16 February 2015

ကျေးဇူး နဲနဲ တင်ချင်သည်


.
မြန်မာအစိုးရက ယခင်က ထုတ်ပြန်ထားသော အချက် ၂၇ ချက်အား ကျောက်ခဲကိုဆီကြိတ်လိုက်ပါသဖြင့်  မဖြစ်နိုင်မှန်း အမြင်မှန်ရ (သဘောပေါက်) သွားဟန်တူပါသည်။
ထို့ကြောင့်ရွှေလုပ်သားများကကျေးဇူးတင်ပါသည်။

             ယခု အစိမ်းရောင် ပတ်စပို့စာအုပ်အား ၂နှစ်ဗီဇာ ၂နှစ် ၀တ်ပါမစ် ပါရှိပြီး လာမည့် မတ်လဆန်းတွင်ပန်းရောင်ဘတ်ကဒ် ရှိ သည့် မြန်မာအလုပ်သမား ၆သိန်းကျော်တို့ အား မြန်မာအစိုးရ က ထုတ်ပေးတော့မည်ဖြစ်ကြောင်းသိရသည်။

           ၂နှစ်စာ ၀တ်ပါမစ်အပါအ၀င် ဘတ်ငွေ ၅,၀၀၀ ၀န်းကျင် ခန့်ဖြင့် ထုတ်လုပ်ပေးနိုင်ကြောင်း ခန့်မှန်းနေကြ သည်။ ဈေးနုန်း အတိအကျကိုမူ စတင်ထုတ်ပေးသည့် အခါမှ အတည်ပြုနိုင်မည်ြ ဖစ်ပါသည်။



         မြ၀တီ၊ မယ်ဆိုင်၊ ကော့သောင်းနှင့် ဘန်ကောက် မဟာချိုင် တို့တွင် စာအုပ်ထုတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
 မြန်မာအလုပ်သမားများသက် သာအောင်လုံခြုံအောင် မြန်မာ အစိုးရ တာဝန်ရှိသူများက စဉ်းစား အကောင်အထည်ဖေါ်နိုင် ပါစေဟု ကျနော်တို့က ဆုတောင်းပါသည်။
..
ရွှေလုပ်သား သတင်းအဖွဲ့