထဲမှာရှိနေ”


၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၂၆၊ သတင်း_ဆန်းဦး
            ဟိန်းမြင့်မြတ် ကုမ္ပဏီနှင့် RabeangbonGarden.co.ltd တို့တင်သွင်းထားသည့်MOU အလုပ်သမား၃ဦး တို့အား ထိုင်းရဲက ၀တ်ပါမစ် မရှိဟုဆိုကာ ဖမ်းဆီးသွားပြီး ဘန်ကောက်မြို့ ငန်မွန်ဝမ် ထောင် ထဲသို့ ပို့ဆောင်ထားကြောင်း မိသားစုများကပြောသည်။

၂၉.၁.၂၀၁၅နေ့လည်ထမင်းစားနားချိန်တွင် မောင်ဇော်ခင်မောင်ကျော်သူဝင်းမောင်သန့်ဇင်အောင် ၃ဦးတိုအားထိုင်းလဝကမှအလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဟုဆိုကာဖမ်းဆီးသွားခဲ့သည်။ အခြားအလုပ် သမားများမှာ ရှောင်တိမ်း ထွက်ပြေးရင်းလွတ်မြောက်ခဲ့ကြသည်

၁၀.၁၀.၂၀၁၄တွင်စာချုပ်ခဲ့ပြီး၂၈.၁၀.၂၀၁၄ တွင် မ၈ဦး+ကျား၁၇ စုစုပေါင်း၂၅ဦးတင်ပို့ခဲ့ပြီတစ်ဦး လျှင် သုံးသိန်းခွဲမှလေးသိန်းအထိပေးခဲ့ရသည်ဟု အလုပ်သမားများကပြောသည်။ 

မဲဆောက်အရောက်တွင်ဟိန်းမြင့်မြတ် ဒါရိုက်တာ ထွန်းထွန်းဝင်းဆိုသူမှမြန်မာအမျိုးသား မှတ်ပုံတင်များ ကိုမိတ္တူကူးရန်ဆိုကာ သိမ်းဆည်းသွားပြီးပြန်လည်ပေးအပ်ခြင်းမရှိတော့ပါ။

         
အလုပ်လုပ်ကိုင်နေခဲ့ကြရစဉ်က တစ်နေ့ကို ဘတ်ငွေ ၃၀၀ ရသော်လည်း အချိန်ပို တစ်နာရီကို ၃၈ ဘတ်သာရရှိသည်။ အလုပ်သမားအားလုံးတို့မှာ လုပ်အားခ ၂၀ ရက်စီကျန်နေသေးသည်ဟုဆိုသည်။
  အေဂျင်စီများအဖွဲ့ချုပ်နှင့် အလုပ်သမားသံအရာရှိတို့ကို အကူညီတောင်းခံသော်လည်း မရရှိခဲ့သဖြင့် MAT ၂၂.၂.၂၀၁၅တွင်MATအဖွဲ့ မဟာချိုင်ရုံးသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

           ယနေ့ညနေပိုင်းတွင် မဟာချိုင်တွင် ဖွင့်လှစ်မည့် ပတ်စပို့ရုံးသို့ အေဂျင်စီပွဲစားများခြံရံလျှက် ကြွ ရောက်လာသော အလုပ်သမား ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နှင့် ဘန်ကောက် အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် တို့ထံတွင် ကာယ ကံရှင်အမျိုးသမီးတစ်ဦး က တရားဝင် MOU ဖြင့် လာရောက်ခဲ့သော သူမ၏ ခင်ပွန်းလွတ်မြောက်ရးအတွက်  ငိုကြီးချက်မဖြင့်အကူညီတောင်းခံခဲ့သည်။

             တချိန်တည်းတွင် ဌေးကုမ္ပဏီတွင် ငွေပေးသွင်းခဲ့ရပြီး စတားပိုင်အိုးနီးယား ကုမ္ပဏီဖြင့် တင်သွင်း လာခဲ့သည့် လက်ထိပ်ခပ်ခံခဲ့ရသည့် အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည့် မယမင်းဦး ကလည်း ဖြစ်ရပ်မှန်ကိုတင်ပြခဲ့ သည်။ လူကုန်ကူးမှုဖြင့် ထိုင်းအစိုးရ အမှုဖွင့်လှစ်ထားသည့် သားအမိ၂ဦးလွတ်မြောက်ရေးအတွက် ကူညီ ပေးရန် MAT မဟာချိုင်ရုံး တာဝန်ခံများက တင်ပြခဲ့သည်။

          လက်ထိပ်ခပ်ခံနေရ၊ ထောင်ထဲရောက် အဖြစ်ဆိုးများနှင့်ကြုံတွေ့နေကြရသော ကာယကံရှင်များ ကိုယ်တိုင်တင်ပြသည်ခဲ့သည်ကို အလုပ်သမားညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင် နှင့် အလုပ်သမား သံအရာရှိ ဦးသိန်းနိုင် တို့ မည်သို့ အဖြေထုတ်မည်ကို တွေ့ဆုံပွဲသို့ ရောက်ရှိလာခဲ့ကြသည့် ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT နှင့် အစည်းဝေးတက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့များက စိတ်ဝင်တစားစောင့်ကြည်နေကြ မည်ဖြစ်ကြောင်း သိရှိရသည်။

MATအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း ကအေဂျင်စီတွေနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ကို ကျနော် တိုက် ခိုက်နေတာမဟုတ်ဘူး။ MOU မူဝါဒမှားနေတာကို တင်ပြပေါင်းများပြီး၊ ၀န်ကြီးဌာရော အေဂျင်စီတွေရော ပေါင်းစားနေကြလို့ဘာမှ အရေးယူဆောင်ရွက်တာမရှိဘူးလေ။ လူမရှိတဲ့ ဒီမန်း၊ နေရာမရှိတဲ့ဒီမန်းတွေနဲ့ သွင်းထားတာ ကျနော်တို့ စာရွက်စာတမ်းအထောက်အထားတွေနဲ့ တင်ပြခဲ့ဖူးတယ်။  ဘာမှ အရေးမယူဘူး။ ခုတော့ ကာယကံရှင်တွေနဲ့ ညွန်ချုပ်ကြီးရော အလုပ်သမားသံအရာရှိကိုရော တွေ့ပေးလိုက်တယ်။ MOUနဲ့ လာပြီး နိုင်ငံရပ်ခြားမှာ ထောင်ထဲရောက်၊ လူကုန်ကူးမှုမြောက်သွားတာတွေကို သူတို့ ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့” ဟုပြောသည်။    



            မြန်မာအလုပ်သမားဝန်ကြီးဌာနနှင့် အေဂျင်စီများသည် သိန်းချီသွင်းထားသည့်MOU အလုပ် သမားများ ၏ ပကတိအခြေအနေများကို ဖုံးဖိ ဖျောက်ဖျက်လျှက် အလုပ်သမားတင်သွင်းရေးကိုသာ အဓိက ထားဆောင်ရွက်လျှက်ရှိကြသည်။ ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း သို့ ရောက်ရှိလာခဲ့ကြသည့် MOU အလုပ် သမားများအမြောက်အမြား အခက်အခဲကြုံနေကြဆဲဖြစ်သည်။