19 February 2015

“ဌေးကုမ္ပဏီနှင့်စတားပိုင်အိုးနီးကုမ္ပဏီတို့မှ တင်ပို့ထားသည့်အလုပ်သမ၃ဦးအားလက်ထိပ်ခပ်ဖမ်းဆီးချုပ်နှောင်ခံရ”


          မမျှတသည့် အချိန်ပိုလုပ်အားခ ဖြင့် အတင်းအကျပ်ခိုင်းစေခြင်းကို ကန့်ကွက်မိသည့် အလုပ်သမ
၃ဦးတို့အား လုပ်ငန်းရှင်က နယ်မြေခံရဲအား ဖမ်းဆီးရန်ခိုင်းစေခဲ့သည့် ဖြစ်ရပ်အား မြန်မာအလုပ်သမားကူ ညီစောင့်ရှောက်ရေးကော်မတီက ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ဖေဖေါ်ဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့က အလုပ်သမား ၃၄ဦးတို့အား ပုံမှန်ခိုင်းနေသည့် နံနက် ၈နာရီမှ ညနေ ၅နာရီအထိ ခိုင်းစေပြီးနောက် အချိန်ပိုခိုင်းစေရာတွင် ထိုင်းအစိုးရသတ်မှတ်ထားသည့်
အချိန်ပိုကြေး တစ်နာရီလျှင် ၅၆ ဘတ်နုန်းမဟုတ်ပဲ တစ်ကီလို ငါးခုတ်ခ ၁ဘတ်နုန်းသာပေးမည်ဆို
သဖြင့် အလုပ်သမားအားလုံးတို့က ကန့်ကွက်ခဲ့ကြပါသည်။ အတင်းအကျပ်ခိုင်းစေသဖြင့် ၄၅ မိနစ် လုပ်
ပေးခဲ့ကြရပါသည်။

            ၁၆ ရက်နေ့နံနက်တွင် အလုပ်သမားများက အချိန်ပို ခိုင်းစေပါက အစိုးရသတ်မှတ်ဈေးအတိုင်း
ပေးမှ အလုပ်ဆင်းမည်။ မပေးပါက အလုပ်မဆင်းတော့ဟု ဆိုကာ နေအိမ်ခန်းတွင်နေခဲ့ကြပါသည်။ ထိုအခါ လုပ်ငန်းရှင် အမျိုးသမီးရောက်ရှိလာပြီး ဦးဆောင်ဦးရွက်ပြုသူ ၉ဦးရွေးထုတ်ပါသည်။ ထိုအထဲမှဒေါ်သန်းဌေး ၊ ပိုးအိထွန်းနှင့်မေလွင်ဦးတို့၃ဦးအား နံနက်၁၀နာရီခန့်တွင် လက်ထိပ်ခပ်ပြီးရဲစခန်းအချုပ်ထဲ သို့ပို့ခဲ့ပါသည်။ အချုပ်ခန်းထဲတွင် မိနစ်၂၀ခန့်နေပြီးမှအလုပ်သမားများအား အလုပ်ရုံသို့ ပြန်ပို့ပြီး ညနေ၄ နာရီခွဲခန့် တွင်လူနေဆောင် သို့ ပြန်ပို့ပါသည်။ အလုပ်ဆင်းခိုင်းမှ ပြန်လည်ဖြုတ်ပေးပြီးအလုပ်ရုံသို့ ပြန်ပို့ခဲ့ပါသည်။

           ၁၇ ရက်နေ့တွင်  အလုပ်မဆင်းပါက ပုလိပ်ကို လာဖမ်းခိုင်းအုံးမည်ဟုခြိမ်းခြောက်သဖြင့် ကြောက်
လန့်၍ အလုပ်သမားများအလုပ်လုပ်ကြရသည်ဟုဆိုပါသည်။ အလုပ်သမားတင်သွင်းထားသည့် ကုမ္ပဏီများ မှလည်း လာရောက်မဖြေရှင်းပေး၊ အလုပ်သမားများမှာလည်း စိုးရိမ်နေကြခြင်းများကြောင့်မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန်ရှိသူများအားတင်ပြပြီးထိုင်းနိုင်ငံရောက်
 မြန်မာနိုင်ငံသားများအဖွဲ့ MATက ၁၈ ရက်နေ့ညက အခင်းဖြစ်ပွားနေသည့် ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖွန်ကြီး သို့သွားရောက်ခဲ့ကြသည်။

DSI အရာရှိကြီး၏ ကြိုတင်ဆက်သွယ်ပေးမှုကြောင့်ကျဟာငန်း(အလုပ်သမားပြဿနာဖြေရှင်းပေးရေးရုံး) တွင် ၁၈ ရက်နေ့ နံနက် ၈နာခွဲမှညဥ့် ၁၁နာရီခွဲ အထိ ဖြေရှင်းခဲ့ကြရပါသည်။ ဖြေရှင်းရာသို့ ဌေးဆားဗစ် ကုမ္ပဏီ ဒါရိုက်တာ ဦးသောင်းနိုင် နှင့် စတားပိုင်အိုးနီးယားကုမ္ပဏီမှ ဒါရိုက်တာ ဦးညီညီနှင့် တာဝန်ခံ ဦးဝသုန် ဆိုသူတို့ ရောက်ရှိခဲ့ကြပါသည်။
    
အလုပ်သမား ၇ဦး ဆက်လက်အလုပ်မလုပ်လိုတော့သည်ကို လုပ်ငန်းရှင်ဖြင့် ညှိနှိုင်းအဆင်ပြေခဲ့ပါသည်။ အလုပ်သမား၇ဦးတွင်(ဌေးဆားဗစ်ကုမ္ပဏီမှ ၅ဦးနှင့်စတားပိုင် အိုးနီးယားကုမ္ပဏီမှ၂ဦးဖြစ်ပါသည်။ အလုပ်သမားအားလုံးကို ကယ်ဆယ်ရေးစခန်းထဲသို့ခေါ်ဆောင်သွားမည်ဟု ၁၃၀၀ ကယ်ဆယ်ရေး အဖွဲ့က ပြောဆိုသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန် ရှိသူ၂ဦးက ကျဟန်ငန်း အကြီးအကဲထံသို့ ဖုန်းဆက်၍ ညှိနှိုင်းခဲ့ပါသည်။  သို့ရာတွင် ပိုးအိထွန်း ဆိုသည့် အမျိုးသမီး ငယ်မှာ အသက် ၁၈ နှစ်ပြည့်ရန် တစ်လလိုသေးသည်ဟု ဆိုကာ ၁၃၀၀ အဖွဲ့က ကယ်ဆယ်ရေးစခန်းသို့ ခေါ် သွားခဲ့ပါသည်။ သူမအား အဖေါ်အဖြစ် မိခင်ဖြစ်သူ ဒေါ်သန်းဌေးက လိုက်ပါသွားခဲ့ပါသည်။ 


စတားပိုင်အိုးနီးယားနှင့် ဌေးဆားဗစ် ကုမ္ပဏီတို့က ၉၊ ၁၊ ၂၀၁၅ ခုနေ့တွင်အလုပ် သမား ၉၈ယောက်တို့ အား ထိုင်းနိုင်ငံအတွင်းသို့ သွင်းယူခဲ့ပါသည်။ အမည်မသိနာနတ်သီးအလုပ်ရုံတွင် အလုပ်သမား အချို့ကို ချထားခဲ့ပြီးအမျိုးသမီး၃၄ဦးတို့အား ခြုံဖွန်မြို့ငါးလုပ်ငန်းအလုပ်ရုံတစ်ခုသို့ပို့ဆောင်ပေးခဲ့ပါသည်။အလုပ်သမ အားလုံးတို့သည် အနည်းဆုံးကျပ်ငွေသုံးသိန်းခွဲမှ ခြောက်သိန်းအထိပေးချေခဲ့ရသည်ဟုပြောကြပါသည်။

          မူလစာချုပ်ချုပ်ဆိုကြစဉ်အခါက ငါးသေတ္တာထည့်ရန်နှင့်ပါကင်ထုတ်ပိုးရန်ဟု ပါရှိသော်လည်း တကယ့်လက် တွေ့တွင် ငါးချီးထုတ်၊အကြေးခွာ၊ ခေါင်းဖြတ်အလုပ်ကိုလုပ်ရပါသည်။ တစ်နေ့လုပ်အားခ ဘတ်ငွေ ၃၀၀လည်းရရှိ သဖြင့် အလုပ်သမားများ မငြီးမညူလုပ်ကိုင်နေကြရကြောင်း အလုပ်သမားများ
ကပြောပါသည်။

          အလုပ်ဆင်းချိန်၊ နေ့လည်အလုပ်နားချိန်နှင့် ညနေအလုပ်သိမ်းချိန်တို့တွင် နာရီဝက်စီ အချိန်ခိုး
ကြောင်းလည်း ကျန်နေခဲ့သည့် အလုပ်သမားများကပြောသည်။

          MOU အလုပ်သမားတင်သွင်းရာတွင် မြန်မာနိုင်ငံတွင် ယခင်က ကျပ်ငွေ တစ်သိန်းသာသတ်မှတ် ခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ်ငွေ တစ်သိန်းခွဲအထိကောက်ခံခွင့်ပြုသည်။ ထိုင်းဘက်အခြမ်းတွင် ဘတ်ငွေ တစ်သောင်းသာဖြတ်တောက်ခွင့်ပြုထားသည်။ အစိုးရသတ်မှတ်ထားသည့်စည်းကမ်းချက်များ
အတိုင်းမဟုတ်ပဲ ယခုကဲ့သို့ ကျပ်ငွေသုံးသိန်းခွဲမှ ခြောက်သိန်းအထိ ဖြတ်ထောက်မှုများသာမက ဘတ်ငွေ   နှစ်သောင်းခွဲအထိ ဖြတ်တောက်ခဲ့မှုများ အပြင် အလုပ်အကိုင်မရှိပဲ တင်သွင်းနေသောအကျင့်ပျက် ကုမ္ပဏီများစွာတို့ကို MAT အဖွဲ့က VDO ဓါတ်ပုံများအပြင် အလုပ်သမားခေါ်စာအတုတို့ ကိုပါ မြန်မာအလုပ် သမား ၀န်ကြီးနှင့် နိုင်ငံတော်သမ္မတရုံးတို့သို့ ကြိမ်ဖန်များစွာ တင်ပြခဲ့ပါသည်။

           သို့ရာတွင်အလုပ်သမားများသာ ဒုက္ခရောက်နေကြရပြီး မတရားလုပ်နေသည့် အေဂျင်စီများမှာ
ကြီးပွားချမ်သာလျှက်ရှိကြသည်။ MOU အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းတွင် ပြည်ပအလုပ်အကိုင်ရှာဖွေ
ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် အလုပ်သမားဝန်ကြီးဌာနတို့အကြား ကြီးမားသောလာဘ်စားမှုများရှိနေခြင်း   ကြောင့် မမှန်မကန်လုပ်ကိုင်မှုများပေါ်ပေါက်နေသော်လည်း အလုပ်သမားဆက်လက်တင်သွင်းခွင့်ရှိနေ   ကြောင်း မှန်မှန်ကန်ကန်လုပ်ကိုင်နေကြသည့် အေဂျင်စီအချို့က ထောက်ပြကြသည်။

           အလုပ်သမားများအား တရားဝင် လူကုန်ကူးသကဲ့သို့ ဖြစ်နေသော MOU လုပ်ထုံးလုပ်နည်းများ
အရ MAT အဖွဲ့သည် အရေးပေါ် ဒုက္ခများကိုသာ ကယ်တင်ခြင်းသာပြုလုပ်နိုင်သည်။ အလုပ်သမားအရာ
ရှိများနှင့် ပူးပေါင်း၍ မတရားလုပ်နေကြသော အကျင့်ပျက်မှုများအား ဖေါ်ထုတ်တင်ပြသော်လည်းအကြောင်း မထူး၊ MOU မူဝါဒမှာလည်း ပြုပြင်ခြင်းမရှိခြင်းတို့ကြောင့် MAT အဖွဲ့သည် တော်ရုံ MOU အလုပ်သမားပြဿနာ များကို လက်ရှောင်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယခု ကူညီမှုခရီးစဉ်အတွက် စတားပိုင်အိုးနီးယားမှ ဦးညီညီနှင့် ဦးဝသုန်တို့က MAT အဖွဲ့မှငှါးရမ်းလာသည့် ကားသမားအား ဘတ်ငွေ ၆,၀၀၀ ကူညီပေးသွားကြောင်းသိရှိရသည်။ ကယ်ဆယ်ရေးစခန်း ထဲသို့
ခေါ်ဆောင်သွားခဲ့သည့် အမျိုးသမီးငယ် အလျှင်အမြန် လွတ်မြောက်ရေးအတွက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီက ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။