17 February 2015

“မြန်မာသံရုံးကူညီမှုဖြင့် စွတ်စွဲခံမြန်မာ၂ဦးထောင်မှလွတ်မြောက်”


၂၀၁၅ ခု ဖေဖေါ်ဝါရီ ၁၇၊ ကိုတီး

လူသတ်မှုဖြင့်စွတ်စွဲခံထား ရပြီး  ခေါင်ပိန်း အကျဉ်းထောင်ထဲ တွင် ၉လကြာနေထိုင်ခဲ့ရသည့်   မြန်မာ အလုပ်သမား၂ဦး မြန်မာ သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီကူညီမှုဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ပြီဖြစ်သည်။

   ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တစ်ဖလန်း ဆန်(ခ) စာထုပတိ ၅၇လမ်းတွင်၂၀၁၄ ခုမတ်လ၁၇ ရက် နေ့က မြန်မာအလုပ်သမား တစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ အသက်၂၈နှစ်အရွယ် ကိုထိုက်ထိုက်အောင် နှင့် အသက်၂၅နှစ် ကိုဇော်လင်း ဆိုသူတို့ အား ဖလန်းဆန် ဘန်ဖလုန်း နယ်မြေရဲစခန်း ဖမ်းဆီးခဲ့သည်။

ကိုထိုက်ထိုက်အောင် ၏ ဇနီး မလင်းလင်းထက်မြတ်မှ ခင်ပွန်းဖြစ်သူအား လူသတ်မှုဖြင့်စွတ်စွဲ ထားသည် မှာ၉လ ကြာမြင့် ခဲ့ပြီဖြစ်ကြောင်းအမှုတွဲနှင့်ပတ်သက်၍ ခင်ပွန်းဖြစ် သူမှာမသက် ဆိုင်ကြောင်း တရားရုံး တွင်ထွက်ဆိုသော်လည်းအဆင်မပြေသဖြင့်မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးထွန်းအေး ထံသို့ အကူညီတောင်း ခံခဲ့သည်။
 မြန်မာသံအမတ်ကြီး ဦးဝင်းမောင် ဦးဆောင်ဖွဲ့စည်းထား သည့် မြန်မာသံရုံး အလုပ်သမား ကူညီ စောင့်ရှောက်ရေးကော်မတီဝင်MATအဖွဲ့ဒါရိုက်တာဦးကျော်သောင်းထံသို့ဆက်လက်ဆောင် ရွက်ရန် 
အကြောင်းကြားလာခဲ့သည်။

  MAT အဖွဲ့ဝင်များသည် လူသတ်မှုဖြစ်ပွားရာအနီးပတ်ဝန်း ကျင်နှင့် အခြားလိုအပ်သော အချက် အလက်များကို လေ့လာ စုံစမ်းမှုများ အပူတပြင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ထိုင်းတောင်ပိုင်း အခြေစိုက် FED မှ ရှေ့နေဖြင့် လိုအပ်ချက်များ ကို ထပ်မံပြင်ဆင်ခဲ့ကြပါသည်။

          MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “မြန်မာသံရုံး က ဒီအစိုးရလက်ထက်မှာ အယင် ကာလတွေတုန်းကလို မဟုတ်တော့ဘူး။ လူထုတွေနဲ့ထိတွေ့မှုတွေရှိလာတယ်။ ကျနော် တို့လိုလွတ်လပ်တဲ့ လူတွေနဲ့ပူပေါင်းဆောင်ရွက်လာတယ်။ဒီအကျိုး ဆက်တွေရဲ့ အောင်မြင်မှုရလဒ်ကောင်းတွေ လို့ဆိုနိုင်ပါ တယ် ။ ဒီအလုပ်သမားတွေဟာ မြန်မာသံရုံးနဲ့ ကျနော်တို့သာ မကူညီ လိုက်ရရင် လူသတ်မှုနဲ့ ဒီအလုပ်သမားတွေဟာ မြန်မာသံရုံးနဲ့ ကျနော်တို့သာ မကူညီ လိုက်ရရင် လူသတ်မှုနဲ့ ဒီအလုပ်သမား ၂ယောက် သေဒဏ် ဒါမှ မဟုတ် ထောင်ဒဏ် ကျမယ်။ မြန်မာအစိုးရ အနေနဲ့ သန်းချီရှိနေ တဲ့ အလုပ်သမားတွေ အတွက် အကူညီအပြည့်အ၀ပေးနိုင်ဖို့ အတွက် အလုပ် သမားကူညီစောင့်ရေး အတွက် ရှေ့နေ ငှါးရမ်း ထားတာမျိုး၊အလုပ်သမားကူညီစောင့်ရှောက်မှုအတွက် ဆက်သွယ်ရေးစင်တာတို့ ရုံးတို့ ပြင်ဆင်ထားပေးနိုင်ရင် ပိုမိုကောင်းမွန်ပါမယ်” ဟုပြောသည်။