28 February 2015

"မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီကူညီမှုကြောင့်မြန်မာတစ်ဦးမဟာချိုင်အချုပ်ခန်းမှလွတ်"



၂၀၁၅  ခု  ဖေဖေါ်ဝါရီ ၂၈၊စောမြတ်ချို
            ရက်၉၀ တံဆိပ်တုံးထုရန် အလုပ်ရုံက ထိုင်းလ၀က သို့ ပို့ထားစဉ် လမ်းသွားရင်မဟာချိုင် ပုလိပ်အဖမ်းခံခဲ့ရသည့် မြန်မာအလုပ် သမားတစ်ဦး အား မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ေ ရးကော်မတီဝင် MAT အဖွဲ့က ကူညီဖြေရှင်း လိုက်ေ ကြာင်း သိရှိရသည်။
                ၂၆၊ ၂၊ ၂၀၁၅ နေ့တွင် မဟာချိုင် တာလာကုန့် တွင် သူငယ်ချင်းအား သွားကြိုနေစဉ် မဟာချိုင်
ရဲက မဟာချိုင် ဟောင်းမိုင် mmb ငါးသေတ္တာစက်ရုံအလုပ်သမား  မောင်ဝင်းနိုင် ကိုဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။ အစ်ကိုဖြစ်သူက ရဲစခန်းသို့ လိုက်ပါပြောဆိုရာ ဘတ်ငွေ ၅,၀၀၀ ပေးမှပြန်လွှတ်မည်ပြောသည်။ အစ်ကိုဖြစ်သူမှာ ငွေမရှိ၍ အကူညီလိုက်လံတောင်းခံခဲ့သည်ဟုဆိုသည်။
            ၂၇၊ ၂၊ ၂၀၁၅ နေ့တွင် မဟာချိုင် ပတ်စပို့ထုတ်ပေးရေးရုံးသို့ ရောက်ရှိလာခဲ့သော အလုပ်သမား ညွန်ကြားရေးမှူးချုပ်နှင့် အလုပ်သမားသံအရာရှိတို့အား MAT မဟာချိုင်ရုံး မှတ်တမ်းဌာနမှူး စောမြတ်ချို က တင်ပြခဲ့ရာ ပွဲစားမကြီးတစ်ဦး က သူမ ကလွန်အောင်ထုတ်ပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။ သို့ရာတွင် ၂၇ ရက်နေ့ ညနေ ၄နာရီအထိအလုပ်သမား အရာရှိကြီးများရှေ့ တွင် အကြွားပိုခဲ့သော ပွဲစားမကြီးမှာ ဖမ်းဆီး ခံနေရသော အလုပ်သမားတစ်ဦး လွတ်မြောက်ရန် မစွမ်းဆောင်နိုင်ခဲ့ချေ။

            မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် MAT အဖွဲ့ နိုင်ငံခြားရေး ဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး ၏ မေတ္တာရပ်ခံ ဆက်ဆံမှုကြောင့်  ၂၇၊ ၂၊ ၂၀၁၅ နေ့ညနေ ၅နာရီ ခန့်တွင် မဟာချိုင် အချုပ်ခန်းကို တစ်ပြားမှ မပေးရပဲ မောင်ဝင်းနိုင်  လွတ်မြောက်လာခဲ့ပါသည်။
ကိုစိုင်းအေ က" မဟာချိုင်ပတ်စပို့ထုတ်ပေးရေးရုံးလုပ်ကိုင်ခွင့်ရထားတဲ့ ပွဲစားမကြီးက လူကြီတွေရှေ့မှာ
ကြွားတယ်လေ။ သူထုတ်ပေးနိုင်တယ်တဲ့။ ကျနော်ထုတ်ပေးရင် မနေ့ကတည်းကလွတ်တာပေါ့။ ဒီကောင်မ
ဘယ်လောက်စွမ်းမလဲလို့ ပစ်ထားလိုက်တာ။ အလုပ်သမားတော့ ရဲစခန်းအချုပ်ထဲမှာ တစ်ညအိပ်ခဲ့ရတာ
တော့စိတ်မကောင်းဘူး။ တရားဝင်နေထိုင်ခွင့်ပြည့်စုံလျှက် ပုလိပ်အဖမ်းခံရရင် ကျနော့်ကို ဖုန်းဆက်ပါ။
ကျနော် လွတ်အောင် ကူညီပေးပါမယ်။ ကျနော့်ဖုန်းက 080 588 5548 ဖြစ်ပါတယ်" ဟုပြောသည်။
          
   ပတ်စပို့၏ရှုတ်ထွေးသောမူဝါဒများကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများမှာ ပတ်စပို့ကိုင်ဆောင် ထားခြင်းကြောင့် ပေါ့စေလိုလို့ ဆေးမင်ထိုးခါမှ  ဆေးကြောင့်လေး ဆိုသလိုဖြစ်နေကြောင်း MAT အဖွဲ့က ပြောသည်။