09 February 2015

“MOU ပြဿများအား MAT အဖွဲ့က ဘန်ကောက် MOEAF ပွဲစားရုံးသို့သွားရှင်း”


          
၂၀၁၅ ခု      ဖေဖေါ်ဝါရီ ၉ ရက်၊    စောခွန်နောင်
          
      MOU ပြဿ     နာအား အလုပ်သမားများနှင့်အတူဘန်ကောက် အခြေစိုက် လူပို့ပွဲစားအဖွဲ့ချုပ် MOEAF ရုံးသို့ MAT အဖွဲ့က သွားေ ရာက်ဖြေရှင်းခဲ့ရာ ပြေလည်မှုအနည်းငယ်ရရှိခဲ့သည်ဟုဆိုသည်။
          ယနေ့သွားရောက်ပို့ဆောင်သည့်ပြဿ     နာမှာ (၁) မေ၀င့်ကုမ္ပဏီမှ ပို့ထားပြီး ၃လတိုင်အောင်အလုပ်မရပဲရှိနေ   သောအလုပ်သမားများ (၂) အလုပ်သမားများအလုပ်မရသေး သည့်အပြင် မြန်မာအမျိုးသားမှတ်ပုံတင်ကို သိမ်းထားပြီးငွေတော င်းပြီးရွေးခိုင်းသည့် Libra Life ကုမ္ပဏီ (၃) အလုပ်မရှိပဲအလုပ်သ မားများသွင်းထားသည့် လေဘာအေးရှကုမ္ပဏီ (၄) လုပ်အားခ ၄၅ ရက်ရှင်းမပေး၊ ပတ်စပို့သိမ်းထား၊ ဘတ် ၁၅,၀၀၀ ဖြတ်ထား သည့် မြင့်မြတ်မိုးကုမ္ပဏီ (၅) လုပ်အားခ ၄၅ ရက်ခရှင်းမပေး၊ ပတ်စပို့သိမ်းထားသည့် ဇွဲသုခကုမ္ပဏီ (၆) အလုပ်သမားများကို လုပ်အားခ ၄၅ ရက်ရှင်းမပေး၊ ဘတ်ငွေ ၁၅,၀၀၀ ဖြတ်ယူသွားပြီး အလုပ်သမားများ အား ပန်းရံဆိုဒ်တွင်ပစ်ထားခဲ့သည့် ငွေကြိုးကြာ ကုမ္ပဏီတို့၏ ပြဿ     နာဖြစ်ကြသည်။

       ၃လပြည့်သည့်တိုင်အောင် အလုပ်သမားအချို့တို့အား အလုပ်မသွင်းပေးနိုင်သည့် မေ၀င့်ကုမ္ပဏီ နှင့် အမည်ပျက်စါရင်း သွင်းထားသည့် မဟာချိုင်မှ မြန်မာအမျိုးသမီးပွဲစားပိုင် PP Groupကိစ္စအား နေပြည်တော် သို့ တင်ပေးမည့်အကြောင်း MOEAF ယာယီတာဝန်မှူး ဗိုလ်ကြီးဟောင်း ကျော်ဇော ကတိပေးသည်။ တစ်ဦးစီ ကျပ်ငွေ၅သိန်းပေးခဲ့ရသည့်ကိစ္စ၊ ၃လတိုင်အောင်အလုပ် ရှာမပေးနိုင်သည့် အတွက်နစ်နာ ဆုံးရှုံးမှုများအား ဖြေရှင်းပေးနိုင်ရန်အတွက် အလုပ်သမားများကို သင့်တော်သည့်နေရာတွင် တည်းခို ခိုင်းထားကြောင်းသိရသည်။

        အခြား ကုမ္ပဏီ ပြဿ     နာများကို သက်ဆိုင်သည့် ကုမ္ပဏီ များသို့အကြောင်းကြား၍၂ရက်အတွင်း
 ဖြေရှင်းပေးရန် အလုပ် သမားများက သဘောတူ၍ MAT အဖွဲ့ရုံးသို့ပြန်လာခဲ့ကြသည်။ 
          ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီးနှင့် အလုပ်သမား သံအရာရှိ ဦးသိန်းနိုင် တို့သည် ၄နှစ်သက်တမ်းပြည့်သည့် အလုပ်သမားများအား ထိုင်း လ၀က မှ MOU တံဆိပ်တုထုနေသဖြင့် အလုပ်သမားများ အလုပ် သစ်ရှာမရသည့် အခက်အခဲ၊ အလုပ်ရှင်အသစ် ပြောင်း မရသည့် အခက်အခဲများ ကြုံနေရကြောင်းကို ညနေ ၆နာရီခွဲအချိန်တွင် အကျယ်တ၀င့်ဆွေးနွေးခဲ့ကြသည်။ 
      MOU တံဆိပ်တုံးထုနေခြင်းအား အလုပ်သမားသံအရာရှိက မသိဟုဆိုသည်။ ထို့အပြင်MOU အလုပ်သမား လုပ်ခြင်းသည်   ကောင်းကြောင်း အလုပ်သမားထွက်စာတောင်းလာ၊ အလုပ်ရှင် အသစ်ခေါ်စာယူလာပါက ဦးသိန်းနိုင် လက်မှတ်ထိုးပေးမည်ဖြစ်   ကြောင်းပြောဆိုသည်။
     “အလုပ်သမားကို လုပ်အားခတောင်မပေးပဲ မောင်းထုတ်တာ၊ မလိုချင်တော့တဲ့အလုပ်သမားတွေကို လုပ်ငန်းရှင်က ဘယ်လို လုပ်ပြီး စာတတန်ပေတန်လုပ်ပေးမလဲ။ အလုပ်ရှင်အသစ်က အလုပ်သမားခေါ်စာ ဘယ်သူပေးမလဲ။ တရားဝင်မှတ်ပုံတင် ထားတာမဟုတ်တဲ့ အသေးစား အိမ်တွင်းစက်မှုလုပ်ငန်းတွေ ထိုင်းတစ်နိုင်ငံလုံးမှာရှိတယ်။ အလုပ်သမားဥပဒေတွေ နဲနဲတင်း ထားတာကို မြန်မာအလုပ်သမားတွေက အလူးအလဲခံကြရတာဗျ” ဟု ကိုခိုင်ကြီးက ဆိုသည်။ 
        ရာပေါင်းများစွာသောသာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသည့် မြန်မာအလုပ်သမားများအား
 နေ့စဉ် MOU တံဆိပ်တုံး ထုနေသည့် ထိုင်းလ၀ကနှင့်MOU ကြားခံပွဲစားများ၏ လုပ်ရပ်အား 
 ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း ဦးသိန်းနိုင်က ပြန်လည်ပြောဆိုသည်။ 
     ကိုခိုင်ကြီး က“MOU စနစ်ကကောင်းတယ်ဆိုရင် ဘာကြောင့် ခုပြဿ     နာတွေတက်နေတာလဲ။ သာမန်နိုင်ငံ ကူးလက်မှတ် (ပတ် စပို့) ကိုင်ဆောင်ထားကြသူတွေကို ဘာကြောင့် MOU တံဆိပ်တုံး ထုနေတာလဲ။ အလုပ်သမားပြဿ     နာကိုဖြေရှင်းရမယ့် အလုပ် သမားသံအရာရှိက ရွှေ့ပြောင်းအလုပ်သမား ဥပဒေနဲ့ မူဝါဒကို ဃဂဏန မသိဘူးဗျ။ MOU ပြဿ     နာကို လက်ခံမဖြေရှင်းပဲ MOEAF ပွဲစားရုံးကိုလွှတ်တယ်ဗျ။ ပွဲစားနဲ့အလုပ်သမားသံအရာရှိ တို့က အကျိုးကျေးဇူးခံစားနေရသူတွေပါ။ ကျနော်တို့က သူတို့   ကြောင့် ဒုက္ခ ရောက်နေသူတွေကို ကူညီစောင့်ရှောက်ရတာ။ အဲဒါကို ကျနော်တို့ကို ပြဿ     နာရှာတဲ့လူတွေလို့မြင်တယ်ဗျ။ MOU   အေဂျင့်ပွဲစားနဲ့ အလုပ်သမားသံအရာရှိတို့ အလုပ်သမားတွေ အပေါ်မှာ တာဝန်ကျေကြသလား၊ စာချုပ်ပါစည်း ကမ်းအတိုင်း ဟုတ်ရဲ့  အလုပ်သမားတွေကိုပဲ မေးကြပါဗျာ။ ကျနော်တို့က ကြား က အမုန်းခံသက်သက်ပါ” ဟု ပြောသည်။
        ယနေ့MATအဖွဲ့သားများသည် အလုပ်သမားပေါင်း၃၀ ဦးနှင့် ကုမ္ပဏီ၆ခုတို့၏ပြဿ     နာများအား နံနက် ၉နာရီမှညနေ ၆နာရီခွဲ အထိ တစ်နေ့ကုန်ဖြေရှင်းပေးခဲ့ရကြောင်းသိရှိရသည်။ ထိုင်းနိုင်ငံ အတွင်း ကျင့်သုံးနေ သည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေ သည် ထိုင်းလုပ်ငန်းရှင်များအတွက်အခွင့်အလမ်း များပြီး အလုပ် သမားများအတွက် အကာအကွယ်အခွင့်အလမ်းနည်းပါသည်ကို   မြန်မာအလုပ် သမားဝန်ကြီးနှင့် အလုပ်သမားသံအရာရှိတို့ အထူးလေ့လာထားသင့်ကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က တိုက်တွန်းပြောဆိုသည်။  
         ယခင်းလည်းပို့ခဲပြီး ယခုလည်းပို့ဆဲ နောက်လည်းပို့နေကြ ဦးမည့် MOUအလုပ်သမားတင်ပို့ခြင်း လုပ်ငန်းစဉ်၏ အားနည်း ချက်များကို အလျှင်အမြန်ပြုပြင်ရန်လိုအပ်နေကြောင်း MAT အဖွဲ့ က စဉ်ဆက်မပြတ်တင်ပြလေ့ရှိသည်။
                    မြန်မာအစိုးရအလုပ်သမားဝန်ကြီးဌာနသည် MOU ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ရာပေါင်းများစွာသော အလုပ်သမားများ အား နေ့စဉ်တင်ပို့နေသော်လည်း MOU ဖြင့် ရောက်လာသည့် အလုပ်သမားများ၏ အခက်အခဲ များကိုကူညီဖြေရှင်းပေးခြင်းမရှိ သည့်အပြင် လိမ်လည်လှည့်ဖြားပြီး မမှန်မကန်လုပ်လုပ်နေကြ သည့် အေဂျင်စီများကိုလည်းအရေးခြင်းအထူးနည်းပါးကြောင်း MAT အဖွဲ့က ထောက်ပြသည်။