17 February 2015

“ဘာကြောင့်”

                                                     
         ထိုင်းနိုင်ငံအတွင်းမှာ ၄နှစ်သက်တမ်းပြည့်သွားတဲ့အလုပ်သမားတွေကို သက်တမ်းတိုးတဲ့အခါ  MOU တံဆိပ်တုံးထုလိုက်လို့ အလုပ်သမားတွေ အလုပ်ပြောင်းရွှေ့လုပ်ကိုင်လို့မရတော့တာကြောင့် အခက် အခဲကြုံ နေကြတာကို ထိုင်းနဲ့မြန်မာအစိုးရတို့ ယောင်ဝါးဝါးလုပ်နေကြတယ်။

           မဟာချိုင်က အလုပ်သမားကလေးတွေကို ကျောင်းပြနေတဲ့ ကိုစောမောင် ဦးဆောင်တဲ့ အလုပ်သမား အရေးလှုပ်ရှားသူအချို့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က အလုပ်သမားသံအရာရှိ ရုံးကိုသွား ခဲ့ကြတာ ထိုင်းရဲက သွားခွင့်မပြုလို့ ဘန်ကောက်မြန်မာသံရုံးနားမှာ ဆန္ဒပြခဲ့ကြတယ်။ စာတွေလည်းပေး ပို့ခဲ့ကြတယ်။ အဲဒီအခြေ အနေတွေကို အွန်လိုင်းမှာ ထင်မြင်ယူဆချက်တစ်ချို့ပြောနေတာတွေကို သိရတယ်။

         ထိုင်းနိုင်ငံခြားရေးမူဝါဒ(ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာနည်းဥပဒေ) အရ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် ၄နှစ်ပြည့်တဲ့သူဟာ မိမိတိုင်းပြည်ကို ၁နှစ်ပြန်နေပြီးမှ နောက်ထပ်၂နှစ်ထပ် နေထိုင် အလုပ်လုပ် ကိုင်ခွင့်ထပ်ပြုမယ်ဆိုတာ အလုပ်သမားအရေးလုပ်ကြသူတွေနဲ့ နိုင်ငံခြားရေးဌာနက နည်းနည်းသိထားကြပြီး ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုကျင့်သုံးရ သလဲဆိုရင် ၆နှစ်ဆက်တိုက်နေထိုင်ခွင့်ပြု လိုက်တာနဲ့ အဲဒီ ရွှေပြောင်း အလုပ်သမားဟာ ဒီနိုင်ငံမှာ နိုင်ငံသားလျှောက်ခွင့်ရှိ လို့ဖြစ်တယ်။ ဒါကြောင့် သန်းချီရှိတဲ့နိုင်ငံခြားသား အလုပ် သမားတွေ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားလာရင် စောက်ကျိုးနည်း ရချေရဲ့ ဆိုတဲ့အမြင်နဲ့ ပြောကြတယ်။  ဒီအမြင်ကို ထိုင်းနိုင်ငံဘက် အမျိုးသားလုံခြုံရေးအရကြည့်တာ မှန်ကန်တယ်လို့ ကျနော်ထောက်ခံပါတယ်။
..

      ဧရာဝတီသတင်းမှာ သံအမတ်ကြီးက“MOU ကြောင့် လောလောဆယ်မှာ ဒုက္ခရောက်နေသူတွေ မရှိပါဘူး၊ အလုပ်သမားတွေက စိုးရိမ်မှုတွေ ဖြစ်နေကြ တာပါ”ဟု ပြောဆိုသည်။ ဘန်ကောက်ရှိ မြန်မာအလုပ်သမား သံအ ရာရှိ ဦးသိန်းနိုင် ကလည်း ယခုကဲ့သို့ MOU တံဆိပ် ထုပေးခြင်းသည် မြန်မာအလုပ်သမားများ ပိုမိုအဆင်ပြေစေ ရန် အတွက်သာ ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
.
ဦးသိန်းနိုင်က“ဗီဇာသက်တမ်း ၄ နှစ်ကုန်သွားတဲ့သူတွေဟာ နောက်ထပ် သက်တမ်းတိုးမယ်ဆိုရင် မြန်မာနိုင်ငံ ကို ပြန်ရမယ်၊ အဲဒီမှာ ၃ နှစ်နေပြီးမှ ထိုင်းကို ပြန်လာလို့ရမယ်ဆိုတာ သတ်မှတ်ထားပါတယ်၊ အခုလို MOU တုံး ထုပေးလိုက်တော့ မြန်မာနိုင်ငံကို ပြန်စရာမလိုတော့ဘူးပေါ့၊ သူတို့အတွက် အဆင်ပြေအောင် လုပ်ပေးတာပါ” ဟု ပြောပြသည်။

MOU တံဆိပ်တုံးထုပေးလိုက်ခြင်းကြောင့် အလုပ်တခုမှတခုသို့ ပြောင်းရွှေ့ မရသည်မှာ မှန်ကန်သော် လည်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် ထိုင်းနိုင်ငံ၏ ဥပဒေအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုကို နှစ်သက်မှုမရှိပါက မိမိနိုင်ငံ ပြန်ရန်သာရှိကြောင်းလည်း ဦးသိန်းနိုင် က ပြောဆိုသည်။
..
၎င်းက “တကယ်လို့ အလုပ်ပြောင်းရွှေ့မယ်ဆိုရင် အလုပ်ရှင်က ဒေ၀ါလီခံ သွားတာလား၊ နှိပ်စက်တာလား ဆို တာကို အထောက်အထားနဲ့လာတိုင်ရင် ကျနော်တို့က ဆောင်ရွက်ပေးမှာပါ၊ ILO စည်းကမ်းအတိုင်း ဆောင် ရွက်ပေးမှာပါ” ဟု ဆိုသည်။ http://burma.irrawaddy.org/news/2015/02/16/71222.html လို့ရေးထားတယ်။

             MOU တံဆိပ်တုံးထုလိုက်တာဟာ ထိုင်းအမျိုးသားလုံခြုံရေးကိစ္စဖြစ်သလို ထိုင်းဥပဒေအရ မြန်မာတွေပြန်ရမယ့်ဥပဒေကို မြန်မာအစိုးရညှိနှိုင်းမှုအရ ပိုကောင်းတယ်လို့ သံအရာထမ်း၂ဦးကပြော တယ်။
..
            MOU နည်းဥပဒေမှာ အလုပ်ပြောင်းရွှေ့ဖို့ခက်ခဲတယ်။ ပုံမှန်အားဖြင့် အလုပ်ပြောင်းရွှေ့လို့မရ ဘူး။ ထိုင်းနိုင်ငံမှာ အလုပ်သမားအရေးလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းတွေဟာ ထိုင်းအလုပ်သမား ဥပဒေ တစ်ခုကို ရွှေ့နိုင် ခဲ့တာရှိပါတယ်။ အဲဒါက အလုပ်ရှင်ဟောင်းက ကျေနပ်နုတ်ထွက်ခွင့်ပြုတဲ့စာရွက် ရမှ အလုပ် အသစ်ပြောင်းရွှေ့လို့ရမယ်ဆိုတဲ့ ဥပဒေဖြစ်ပါတယ်။ ခု အလုပ်ရှင်ထွက် စာမလိုပဲ အလုပ်
ပြောင်းလို့ ရခဲ့ပြီဖြစ် ပါတယ်။ အကျယ်ရှင်းမပြတော့ပါဘူး။

...     ထိုင်းနိုင်ငံအတွက်လည်းအမျိုးသားလုံခြုံရေးအရစိတ်အေးရအောင်၊ မြန်မာအလုပ်သမားတွေလည်း တိုင်ပြည်ကိုပြန်စရာမလိုအောင် MOU တုံးထုမယ်ဆိုရင်…. အလုပ်သမားတွေ လွတ်လွတ်လပ်လပ် အလုပ် ပြောင်းရွှေ့ခွင့်ပြုရမယ်ဆိုတဲ့ စဉ်းစားချက်ကလေးကို ထည့်ခဲ့ရင် ဘယ်လောက် ကောင်းမလဲ။ အားလုံး အတွက် အကျိုးမရှိဘူးလား။

              ထိုင်းနိုင်ငံသားအဖြစ်တောင်းဆိုစရာလည်းမလိုဘူး။ မြန်မာပြည်လည်းပြန်စရာမလိုဘူး။ အဆင်မပြေ ရင်လည်း အလုပ်ပြောင်းလို့ရတယ်။ ဒီလောက်ကောင်းတာကို ထိုင်းနဲ့မြန်မာတာဝန် ရှိသူတွေက ထည့်မစဉ်းစား ခဲ့ကြတာလား၊
..
ဆင်ခြင်တုံတရားနည်းကြတာလား၊ မသိချင်ယောင်ဆောင်ခဲ့တာလားတော့ ကာယကံရှင်တွေ သာသိပါလိမ့်မယ်။

    သမ္မတကြီး ဦးသိန်းစိန် မတိုင်မီကာလက မြန်မာရွှေပြောင်း အလုပ်သမားတွေ ဟာ ထိုင်းနိုင်ငံအတွင်း မှာ  မိဘမရှိတဲ့သားသမီးတွေလို နှစ်၂၀လောက် အလုပ်လုပ်ပြီးနေ ထိုင်နေခဲ့ကြရတာပါ။ စီးပွားဖွံ့ဖြိုးမှုမှာ အာရှ ကျားတစ်ကောင် ဖြစ်လာတဲ့ ထိုင်းနိုင်ငံမှာ ကမ္ဘောဒီးယား၊ လာအိုနဲ့မြန်မာနိုင်ငံသားတွေ ၅သန်း
ကျော်လောက် ရှိနေတာပါ။ ဒါကြောင့် ထိုင်းအလုပ်သမားဥပဒေမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို နည်းအမျိုးမျိုးနဲ့ထိန်းချုပ်ထားပြီးသားပါ။ အနှိပ်ကွပ်ခံလူတန်းစားပါ။
...
            မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူတိုင်းနီးပါး ထိုင်းကိုထွက်လာပြီး အလုပ်လုပ်နေကြသလို တဘက် ကထိုင်းနိုင်ငံ အလုပ်ခွင်တိုင်းမှာ နိုင်ငံခြားသား အလုပ်သမားတွေရဲ့လုပ်အားကိုမှီခိုနေကြရတာပါ။ သူလည်း အလုပ်သမားလိုအပ်၊ ကိုယ်လည်းအလုပ်လိုအပ်ဖြစ်နေကြတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ပြဌာန်းကျင့်သုံးတဲ့ နည်းဥပဒေတို့ဟာ တစ်ဘက်ကိုစောင်းလို့ ဘယ်နည်းနဲ့မှ သဘာဝမကျပါ။ မမျှတမှန်း သိလျှက်နဲ့ ခံနေသမျှ ဖိနှိပ်ခွင့်ရသူကဖိနှိပ်နေမှာ ဓမ္မတာပါ။

                ရွှေ့ပြောင်းအလုပ်သမားတွေမရှိရင်မဖြစ်ဖြစ်နေတဲ့ထိုင်းနိုင်ငံဟာ အိမ်ရှင် အလုပ်ရှင်ပီသစွာနဲ့ မိမိ အလုပ်သမားတွေကို ထောက်ထားညှာတာသင့်တာကိုညှာ တာကြရမှာဖြစ်ပါတယ်။ အလုပ်သမား တွေဘက်ကလည်း မိမိထမင်းရှင် သူဌေး အပေါ်မှာ တာဝန်သိဖို့လိုအပ်မှာဖြစ်ပါတယ်။ လက်မှာတောင် အတို အရှည်ရှိတာ၊ အလုပ်ရှင်နဲ့ အလုပ်သမားတို့မှာလည်း အဆိုးအကောင်းဆိုတာရှိကြမှာ သဘာဝပါ။ ဒါပေမယ့် လူတွေလိုက်နာ ကျင့်သုံးကြရမယ့် ဥပဒေကို အတည်ပြုကြမယ့်အခါမှာတော့ သူ့အတွက်ရော ကိုယ့်အတွက်ပါ ကောင်းမွန်မျှတ မှုရှိ ဖို့လိုအပ်ပါတယ်။ မျှတတဲ့ဥပဒေမှ တာရှည်ခံမှာပါ။
..
             တဘက်စောင်းနင်းလိုဖြစ်နေတဲ့ဥပဒေကို သူတပါးနိုင်ငံမှာ မကလို့ ငရဲပြည်မှားနေရင်လည်း ပြောခွင့် ဆိုခွင့် ပြုပြင်ခွင့် လုပ်ကြရမှာဖြစ်ပါတယ်။ အမှားကိုအမှားမှန်းမသိပဲ လက်ခံခိုင်းစေတဲ့ ကျောက်ခေတ်ဆန်တဲ့ အတွေးအခေါ်တွေ၊  မိမိအလုပ်နဲ့ ပတ်သက်ပြီး အနုလုံပဋိလုံ လေ့လာထားခြင်းမရှိပဲ ညွန်ကြားစာပါအတိုင်း လုပ်ကြရတဲ့ အမူအကျင့်တွေ ရှိနေသမျှ ကာလပတ်လုံး တိုင်းပြည်လည်းအောက်ကျ လူတွေလည်းအောက်ကျ နေအုံးမှာဖြစ်ပါတယ်။
...
 နိုင်ငံတော်သမ္မတကြီးက တတိုင်းပြည်လုံးအတွက် တာဝန်ရှိသူဖြစ်ပေမယ့် အရက်သမား  သာဗျောရိုက် လို့ ဇနီး မခင်တုတ် လက်ဆစ်နာသွားတာ သူသိစရာ မလိုပါ။ ထိုင်းနိုင်ငံအတွင်း လေးသန်းထက်မနည်းရှိသော အလုပ်သမားတိုင်း အတွက် မြန်မာသံရုံးက ထမ်းရွက်စရာလည်းမလိုအပ်ပါ။  သုံးသန်းကျော် အလုပ်သမား
တွေအတွက် ကျနော် တစ်ယောက်တည်းဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ ပျက်လုံးကို ပြောမယ့်အစား၊ အလုပ်သမား အဆင့်အနေနဲ့ လုပ်ရ ကိုင်ရခက်ခဲစေတဲ့ နည်းဥပဒေတွေကို သံရေးတမန်ရေးအရ ချဉ်းကပ်ပြီးတော့ ဖြေလျှော့ဆောင်ရွက်ဖို့ပါ။ ။

  မောင်ပေါ်ထွန်း ဘန်ကောက် သာဖြစ်ပါတယ်။