27 February 2015

"ညောင်မြစ်အောက်က ပုတ်သင်ဥများ"


"မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ဌေးဆားဗစ်အေဂျင်စီတို့ရဲ့ပုတ်သင်ဥများ"

၂၆၊ ၂၊ ၂၀၁၅ နေ့က ဌေးဆားဗစ်အေဂျင်စီမှ အီးမေးတစ်စောင်ရောက်ရှိလာခဲ့ပါတယ်။ MATအဖွဲ့ဟာ အလုပ်သမားပြဿ     နာတွေ ဆက်တိုက် ဖြစ်နေတာကြောင့် ဗီဒီယို သတင်းကို မတင်ဖြစ်ခဲ့ပါ။ မနေ့က မဟာချိုင်ပတ်စပို့ ထုတ်ပေးမယ့်နေရာ ကိုကြွချီလာ ခဲ့တဲ့ အလုပ်သမားညွန် ကြားရေးမှူးချုပ် ဦးမျိုးအောင် နဲ့ အလုပ်သမား သံအရာရှိကြီး ဦးသိန်းနိုင် နဲ့ လက်ထိပ်ခပ်၊ ညှင်းပန်းခြင်းခံခဲ့ရသူတွေကို တွေ့ပေး လိုက်ပါတယ်။
 
       ဌေးဆားဗစ်အေဂျင်စီက ဦးဌေးဝင်း ဆိုသူတိုင်ကြားလို့ MAT အဖွဲ့  ထိုင်းစစ်တပ် မှာ တစ်ခါရှင်းလင်း ခဲ့ရပြီးဖြစ်ပါတယ်။ ကျနော်တို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT ဟာ ဘယ်အေဂျင်စီနဲ့ ဘယ်လူပုဂ္ဂိုလ်ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်နေတာမဟုတ်ကြောင်း အထူးသတိပြု ကြစေလိုပါတယ်။ MAT အဖွဲ့ဟာ ထိုင်းနိုင်ငံအ၀ှန်းမှ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို            အခကြေးငွေမယူပဲ တတ်စွမ်းသမျှကူညီဆောင်ရွက်နေကြသူများသာဖြစ်ပါ တယ်။ သာမန်လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အလွန်သေးငယ်တဲ့အဖွဲ့ အစည်းမျှသာဖြစ် ပါတယ်။ MOU စနစ်ရဲ့မူဝါဒတွေဟာ အဖိနှိပ်ခံ
 မြန်မာအလုပ်သမားတွေအတွက် အခွင့်အရေးအထူးနည်းပါးပြီး မြန်မာအလုပ်သမား အာဏာပိုင်တွေ နဲ့ အေဂျင်စီ ပွဲစားတွေ အကျိုးတူစီးပွားရှာနေတဲ့ ဧရာမ လူသွင်းကုန် ထုတ်ကုန်လုပ်ငန်းကြီးဖြစ် ပါတယ်။
 
      နှစ်အတန်ကြာအောင် နိုင်ငံရပ်ခြားသို့ မြန်မာအလုပ်သမားစေလွှတ်ကြရအုံးမယ့် MOU စနစ်ကို အိနြေ္ဒရတဲ့လုပ်ငန်းတစ်ခုအဖြစ် အပြစ်အနာအဆာအနည်းပါးဆုံး   ဖြစ်စေချင်တဲ့စေတနာမျှ သာဖြစ် ပါတယ်။ မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးဂုဏ်သိက္ခာကျနေလွန်းလို့ကျနော်တို့ လူမိုက်ဝင် လုပ်နေရခြင်း သာပါတယ်။ MAT ကလွှင့်တင်ထားတဲ့


Golden Workers ၀က်ဘ်ဆိုဒ်ဟာဒိုမိန်းဝယ်ယူပြီးစနစ်တကျထူထောင် ထားခြင်းဖြစ်ပါ တယ်။ ပြည် တွင်းပြည်ပ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေတွေ ကိုလူအများသိကြစေဖို့ ရည်ရွယ်ပြီးတင်ပြနေ ကြတာပါ။ နေ့စဉ်နိုင်ငံတကာမှ မြန်မာအမြောက်အမြားဝင်ရောက်ကြည့်ရှုကြ တာကိုလည်းဂရုပြုမိပါတယ်။ 
          
ကျနော်တို့ဟာ နေထိုင်ရပ်တည်ရေးအတွက် အလုပ်လုပ်ကြရင်း သတင်း ၀က်ဘ်ဆိုဒ်ကို ရေးသား ကြတာဖြစ်တာကြောင့် စာလုံးပေါင်းအမှားအယွင်းအချို့မှအပ သတင်းအချက်အလက်တွေ ခိုင်မာတိကျမှ တင်ပြပါတယ်။ တင်ပြတဲ့သတင်းတိုင်း အတွက် ခိုင်မာတဲ့အထောက်အထားတွေရှိပါတယ် ။ ဌေးဆား ဗစ်အေဂျင်စီဟာ လိပ်စာမရှိတဲ့ မဲဆောက်အာရှလမ်းမကြီးက SSG ဒီမန်းနဲ့ ၁၉၊ ၉၊ ၂၀၁၃ နေ့စွဲနဲ့ အလုပ်သမား၂,၀၀၀ဦး တင်သွင်းခဲ့ပါတယ်။ 
          
   ၁၅၊ ၈၊ ၂၀၁၄ ခုနေ့မှာV&K နာနတ်သီစက်ရုံသို့ အလုပ်သမားပေါင်း ၁၉၄ ဦး တင်သွင်းတာကို ဘန်ကောက် MOEAF ယာယီတာဝန်မှူး ဦးသန်းတင် နဲ့ MATအဖွဲ့မှ အတွင်းရေးမှူး ကိုခိုင်ကြီး တို့သွားရောက် စစ်ဆေးကြတဲ့အခါ အလုပ်ရုံ မန်နေဂျာ က အလုပ်သမားမခေါ်ကြောင်း နယ်မြေရဲစခန်းမှာ လက်မှတ်ထိုးပေး လိုက်ပါတယ်။ MATအဖွဲ့ဟာ အထောက်အထား အပြည့်အစုံနဲ့ နိုင်ငံတော်သမ္မတရုံးနဲ့ အလုပ်သမားဝန်ကြီးထံသို့ တင်ပြခဲ့ပေမယ့် ဌေးဆားဗစ် အေဂျင်စီမှာမည်သို့သော အရေးယူဆောင်ရွက်ခံခဲ့ရခြင်းမရှိခဲ့ပါ။
      


 မြန်မာအစိုးရက ဌေးဆားဗစ်အေဂျင်စီကို လုပ်ချင်းတိုင်းလုပ်ခွင့်ပြုထားပေမယ့် ထိုင်းနိုင်ငံရောက်မြန်မာနိုင် ငံသားတွေဖွဲ့စည်းထားတဲ့ MATအဖွဲ့ကတော့၊ ပွဲစားအေဂျင်စီတွေ ကို ထိုင်းနိုင်ငံမှာ လုပ်ချင်တိုင်းလုပ်ခွင့် (လုံးဝ) ခွင့်မပြု ပါ။ MATအဖွဲ့ဟာ အချက်အလက်အမှန်တွေကို ဆုတ်ကိုင်ထားတာကြောင့် လူကြီးမင်း တို့ရဲ့ ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်ပါ။ ကျနော်တို့လုပ်ရပ်မှားပြီး လူကြီးမင်းတို့ လုပ်ရပ်မှန်ကန်တယ်လို့ ယုံကြည်ရင်တရားစွဲပါ။ ပူးတွဲတင်ပြထားတဲ့ မူရင်းစာရွက် စာတမ်းနဲ့ ဌေးဆားဗစ်အေဂျင်စီကြောင့် ဘ၀ ပျက်နေကြတဲ့ ရာထောင်ချီတဲ့ MOU အလုပ်သမားတွေကို ရုံးတော်ကိုခေါ်လာပြီး သက်သေထွက်ဆိုခိုင်း ပါမယ်ခင်ဗျား။       

                                        ဦးကျော်သောင်း
                                            ဒါရိုက်တာ
                      ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT 
                                     ဖုန်း ၀၈၄ ၆၇၀ ၅၇၂၇