၂၀၁၅ ခု ဖေဖေါ်ဝါရီလ
၅ ရက်
ဆန်းဦး
စမွတ်စာခွန်ခရိုင်၊ မဟာချိုင် ၀တ်ယိုင်ဘန်ဘော် ၀တ်စာခွန် လမ်းမကြီးတွင်ရှိသော
ပုဇွန်မုန့်များထုတ်လုပ်သည့် Crystal အလုပ်ရုံသည်
အလုပ်သမားများအား ထိုင်းအစိုးရသတ်မှတ်ထား သည့် တစ်နေ့လုပ်အားခ ဘတ်ငွေ ၃၀၀ မပေးသည့်အပြင်
အခြား အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုများပါရှိနေသဖြင့် အလုပ်သ မား ၁၄၈ ဦးတို့က MAT အဖွဲ့သို့အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။
MATအဖွဲ့ အတွင်းရေးမှူးကိုခိုင်ကြီးက “လုပ်အားခအပြည့် ရှင်းမပေးတာတို့ အလုပ်သမားတွေကိုကာကွယ်စောင့်ရှောက်ရ
ကောင်းမှန်းမသိတာတို့ ခေါင်းပုံဖြတ်တာတို့က ထိုင်းမှာမကုန်ေ သးဘူး။ မဟာချိုင်ဆိုတာ အလုပ်သမားအရေးလုပ်ကြတဲ့ အင်ဂျီ အိုတွေရှိတဲ့နေရာပါ။ တကယ်ထိထိရောက်ရောက် ပြတ်ပြတ် သားသား အလုပ်သမားတွေဘက်က မှန်မှန်ကန်ကန်လုပ်ကြရ မယ်။ မြန်မာအလုပ်သမားတွေက ရသင့်ရထိုက်တဲ့ ဥပဒေပါ အကြောင်းအရာကိုသိနေကြပြီ။ အလုပ်ရုံတွေက မလိုက်နာကြ သေးဘူး” ဟုပြောသည်။

မဟာချိုင် ဆ၀ါဒီကန် အရာရှိကြီးက အလုပ်သမားများတင်ပြ ချက်များမှာမှန်ကန်နေသဖြင့် ပြေလည်အောင်ရှင်းပေးမည်ဖြစ်
ကြောင်း အာမခံစကား ပြန်လည်ပြောကြားသည်။
ကြောင်း အာမခံစကား ပြန်လည်ပြောကြားသည်။